International Organizations
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— ပရီးမီးယားလိဂ်တွင် အာဆင်နယ် နိုင်ပွဲရရှိခဲ့သဖြင့် လီဗာပူးလ်နှင့် အမှတ်ကွာဟမှု လျှော့ချနိုင်ခဲ့၊ မန်စီးတီး တိုက်စစ်မှူးသစ် မာမွတ်ရှ် ခြေစွမ်းပြကာ ဟက်ထရစ်သွင်းယူ
ဖေဖော်ဝါရီ ၁၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အာဆင်နယ်နှင့် လက်စတာစီးတီးအသင်း၏ ပရီးမီးယားလိဂ် ပွဲစဉ်တွင် အာဆင်နယ်က မီကယ် မယ်ရီနို၏ နောက်ကျအနိုင်ဂိုး နှစ်ဂိုးနှင့်အတူ အဝေးကွင်း၌ ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်းနှင့် အမှတ်ကွာဟမှုကို လျှော့ချနိုင်ခဲ့သည်။ လီဗာပူးလ်အနေဖြင့် ဖေဖော်ဝါရီ ၁၆ ရက်တွင် ဝူဗာဟမ်တန်အား အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။
တန်းဆင်းဇုန် အန္တရာယ်ရှိနေသည့် လက်စတာအဖို့ အဖိုးတန်သရေတစ်မှတ် ရယူနိုင်ရန် နီးစပ်ခဲ့ပုံရသလို တစ်ဖက်တွင်လည်း ကိုင်ဟားဗက်ဇ်၊ ဘူကာယို ဆာကာ၊ ဂါဘရီရယ် ဂျေးဆူးနှင့် ဂါဘရီရယ် မာတင်နယ်လီတို့ ဒဏ်ရာကြောင့် မပါဝင်နိုင်သော အာဆင်နယ်၏ တိုက်စစ်ပိုင်းပြဿနာကို မီးမောင်းထိုးပြလျက်ရှိပြီး ပွဲချိန် ၈၁ မိနစ် ရောက်မှသာ မယ်ရီနို၏ ခေါင်းတိုက်သွင်းဂိုးဖြင့် အာဆင်နယ်က ဦးဆောင်ဂိုးရရှိခဲ့သည်။ ထို့နောက် ပွဲချိန်နှောင်းပိုင်းတွင် မယ်ရီနိုကပင် အဝေးတိုင်ဆီသို့ ကန်သွင်း၍ ဒုတိယအနိုင်ဂိုး ထပ်မံသွင်းယူခဲ့သည်။
မန်ချက်စတာစီးတီးကလည်း ပွဲချိန် ၃၃ မိနစ်အတွင်း သွင်းယူခဲ့သော အိုမာ မာမွတ်ရှ်၏ ဟက်ထရစ်သွင်းဂိုးဖြင့် နယူးကာဆယ်အား အိမ်ကွင်း၌ ပြတ်ပြတ်သားသား အသာစီးယူနိုင်ခဲ့သည်။
ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်၌ ခေါ်ယူခဲ့သည့် မာမွတ်ရှ်က ပွဲကစားချိန် ၁၉ မိနစ်အကြာတွင် ၎င်း၏ ပထမဆုံးသွင်းဂိုးအား ရယူနိုင်ခဲ့သလို ငါးမိနစ်အကြာတွင် အီလ်ကေး ဂွန်ဒိုဂန်၏ ဖန်တီးပေးမှုမှတစ်ဆင့် ဒုတိယဂိုး ထပ်မံသွင်းယူခဲ့သည်။
အီဂျစ်တိုက်စစ်မှူးအနေဖြင့် တတိယမြောက်သွင်းဂိုးအတွက် အချိန်ကြာကြာ မစောင့်လိုက်ရဘဲ ပွဲချိန် ၃၃ မိနစ်တွင် ဆယ်ဗင်ညို၏ ပေးပို့မှုမှတစ်ဆင့် ၁၂ မီတာအကွာမှ ကန်သွင်း၍ ဟက်ထရစ်ဂိုး သွင်းယူနိုင်ခဲ့သလို လူငယ်ကစားသမား ဂျိမ်းစ် မက်ကတီက ပွဲကစားချိန် ၈၄ မိနစ်တွင် ပွဲသိမ်းအနိုင်ဂိုး သွင်းယူခဲ့သည်။
…..
— လာလီဂါတွင် ရီးရဲလ်နှင့် အက်သလက်တီကို ခြေချော်ခဲ့သဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ရန် ဘာစီလိုနာအတွက် အခွင့်အရေးရှိနေ
ဖေဖော်ဝါရီ ၁၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်ရော အက်သလက်တီကို မက်ဒရစ်ပါ သရေရလဒ် ထွက်ပေါ်ခဲ့ရာ ဘာစီလိုနာအနေဖြင့် ဖေဖော်ဝါရီ ၁၇ ရက်တွင် ရာယို ဗယ်လက်ကာနိုနှင့် ပွဲစဉ်၌ အနိုင်ရရှိပါက အမှတ်ပေးဇယားအား ဦးဆောင်ခွင့်ရရှိနိုင်မည်ဖြစ်သည်။
ရီးရဲလ်မက်ဒရစ်က အိုဆာဆူနာနှင့် အဝေးကွင်းပွဲစဉ်တွင် ၁ ဂိုးစီ သရေကျခဲ့သဖြင့် ရမှတ်နှစ်မှတ် ဆုံးရှုံးခဲ့ရကာ အဆိုပါပွဲစဉ်တွင် ဂျုဒ်ဘယ်လင်ဟမ်က ကွင်းလယ်ဒိုင်ဖြစ်သူ ဟိုဆေး လူးဝစ္စ မူနီရာ မာတီနက်ဇ်အား မချေမငံ ပြောဆိုခဲ့သည့်အတွက် ထုတ်ပယ်ခံရပြီးနောက် ကာလို အန်ဆယ်လော့တီ၏ အသင်းမှာ ပွဲချိန် မိနစ် ၅၀ ကျော်တိုင်တိုင် တစ်ယောက်လျော့ဖြင့် ယှဉ်ပြိုင်ကစားခဲ့ရသည်။
ဒီယေဂို ဆီမြွန်နီ၏ အက်သလက်တီကိုကလည်း ပွဲချိန် ၇ မိနစ်အကြာ၌ပင် အန္တရာယ်ရှိသော ဘောလုံးဖျက်ထုတ်မှုကြောင့် ပတ်ဘလို ဘာရီယို့စ် ထုတ်ပယ်ခံခဲ့ရသည့်အတွက် အဆိုးရွားဆုံးဖြစ်ဖွယ်ရှိသော အခြေအနေနှင့် ပွဲကိုစတင်ခဲ့ရသည်။
အက်သလက်တီကိုအနေဖြင့် ပထမပိုင်းတွင် ဂိုးပေါက်တည့်ကန်သွင်းမှု တစ်ကြိမ်မျှ ပြုလုပ်နိုင်ခဲ့ခြင်း မရှိသလို အီယာဂို အက်စ်ပက်စ်၏ ပင်နယ်တီသွင်းဂိုးကိုပါ ခွင့်ပြုခဲ့ရသော်လည်း ပွဲပြီးဆုံးရန် ၉ မိနစ်အလိုတွင် အလက်ဇန်းဒါး ဆော်လော့သ်က ဆယ်လ်တာဗီဂို ခံစစ်အား ၎င်း၏ တိုးအား၊ရုန်းအားတို့ဖြင့် တစ်ကိုယ်တော်ထိုးဖောက်ကာ အကောင်းဆုံးကန်သွင်း၍ ချေပဂိုးသွင်းယူနိုင်ခဲ့သည်။
…..
— ဘိုင်ယန်မြူးနစ်၏ ဂျာမန်ကွင်းလယ်လူ မူစီယာလာ အသင်းနှင့် ကာလရှည်စာချုပ်ချုပ်ဆို
ဂျာမန် ထိပ်သီးအသင်းဖြစ်သော ဘိုင်ယန်မြူးနစ်အသင်း၏ အသက် ၂၁ နှစ်အရွယ် ကွင်းလယ်တိုက်စစ်ကစားသမား ဂျမားလ် မူစီယာလာမှာ ၂၀၂၉-၂၀၃၀ ရာသီကုန်အထိ အသင်း၌ ဆက်ရှိနေမည့် ကာလရှည် စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ကြောင်း ဘိုင်ယန်မြူးနစ်က ဖေဖော်ဝါရီ ၁၅ ရက်၌ အတည်ပြုခဲ့သည်။
စတုဂတ်မြို့တွင် မွေးဖွားခဲ့သည့် မူစီယာလာအနေဖြင့် ၎င်း၏ကစားသမားဘဝကို ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်း၌ စတင်ခဲ့ကာ ချဲလ်ဆီးလူငယ်အသင်း၌ ၈ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ် ယူ-၁၇ အသင်းထံ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
၎င်းအနေဖြင့် ၂၀၂၀ ခုနှစ် မေလတွင် စီနီယာအသင်းကြီး၌ စတင်ပွဲထွက်ခွင့်ရရှိခဲ့ကာ အသက် ၁၇ နှစ်နှင့် ၃၆၃ ရက်အရွယ်တွင် ချန်ပီယံလိဂ်၌ ဂိုးသွင်းယူနိုင်သော ဘိုင်ယန်အသင်း၏ အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့သည်။ ထို့နောက် မူစီယာလာမှာ ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ ၁၉၃ ပွဲ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး ၅၈ ဂိုး၊ ဂိုးဖန်တီးမှု ၃၁ ကြိမ် ပြုလုပ်နိုင်ခဲ့သည်။
…..
— AFC ယူ-၂၀ အာရှဖလားပြိုင်ပွဲတွင် တရုတ်အသင်းနှင့် ဩစတြေးလျအသင်း ကွာတားဖိုင်နယ်တက်ရောက်
ဖေဖော်ဝါရီ ၁၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် AFC ယူ-၂၀ အာရှဖလား ဘောလုံးပြိုင်ပွဲ အုပ်စု-A ပွဲစဉ်အဖြစ် တရုတ်အသင်းနှင့် ကာဂျစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင်တရုတ်အသင်းက လူစားဝင်ကစားသမား Zhu Pengyu ၏ သွင်းဂိုးနှစ်ဂိုး အပါအဝင် ၅-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
အစောပိုင်းတွင် ယှဉ်ပြိုင်ခဲ့သည့် အခြားပွဲစဉ် တစ်ပွဲတွင်မူ ဩစတြေးလျအသင်းက ကာတာအား ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ သို့ဖြစ်ရာ အုပ်စုအဖွင့်ပွဲစဉ် နှစ်ပွဲတွင် အနိုင်ရရှိထားသော တရုတ်အသင်းနှင့် ဩစတြေးလျအသင်းတို့မှာ ကွာတားဖိုင်နယ် တက်ရောက်နိုင်ရန် သေချာသွားခဲ့ပြီဖြစ်သည်။ (Xinhua)
…………………………………….

English Version)
Arsenal close gap on Liverpool as Marmoush shows why Man City signed him
Mikel Merino scored two late goals as Arsenal won 2-0 away to Leicester City on Saturday to close the gap at the top of the Premier League to two points ahead of Liverpool’s game at home to Wolverhampton tomorrow.
It looked as if relegation threatened Leicester could cling on for a valuable point, while also highlighting Arsenal’s injury crisis in attack, without Kai Havertz, Bukayo Saka, Gabriel Jesus and Gabriel Martinelli, before Merino timed his leap perfectly to nod Arsenal ahead in the 81st minute. Merino popped up again at the far post to assure the points in the last minute of the game.
Omar Marmoush completed a 33-minute hat-trick to put his side firmly in command at home to Newcastle United.
The January signing opened his account after latching onto a long clearance after 19 minutes, while his second arrived just five minutes later after an assist from Ilkay Gundogan.
The Egyptian didn’t have to wait long for his third, smashing home from 12 meters after Salvinho pulled the ball back for him to score and youngster James McAtee finished the rout in the 84th minute.
…..
Real and Atletico Madrid both slip up in LaLiga on Saturday to open door for Barca
FC Barcelona has the chance to go to the top of LaLiga if it beat Rayo Vallecano on Monday after Real Madrid and Atletico Madrid were both held to draws on Saturday.
Real Madrid dropped two points as it was held to a 1-1 draw away to Osasuna in a game Carlo Ancelotti’s side had to play for over 50 minutes with 10 men after Jude Bellingham was sent off for swearing at referee Jose Luis Munuera Martinez.
Diego Simeone’s side got off to the worst possible start when Pablo Barrios was sent off for a dangerous challenge after only seven minutes.
Atletico didn’t have a shot on target in the first half and fell behind when Iago Aspas scored from the penalty spot after a foul on Borja Iglesias, but Alexander Sorloth saved a point for Atletico when he bullied his way past the Celta Vigo defense to score an excellent individual goal nine minutes from time.
…..
German midfielder Musiala pens long-term deal at FC Bayern Munich
Bayern Munich’s 21-year-old attacking midfielder Jamal Musiala has signed a contract extension that will keep him at the German giant until the end of the 2029-2030 season, the club confirmed on Saturday.
Born in Stuttgart, Musiala began his footballing journey at Chelsea FC, where he spent eight years in the Premier League club’s youth setup before joining Bayern’s U17 squad.
He made his senior debut in May 2020, becoming Bayern’s youngest-ever Champions League goal scorer at just 17 years and 363 days old. Since then, Musiala has made 193 appearances across all competitions, scoring 58 goals and providing 31 assists.
…..
China, Australia reach quarterfinal of AFC U20 Asian Cup
Substitute Zhu Pengyu scored twice as host China defeated Kyrgyzstan 5-2 in AFC U20 Asian Cup Group A action on Saturday, securing a spot in the last eight.
In an earlier match, Australia defeated Qatar 3-1. With both Australia and China winning their first two matches in the group, they have already secured their places in the final eight.