Connect with us

Africa & Middle East

ဂျီနင်မြို့တွင် ၁၀ ရက်ကြာ စစ်ဆင်ရေးလုပ်ဆောင်ခဲ့ပြီးနောက် အစ္စရေးတပ်ဖွဲ့ဝင်များ ပြန်လည်ထွက်ခွာ

အနောက်ဘက်ကမ်းဒေသ မြောက်ပိုင်းရှိ ဂျီနင်မြို့တွင် အစ္စရေးစစ်တပ်၏ စစ်ဆင်ရေးတစ်ခုအတွင်း ပျက်စီးသွားသည့် လမ်းတစ်ခု၌ လူများသွားလာနေပုံကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရာမာလာ၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)
အစ္စရေးစစ်တပ်က ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသရှိ ဂျီနင်မြို့တွင် ၁၀ ရက်ကြာ စစ်ဆင်ရေးလုပ်ဆောင်မှုအတွင်း လူ ၂၁ ဦး သေဆုံးခဲ့ပြီးနောက် စက်တင်ဘာ ၆ ရက်တွင် တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းခဲ့ကြောင်း ပါလက်စတိုင်းနှင့် အစ္စရေး သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ စစ်ဆင်ရေးအတွင်း အစ္စရေးစစ်တပ်ကြောင့် အခြေခံအဆောက်အအုံများနှင့် လူနေအဆောက်အအုံများ အကြီးအကျယ်ပျက်စီးခဲ့ကာ ဂျီနင်မြို့၏ နေရာအများအပြားတွင် လျှပ်စစ်ဓာတ်အား၊ ဆက်သွယ်ရေးနှင့် အင်တာနက်လိုင်း ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ပါလက်စတိုင်း လုံခြုံရေးသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ်၏ စစ်ဆင်ရေးကြောင့် ဂျီနင်မြို့ရှိ လမ်းများ၊ လူနေရပ်ကွက်များအပါအဝင် အကွာအဝေး ၂၅ ကီလိုမီတာကျော်နှင့် ယာယီစခန်းတစ်ခု လုံးလုံးလျားလျား ပျက်စီးခဲ့ကြောင်း အပျက်အစီးများအား ကနဦး တွက်ချက်မှုအရ သိရသည်။
ထိုစဉ် အစ္စရေးစစ်တပ်က ထိုစစ်ဆင်ရေးအတွင်း အကြမ်းဖက်သမားများကို သုတ်သင်ရှင်းလင်းခဲ့ကာ သံသယရှိသူ ၄၀ ကျော်အား ဖမ်းဆီးခဲ့ကြောင်း၊ လက်နက် ၂၄ လက်အား သိမ်းဆည်းခဲ့ပြီး ဖောက်ခွဲရေးကိရိယာ ဒါဇင်ပေါင်းများစွာကိုလည်း ဖျက်ဆီးခဲ့ကြောင်း အစ္စရေးရုပ်သံ Kan က ဖော်ပြခဲ့သည်။
သို့သော် စစ်ဆင်ရေးမပြီးဆုံးသေးကြောင်းနှင့် ဂျီနင်မြို့နှင့် အခြားနေရာများသို့ မကြာမီ ပြန်ရောက်လာမည်ဖြစ်ကြောင်း အစ္စရေး လုံခြုံရေးသတင်းရင်းမြစ်များက ၎င်းရုပ်သံအား ပြောကြားခဲ့ကြောင်း သိရသည်။
ဩဂုတ် ၂၈ ရက်တွင် အစ္စရေးက စစ်ဆင်ရေးစတင်ခဲ့ပြီးနောက်ပိုင်း အနောက်ဘက်ကမ်းဒေသ၌ ပါလက်စတိုင်း ၃၉ ဦး သေဆုံးကာ ၁၅၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ရာမာလာမြို့အခြေစိုက် ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)


……………………
(English Version)
Israeli army withdraws from Jenin after 10-day operation
RAMALLAH, Sept. 6 (Xinhua) — The Israeli army withdrew from the West Bank city of Jenin on Friday after a 10-day operation that left 21 people dead, according to Palestinian and Israeli sources.
During the operation, Israeli forces caused significant damage to infrastructure and residential buildings, leading to power, communication, and internet outages in large areas of the city, Palestinian security sources said.
The Palestinian Civil Defense announced that more than 25 km of streets and neighborhoods in Jenin city and its camp were completely destroyed by the army’s operation, according to initial damage assessments.
Meanwhile, Israeli public broadcaster Kan reported that the army had eliminated “terrorists” during the operation, arresting over 40 suspects, seizing 24 weapons, and destroying dozens of explosive devices.
However, Israeli security sources told the broadcaster that the operation is not over, and “we will soon return to Jenin and other places.”
On Thursday, the Ramallah-based Palestinian Ministry of Health said that 39 Palestinians had been killed and about 150 others injured in the West Bank since the start of the Israeli military operation on August 28. Enditem
People are seen on a street destroyed in an Israeli military operation in the northern West Bank city of Jenin, on Sept. 6, 2024. (Photo by Nidal Eshtayeh/Xinhua)