Connect with us

Asia

ဝန်ကြီးချုပ်သစ် ပေထွန်ထန်နှင့် အစိုးရအဖွဲ့ ထိုင်းဘုရင်ရှေ့မှောက်၌ ကျမ်းသစ္စာကျိန်ဆို

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဒူးဆစ်နန်းတော်၌ ဘုရင်မဟာဝဇီရာလောင်ကွန်း၏ ရှေ့မှောက်တွင် ထိုင်းဝန်ကြီးချုပ် ပေထွန်ထန် ရှင်နာဝပ်ထရာနှင့် အစိုးရဝန်ကြီးများ ကျမ်းသစ္စာကျိန်ဆိုနေပုံကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Bureau of the Royal Household/Handout via Xinhua)

ဘန်ကောက်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)
ယခုသီတင်းပတ်အစောပိုင်းက အစိုးရဝန်ကြီးနေရာအသစ်များအား ဘုရင်က အတည်ပြုခန့်အပ်ခဲ့ပြီးနောက် ဝန်ကြီးချုပ် ပေထွန်ထန် ရှင်နာဝပ်ထရာနှင့် ညွန့်ပေါင်းအစိုးရအဖွဲ့မှ ဝန်ကြီးများသည် စက်တင်ဘာ ၆ ရက်က ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်း၏ ရှေ့မှောက်၌ ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
ပေထွန်ထန်နှင့် ဖြူထိုင်းပါတီဦးဆောင်သည့် ညွန့်ပေါင်းအစိုးရ၏ အဖွဲ့ဝင် ၃၅ ဦးတို့သည် မြို့တော်ဘန်ကောက်ရှိ ဒူးဆစ်နန်းတော်၌ အစဉ်အလာအတိုင်း ကျင်းပခဲ့သည့် အခမ်းအနားတစ်ခုအတွင်း ဘုရင်၏ရှေ့မှောက်၌ ကတိသစ္စာပြုခဲ့သည်။

ညွန့်ပေါင်းအစိုးရ၏ အဓိကပါတီသုံးခုဖြစ်သည့် ဖြူထိုင်း၊ Bhumjaithai နှင့် United Thai Nation ပါတီတို့မှ ဒုတိယဝန်ကြီးချုပ် ၆ ဦးနှင့်အတူ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများလည်း အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ပေထွန်ထန်သည် အစိုးရမူဝါဒ ကြေညာချက်အတွက် ပြင်ဆင်ရန် စက်တင်ဘာ ၇ ရက်တွင် အစိုးရအဖွဲ့ အထူးအစည်းအဝေးတစ်ရပ် ကျင်းပရန် စီစဉ်ထားကာ ဝန်ကြီးချုပ်ရာထူးကို တရားဝင်မရယူမီ လာမည့်သီတင်းပတ်အတွင်း ပါလီမန်သို့ ထိုမူဝါဒကြေညာချက်ကို တင်သွင်းမည်ဟု မျှော်လင့်ရသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ သမီးဖြစ်ကာ ဖြူထိုင်းပါတီခေါင်းဆောင်လည်းဖြစ်သည့် အသက် ၃၈ နှစ်အရွယ် ပေထွန်ထန်သည် ဩဂုတ်လအတွင်း ပါလီမန်၏ မဲခွဲအတည်ပြုချက်ကို ရရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံးနှင့် ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရကြောင်း သိရသည်။ (Xinhua)


…………………………………..
(English Version)
Thai king swears in new PM Paetongtarn, cabinet
BANGKOK, Sept. 6 (Xinhua) — Thailand’s King Maha Vajiralongkorn swore in Prime Minister Paetongtarn Shinawatra and cabinet ministers in a coalition government on Friday, following the royal endorsement of the new portfolios earlier this week.
Paetongtarn and 35 cabinet members under the Pheu Thai Party-led coalition took the oath of allegiance before the king in a traditional ceremony held at the Dusit Palace in capital Bangkok.
Six deputy prime ministers from three core parties in the coalition, namely Pheu Thai, Bhumjaithai and the United Thai Nation, attended the ceremony, along with cabinet ministers and their deputies.
Paetongtarn is scheduled to hold a special cabinet meeting on Saturday to prepare the government policy statement, which is expected to be presented to the parliament next week before she officially assumes office.
Paetongtarn, 38-year-old Pheu Thai Party leader and the daughter of former Prime Minister Thaksin Shinawatra, was elected the Southeast Asian country’s youngest and second female premier after winning a parliamentary vote in August. Enditem
English Caption
Thai Prime Minister Paetongtarn Shinawatra and cabinet ministers take an oath in front of King Maha Vajiralongkorn at the Dusit Palace in Bangkok, Thailand, Sept. 6, 2024. (Bureau of the Royal Household/Handout via Xinhua)