Environment, Disasters & Accidents
မြန်မာနိုင်ငံ မွန်ပြည်နယ်တွင် ဒီရေတော ကြိုးပြင်ကာကွယ်တောအသစ် သတ်မှတ်
ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် မွန်ပြည်နယ်ရှိ “ကဏန်းကျွန်းဒီရေတောကြိုးပြင်ကာကွယ်တော” ကို ဒီရေတော ကြိုးပြင်ကာကွယ်တောအသစ်အဖြစ် သတ်မှတ်လိုက်ကြောင်း ဇန်နဝါရီ ၉ ရက်ထုတ် ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။
မွန်ပြည်နယ်၊ သထုံခရိုင်ရှိ ဧရိယာအကျယ်အဝန်း ၉,၂၈၄ ဧကရှိသော နယ်မြေကို ကဏန်းကျွန်းဒီရေတော ကြိုးပြင်ကာကွယ်တောအဖြစ်၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂ ရက်မှစ၍ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရခြင်းမှာ ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်နှင့် စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာစေရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝစေရန်၊ လှိုင်းဒဏ်/လေမုန်တိုင်းဒဏ်ခံစားရမှုများကို လျှော့ချရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။
ထို့ပြင် ယင်းသို့သတ်မှတ်လိုက်ခြင်းဖြင့် ဒေသခံပြည်သူများအတွက် သား၊ ငါး၊ ကဏန်း၊ ပုစွန် စသော ရေသယံဇာတများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရေးအတွက်လည်း ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
ကဏန်းကျွန်းဒီရေတော ကြိုးပြင်ကာကွယ်တော သတ်မှတ်လိုက်ခြင်းကြောင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ခြင်း၊ ကမ်းရိုးတန်းပတ်ဝန်းကျင်ကို တည်ငြိမ်မှုရှိစေခြင်း၊ ရာသီဥတုပြောင်းလဲမှုကို လျော့ပါးသက်သာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ကြောင်း သတင်းအရ သိရသည်။ (Xinhua)
…………………………
(English Version)
Myanmar designates new protected mangrove forest in southern state
YANGON, Jan. 9 (Xinhua) — Myanmar’s Ministry of Natural Resources and Environmental Conservation has designated a new protected mangrove forest area in the southern state of Mon, the state-run daily The Mirror reported on Thursday.
The ministry designated 9,284 acres of land in the region’s Thaton township as a protected mangrove forest, effective from Jan. 2, 2025, the report said.
The move aimed to ensure the long-term sustainability of mangrove ecosystems, improve management practices, protect biodiversity, and mitigate the impacts of natural disasters such as tidal waves and cyclones, the report added.
The designation seeks to sustain the production of fishery resources such as fish, crabs, and prawns for local communities, it said.
It will also help enhance the ecosystem for aquatic species, support the socioeconomic development of local communities, stabilize the coastal environment, and mitigate climate change impacts, the report added.