Connect with us

Africa & Middle East

ကြောက်မက်ဖွယ် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အစ္စရေးနှင့် ဂျော်ဒန်တို့က နယ်စပ်ကိုပိတ်ထား

အစ္စရေးသိမ်းပိုက်ထားသော အနောက်ဘက်ကမ်းဒေသနှင့် ‌ဂျော်ဒန်နိုင်ငံကြား အဓိကနယ်စပ်ဖြတ်ကျော်နေရာဖြစ်သည့် Allenby တံတားအနီး ရဲကားများနှင့် ဆေးရုံကားတစ်စီးကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်/အမ်မမ်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
အစ္စရေးနိုင်ငံနှင့် ဂျော်ဒန်နိုင်ငံကြား နယ်စပ်ဖြတ်ကျော်နေရာသုံးခုအနက် တစ်ခုတွင် စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက လူသုံးဦး သေဆုံးခဲ့ပြီးနောက် ယင်းနယ်စပ်ဖြတ်ကျော်နေရာသုံးခုလုံးကို ပိတ်လိုက်ကြောင်း အစ္စရေးက ကြေညာခဲ့သည်။
ဂျော်ဒန်နှင့် အစ္စရေးသိမ်းပိုက်ထားသော အနောက်ဘက်ကမ်းဒေသကြားရှိ နယ်စပ်ဂိတ်တစ်ခုဖြစ်သော Allenby တံတားတွင် စက်တင်ဘာ ၈ ရက် နံနက်အစောပိုင်းက ဂျော်ဒန်ဘက်ခြမ်းမှ ထရပ်ကားတစ်စီးပေါ်က ယာဉ်မောင်းတစ်ဦး ချဉ်းကပ်လာပြီး အစ္စရေးနိုင်ငံသားများကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ အခင်းဖြစ်နေရာ၌ပင် သုံးဦး သေဆုံးသွားခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပြောခဲ့သည်။
အစ္စရေးနိုင်ငံ Magen David Adom ကယ်ဆယ်ရေးအဖွဲ့က သေဆုံးသူ သုံးဦးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များဖြစ်သည်ဟု ကနဦးထုတ်ပြန်ထားသော်လည်း နောက်ပိုင်းတွင် ထိုသုံးဦးမှာ နယ်စပ်ဂိတ်၌ အလုပ်လုပ်ကိုင်နေသည့် အရပ်သားများဖြစ်ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။
ထို့နောက် တိုက်ခိုက်သူများအား အစ္စရေးတပ်ဖွဲ့ဝင်များက အသေပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း IDF က ထုတ်ပြန်ထားသည်။ ကနဦးစုံစမ်းမှုရလဒ်များအရ သေနတ်သမားမှာ ဂျော်ဒန်နိုင်ငံသားဖြစ်ကြောင်း အစ္စရေးနိုင်ငံပိုင် Kan TV က သတင်းဖော်ပြခဲ့သည်။ (Xinhua)


……………………………………..
(English Version)
Israel, Jordan close border crossings after deadly shooting attack
JERUSALEM/AMMAN, Sept. 8 (Xinhua) — Israel announced Sunday that it has closed all three of its border crossings with Jordan after three people were reportedly killed in the morning at one of the crossings.
Earlier on Sunday, the Israel Defense Forces (IDF) said a driver approached the Allenby Bridge, a border point between Jordan and the occupied West Bank, from the Jordanian side in a truck, exited his vehicle, and opened fire on Israelis at the crossing, leaving three dead at the scene.
Israel’s Magen David Adom rescue service initially identified the three as security guards, while a later statement by the Israeli military said they were civilians employed at the crossing.
The attacker was shot dead by Israeli forces, according to the IDF. Israel’s state-owned Kan TV reported that early indications suggest the gunman was a Jordanian national.
Photo 1: Police cars and an ambulance are pictured near the Allenby Bridge, a key crossing point between the Israeli-occupied West Bank and Jordan, after a shooting attack on Sept. 8, 2024. (Photo by Jamal Awad/Xinhua)