Connect with us

International Organizations

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ဗယ်လက်ကာနိုအား အငြင်းပွားဖွယ် အနိုင်ရရှိပြီးနောက် လာလီဂါ အမှတ်ပေးဇယားထိပ်ဆုံးသို့ ဘာစီလိုနာ ရောက်ရှိ
ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါ ပွဲစဉ်တွင် ဘာစီလိုနာက ရာယို ဗယ်လက်ကာနိုအား အိမ်ကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ယူကာ ဂိုးကွာခြားချက်အရ အမှတ်ပေးဇယား ထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အဆိုပါ ပွဲစဉ်မှာ အငြင်းပွားစရာများ ရှိခဲ့ပြီး ဘာစီလိုနာအနေဖြင့် တစ်လုံးတည်းသော အနိုင်ဂိုးကို ပင်နယ်တီမှတစ်ဆင့် သွင်းယူခဲ့ခြင်းဖြစ်ကာ တစ်ဖက်တွင်လည်း ဗယ်လက်ကာနိုအနေဖြင့် ပင်နယ်တီရရှိရန် အလွန်ကောင်းမွန်သော အခြေအနေ၌ ရှိခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသလို ၎င်း၏ သွင်းဂိုးတစ်ဂိုးမှာလည်း လူကျွံဘောအဖြစ် အငြင်းပွားဖွယ် ပယ်ဖျက်ခြင်းခံခဲ့ရသည်။
ဘာစီလိုနာအသင်းက ဂိုးသွင်းခွင့် ပိုမိုရရှိခဲ့သည့်တိုင် ဗယ်လက်ကာနိုကလည်း ၉ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးသည့် စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး ရဲရဲတင်းတင်း တိုက်စစ်ဖွင့်ခဲ့သည့် ကစားဟန်ကို ပြသခဲ့ကာ သွင်းဂိုးရရှိနိုင်သည်အထိပင် နီးစပ်ခဲ့သည်။
ရောဘတ် လီဝန်ဒေါစကီး၏ ခေါင်းတိုက်ချက်နှင့် ရာဖင်ညာ၏ ကန်သွင်းချက် လွဲချော်ခဲ့ပြီးနောက် ပွဲကစားချိန် ၂၇ မိနစ်တွင် လီဝန်‌ဒေါစကီးက ပင်နယ်တီမှတစ်ဆင့် ဘာစီလိုနာအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။
…..
— လေဗာကူဆင်အား ထိပ်တန်းအဆင့်၌ ဆက်လက်ထိန်းထားနိုင်ရေးမှာ အဓိက စိန်ခေါ်မှုဖြစ်ဟု အသင်းတာဝန်ရှိသူ ပြော
လေဗာကူဆင်အား အမြင့်ဆုံးအဆင့်၌ ဆက်လက်ထိန်းထားနိုင်ရေးမှာ ထိပ်တန်းဦးစားပေး အစီအစဉ်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် ဂျာမန်ဘွန်ဒက်စ်လီဂါ ချန်ပီယံနှင့် ဂျာမန်ဖလားချန်ပီယံ လေဗာကူဆင်အသင်း၏ အားကစားဆိုင်ရာ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဆီမွန် ရွိုင်းဖက်စ်က ပြောကြားခဲ့သည်။
အသက် ၄၃ နှစ်အရွယ်ရှိ ဂျာမန်လက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်းဖြစ်သူ ရွိုင်းဖက်စ်က လေဗာကူဆင်အသင်း၏ စပိန်လူမျိုး နည်းပြဖြစ်သူ ဇာဗီအလွန်ဆို၏ ယမန်နှစ် ဘောလုံးရာသီက အောင်မြင်မှုများနှင့် ယခုနှစ်တွင်လည်း တိုးတက်အောင်မြင်မှုများ ဆက်လက်ရရှိနေသည့်အပေါ် ချီးကျူးပြောဆိုခဲ့သည်။
“ကျွန်တော်တို့ရဲ့ အဆင့်ကို လက်ရှိအတိုင်းနီးပါး ဆက်ထိန်းထားနိုင်ပြီး ပြီးခဲ့တဲ့ရာသီကနဲ့ သိပ်အများကြီး ကွာဟမှုမရှိဘူးဆိုရင် ကြီးမားတဲ့ အောင်မြင်မှုပါပဲ” ဟု ဆင်ဟွာသတင်းဌာနနှင့် အင်တာဗျူးတစ်ခု၌ ရွိုင်းဖက်စ်က ပြောကြားခဲ့သည်။
…..
— ရီးရဲလ် ဗယ်လာဒိုးလစ်အသင်းက နည်းပြဖြစ်သူ ဒီယေဂို ကော့ကာအား ရာထူးမှထုတ်ပယ်
လာလီဂါ အမှတ်ပေးဇယား အောက်ဆုံးမှ ရီးရဲလ် ဗယ်လာဒိုးလစ်အသင်းက နည်းပြချုပ်ဖြစ်သူ ဒီယေဂို ကော့ကာအား ရာထူးမှထုတ်ပယ်ကာ ဘီ-အသင်းနည်းပြဖြစ်သူနှင့် ကစားသမားဟောင်းဖြစ်သူ အယ်လ်ဗာရို ရူဘီယိုအား အစားထိုးခန့်အပ်လိုက်ကြောင်း ၎င်းကလပ်အသင်းက ဖေဖော်ဝါရီ ၁၇ ရက်၌ ကြေညာခဲ့သည်။
ဗယ်လာဒိုးလစ်က ဆီဗီလာအား အိမ်ကွင်း၌ ၀-၄ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ၂၄ နာရီအကြာတွင် ယခုကဲ့သို့ သတင်းထွက်ပေါ်လာခြင်းဖြစ်ကာ ဗယ်လာဒိုးလစ်မှာ ၂၄ ပွဲ ကစားပြီးချိန်တွင် ၁၅ မှတ်သာ ရရှိထားပြီး အမှတ်ပေးဇယားအောက်ဆုံး၌ ရပ်တည်လျက်ရှိသည်။
…..
— AFC ယူ-၂၀ အာရှဖလားပြိုင်ပွဲတွင် တောင်ကိုရီးယားအသင်း ကွာတားဖိုင်နယ်တက်ရောက်
ဖေဖော်ဝါရီ ၁၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် AFC ယူ-၂၀ အာရှဖလားပြိုင်ပွဲ အုပ်စု-D ပွဲစဉ်တွင် တောင်ကိုရီးယားအသင်းက ထိုင်းအသင်းအား နောက်မှလိုက်ကစားကာ ကင်ထယ်ဝမ်၏ သွင်းဂိုးနှစ်ဂိုး အပါအဝင် ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
ပွဲချိန် ၂၃ မိနစ်တွင် ထိုင်းအသင်းမှ ယော့ဆာခွန် ဘူရာဖာ၏ ဂိုးဧရိယာအပြင်ဘက်မှ ကန်သွင်းချက် ဂိုးဝင်သွားသဖြင့် ဦးဆောင်ဂိုး ရရှိခဲ့သည်။ ပွဲချိန် ၃၂ မိနစ်တွင် ယွန်းဒိုယုံက တောင်ကိုရီးယားအတွက် ချေပဂိုး ပြန်လည်သွင်းယူခဲ့ကာ ဒုတိယပိုင်းတွင်လည်း တောင်ကိုရီးယားက ပွဲကိုဆက်လက်စိုးမိုးထားခဲ့ပြီး ပွဲချိန် ၅၉ မိနစ်နှင့် ၈၆ မိနစ်တို့တွင် ကင်ထယ်ဝမ် တစ်ဦးတည်းက နှစ်ဂိုးသွင်းယူခဲ့သလို လူစားဝင်ကစားသမား ပတ်ခ်ဆွန်းဆူကလည်း အနိုင်ဂိုးတစ်ဂိုး သွင်းယူခဲ့သည်။ (Xinhua)


………………………………………………………………..
(English Version)
Barcelona moves top of La Liga after controversial Rayo Vallecano win
FC Barcelona returned to the top of La Liga on goal difference on Monday night with a 1-0 win at home over Rayo Vallecano, in a game that had more than its share of controversy, with Barca scoring the only goal from the penalty spot, while Rayo had a very good penalty appeal rejected and a goal ruled out after a questionable offside decision.
Barca had chances to score more goals, but Rayo showed why it traveled to Barcelona after a nine-game unbeaten run, producing a brave display of attacking football that was close to getting a reward.
Robert Lewandowski sent a header just wide, and Raphinha also sent a shot just the wrong side of the post, before Barca took the lead through Robert Lewandowski’s penalty in the 27th minute.
…..
Rolfes: Keeping Bayer Leverkusen at the top main challenge
Keeping Bayer Leverkusen at the highest level remains the top priority for the 2024 German champion and cup winner, the club’s managing director of sport, Simon Rolfes, said.
The 43-year-old former German international praised Spanish head coach Xabi Alonso for his achievements last season and the team’s continued success this year.
“It’s a great achievement that we have more or less maintained our level and are not far behind last season,” the former midfielder told Xinhua in an interview.
…..
Real Valladolid sacks coach Diego Cocca
La Liga’s bottom club Real Valladolid on Monday announced the sacking of head coach Diego Cocca, replacing him with B-team coach and former player Alvaro Rubio.
The news comes 24 hours after Valladolid was thumped 4-0 at home by Sevilla in La Liga, with the result leaving the club bottom of the table with 15 points from 24 games.
…..
South Korea reaches AFC U20 Asian Cup quarterfinal
South Korea secured a spot in the quarterfinal of the AFC U20 Asian Cup after coming from behind to defeat Thailand 4-1 in Group D here on Monday, with Kim Tae-Won bagging a brace.
Yotsakon Burapha’s shot from out of the box gifted Thailand a lead in the 23rd minute. Yoon Do-yong equalized for South Korea in the 32nd minute. South Korea dominated the second half as Kim scored twice in the 59th and 86th minute. Substitute Park Seung-Soo added another to clinch the victory.