Connect with us

International Organizations

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ဘာစီလိုနာက ဆီဗီလာကို ဂိုးပြတ်အနိုင်ရရှိခဲ့သဖြင့် ရီးရဲလ်မက်ဒရစ်နှင့် အမှတ်ကွာဟမှု ကျဉ်းမြောင်းလာ
ဖေဖော်ဝါရီ ၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် ဘာစီလိုနာက ဆီဗီလာအား အဝေးကွင်း၌ ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရီးရဲလ်မက်ဒရစ်နှင့် အက်သလက်တီကို မက်ဒရစ်တို့ တစ်ဖက်တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်မှုကို အခွင့်အရေးယူနိုင်ခဲ့ကာ အမှတ်ပေးဇယား ထိပ်ဆုံးမှ ရီးရဲလ်နှင့် နှစ်မှတ်အကွာ၊ အဆင့်-၂ အက်သလက်တီကိုနှင့် တစ်မှတ်အကွာ အနေအထားသို့ ရောက်ရှိလာခဲ့သည်။
ဘာစီလိုနာအတွက် သွင်းဂိုးများကို ရောဘတ် လီဝန်ဒေါစကီး၊ ဖာမင် လိုပက်ဇ်၊ ရာဖင်ညာနှင့် အဲရစ် ဂါစီယာတို့က အသီးသီးသွင်းယူခဲ့ပြီး ဘာစီလိုနာအနေဖြင့် ဖာမင် လိုပက်ဇ် အထုတ်ခံရပြီးနောက် ပွဲကစားချိန် မိနစ် ၃၀ ခန့်ကြာ ၁၀ ဦးတည်းဖြင့် ယှဉ်ပြိုင်ခဲ့ရသော်လည်း ပွဲ၏ဟန်ချက်ကို အခက်အခဲမရှိ ထိန်းချုပ်ထားနိုင်ခဲ့သည်။
…..
— အက်ဖ်အေဖလားပြိုင်ပွဲတွင် ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်က လီဗာပူးလ်ကို အနိုင်ယူ
ဖေဖော်ဝါရီ ၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်တွင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးလ်က ချန်ပီယံရှစ်တွင် ရုန်းကန်နေရသည့် ပလိုင်းမောက်အား ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသဖြင့် ယခုနှစ် အက်ဖ်အေဖလားပြိုင်ပွဲ၏ အံ့အားသင့်ဖွယ်အကောင်းဆုံး ရလဒ်ဖြစ်ခဲ့သည်။
လီဗာပူးလ်နည်းပြ အာနယ်ဆလော့က ဖေဖော်ဝါရီ ၆ ရက် ကာရာဘောင်းပွဲစဉ်တွင် တော့တင်ဟမ်အား ၄ ဂိုးပြတ် အနိုင်ယူကာ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သည့် အသင်းလူစာရင်းအား အပြောင်းအလဲအများအပြား ပြုလုပ်ခဲ့သလို မိုဟာမက် ဆာလာကိုလည်း အနားပေးခဲ့သည့်အတွက် အသင်း၏စွမ်းရည်ပိုင်းကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။
ပွဲချိန် ဒုတိယပိုင်း ၁၀ မိနစ်အကြာတွင် လီဗာပူးလ်ကွင်းလယ်လူ ဟာဗီ အဲလိယော့ ထောင့်ကန်ဘောအား ရှင်းထုတ်စဉ် လက်ထိခဲ့သဖြင့် ရရှိခဲ့သော ပင်နယ်တီကို ရိုင်ယန် ဟာဒီက တည်တည်ငြိမ်ငြိမ် ကန်သွင်းကာ ပလိုင်းမောက်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့သည်။
…..
— နယ်သာလန် ထိပ်တန်းလိဂ်ပြိုင်ပွဲ (Eredivisie) တွင် အေဂျက်စ်က ပီအက်စ်ဗီကို ကျော်တက်၍ ထိပ်ဆုံးနေရာကို ပြန်လည်ရယူ
ဖေဖော်ဝါရီ ၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် နယ်သာလန် ထိပ်တန်းလိဂ်ပြိုင်ပွဲ (Dutch Eredivisie) တွင် အေဂျက်စ်က ဖော်ကျူနာ ဆစ်တက်ဒ်အား ၂-၀ ဂိုးဖြင့် အနိုင်ရရှိကာ ထိပ်ဆုံးနေရာကို ပြန်လည်ရယူနိုင်ခဲ့သည်။ အေဂျက်စ်အနေဖြင့် လွန်ခဲ့သောရက်က Willem II နှင့် ၁ ဂိုးစီ သရေကျခဲ့သည့် ပီအက်စ်ဗီအား ကျော်တက်ကာ အဆင့်-၁ နေရာသို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ အေဂျက်စ်နှင့် ပီအက်စ်ဗီတို့မှာ ရမှတ် ၅၁ မှတ်စီ ရရှိထားသော်လည်း အေဂျက်စ်က တစ်ပွဲလျော့အနေအထားဖြစ်သည်။
ပွဲချိန် ၆၈ မိနစ်တွင် စတီဗင် ဘဲဟက်စ် ပင်နယ်တီကန်သွင်းရာမှ အံထွက်လာသည်ကို ဗက်ဟော့စ်က ထပ်ဆင့်ပိတ်သွင်း၍ အဖွင့်ဂိုး သွင်းယူခဲ့သလို နာကျင်အချိန်ပိုတွင် ခရစ်ရှန် ရက်စ်မွတ်ဆန်က ပွဲသိမ်းအနိုင်ဂိုး သွင်းယူခဲ့သည်။
…..
— အာရှဆောင်းရာသီ အားကစားပြိုင်ပွဲ၏ ကျား၊မ နှစ်ယောက်တွဲ ဝေဟင်စွမ်းရည်ပြ အလွတ်တန်း စကိတ်စီးပြိုင်ပွဲတွင် တရုတ်အသင်း ရွှေတံဆိပ်ဆွတ်ခူး
ဖေဖော်ဝါရီ ၁၀ ရက်က ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၅ ခုနှစ် အာရှဆောင်းရာသီ အားကစားပြိုင်ပွဲ ကျား၊မ နှစ်ယောက်တွဲ ဝေဟင်စွမ်းရည်ပြ အလွတ်တန်းစကိတ်စီးပြိုင်ပွဲတွင် တရုတ်အသင်းက စိုးမိုးထားခဲ့ပြီး ရမှတ် ၃၀၅.၆၄ မှတ်ဖြင့် ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည်။ ကာဇက်စတန်အသင်းက ၂၃၅.၃၉ မှတ်ဖြင့် ငွေတံဆိပ်ဆုကိုလည်းကောင်း၊ ဂျပန်အသင်းက ၁၉၁.၂၈ မှတ်ဖြင့် ကြေးတံဆိပ်ဆုကိုလည်းကောင်း အသီးသီး ရရှိသွားခဲ့သည်။
တရုတ်အသင်းမှာ အိုလံပစ်ချန်ပီယံများဖြစ်သည့် Xu Mengtao ၊ Qi Guangpu နှင့် ဖေဖော်ဝါရီ ၉ ရက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိထားသော Li Xinpeng အပါအဝင် နာမည်ကျော် ကစားသမားများဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။ (Xinhua)


…………………..
(English Version)
Barca wins in Sevilla to close gap on Real
FC Barcelona took advantage of the 1-1 draw between Real and Atletico Madrid on Saturday night to cut Real Madrid’s lead at the top of the table to two points and move a point behind Atletico after a 4-1 win away to Sevilla on Sunday.
Robert Lewandowski, Fermin Lopez, Raphinha and Eric Garcia all scored, and although Barca also had to play for half an hour with 10 men after Lopez was sent off, Los Cules was able to control the rhythm of the game with relative ease.
…..
Plymouth stuns Liverpool in FA Cup
Championship struggler Plymouth produced the biggest shock of the FA Cup this season, knocking Premier League leader Liverpool out of the tournament with a 1-0 win.
Liverpool coach Arne Slot made a host of changes from the team that had beaten Tottenham 4-0 on Thursday to book a place in the Carabao Cup final, and also rested Mohamed Salah, leading to a disjointed performance.
The game’s only goal came 10 minutes into the second half when Liverpool midfielder Harvey Elliot handled a corner and Ryan Hardie kept his nerve to score the resultant penalty.
…..
Ajax leapfrogs PSV to return to Eredivisie summit
Ajax has reclaimed the top spot in the Dutch Eredivisie after a 2-0 victory over Fortuna Sittard on Sunday. The result allowed them to overtake PSV, who had drawn 1-1 against Willem II in Eindhoven the previous day. Both teams now have 51 points, but Ajax holds the advantage, having played one match fewer.
Wout Weghorst broke the deadlock in the 68th minute, converting a rebound after Steven Berghuis missed a penalty. Christian Rasmussen sealed the win with a goal deep into injury time.
…..
China claims freestyle skiing mixed team aerials gold at Asian Winter Games
China dominated the freestyle skiing mixed team aerials at the 2025 Asian Winter Games on Monday, securing gold with 305.64 points. Kazakhstan claimed silver with 235.39, while Japan took bronze with 191.28.
China fielded a star-studded lineup, including Olympic champions Xu Mengtao and Qi Guangpu alongside Li Xinpeng, who had clinched the men’s individual gold on Sunday.