International Organizations
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ချန်ပီယံလိဂ်တွင် ဘိုင်ယန်မြူးနစ်က နောက်ဆုံးမိနစ် ချေပဂိုးဖြင့် ဆဲလ်တစ်ကို ကျော်ဖြတ်ကာ ရှုံးထွက်အဆင့်သို့တက်ရောက်
ဖေဖော်ဝါရီ ၁၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် playoff ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်က အယ်လ်ဖွန်ဆို ဒေးဗီးစ်၏ အံ့အားသင့်ဖွယ် နောက်ဆုံးမိနစ် ချေပဂိုးကြောင့် ဆဲလ်တစ်အား နှစ်ကျော့ပေါင်းရလဒ် ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပထမပိုင်းအပြီးတွင် လီယွန် ဂေါ့ဇ်ကာက အဖွင့်ဂိုးသွင်းယူနိုင်မည့် အကောင်းဆုံးအခွင့်အရေး ရရှိခဲ့သော်လည်း ဆဲလ်တစ်ဂိုးသမား ရှမိုက်ကယ် လက်စွမ်းပြကာကွယ်နိုင်ခဲ့သည်။ ဘိုင်ယန်အနေဖြင့် ဂိုးသွင်းခွင့်များ ဖြုန်းတီးခဲ့သည့်ဒဏ်ကို ပြန်လည်ခံစားခဲ့ရပြီး ပွဲချိန် ၆၃ မိနစ်တွင် ကင်မင်ဂျေး၏ ဘောလုံးရှင်းထုတ်ပုံ မသေသပ်မှုကြောင့် ဆဲလ်တစ်ကစားသမား ခူးန်က ဘိုင်ယန်ဂိုးသမား နူအာကိုကျော်၍ အနေတော်ကန်သွင်းကာ ဦးဆောင်ဂိုး သွင်းယူခဲ့သဖြင့် နှစ်ကျော့ပေါင်းရလဒ်မှာ နှစ်ဂိုးစီ သရေဖြစ်သွားခဲ့သည်။
အချိန်ပို ဆက်လက်ကစားရတော့မည့်ဆဲဆဲတွင် နာကျင်အချိန်ပို၌ ဘိုင်ယန်အသင်းက ချေပဂိုးပြန်လည်သွင်းယူကာ နှစ်ကျော့ပေါင်းရလဒ်အရ အသာစီးပြန်ယူနိုင်ခဲ့သည်။ အိုလစ်ဆီ ပေးပို့လိုက်သော ဖြတ်တင်ဘောမှတစ်ဆင့် ဂေ့ါဇ်ကာ၏ ခေါင်းတိုက်ချက်ကို ရှမိုက်ကယ် ပုတ်ထုတ်ကာကွယ်ရာမှ ပြန်လျှံထွက်လာစဉ် ဒေးဗီးစ်က အနီးကပ်ပိတ်သွင်း၍ ဘိုင်ယန်အား နောက်တစ်ဆင့်သို့ ပို့ဆောင်ပေးခဲ့သည်။ ယခုရလဒ်ကြောင့် ဘိုင်ယန်အသင်းမှာ ရှုံးထွက် ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး ဆဲလ်တစ်မှာမူ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။
…..
— ရီးရဲလ်မက်ဒရစ်အနေဖြင့် မန်စီးတီးနှင့် ပွဲစဉ်မှာ လွယ်ကူလိမ့်မည်ဟု ထင်မှတ်မထားကြောင်း အန်ဆယ်လော့တီ ဆို
ရီးရဲလ်မက်ဒရစ်အနေဖြင့် ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ရန် ၉၉ ရာခိုင်နှုန်း သေချာနေပြီး မန်ချက်စတာစီးတီးမှာမူ နောက်တစ်ဆင့် တက်ရောက်ရန် ၁ ရာခိုင်နှုန်းသာ အခွင့်အရေးရှိသည်ဟူသော မန်ချက်စတာစီးတီးနည်းပြ ပက်ပ်ဂွါဒီယိုလာ၏ သုံးသပ်ပြောဆိုမှုကို လက်မခံကြောင်း ရီးရဲလ်နည်းပြ ကာလို အန်ဆယ်လော့တီက ပြောကြားခဲ့သည်။
ချန်ပီယံလိဂ် play-off ပွဲစဉ် ဒုတိယအကျော့မတိုင်မီ ဖေဖော်ဝါရီ ၁၈ ရက်က ပြုလုပ်ခဲ့သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် အန်ဆယ်လော့တီက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် တစ်ပတ်က မန်ချက်စတာ၌ ယှဉ်ပြိုင်ကစားခဲ့သည့် ပထမအကျော့ ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်က နောက်ကျဂိုး နှစ်ဂိုးဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်ပြီး ထိုပွဲစဉ်တွင် မန်စီးတီး၏ ခံစစ်ပိုင်းပြဿနာများကို မြင်တွေ့ခဲ့ရသည်။ ဂွါဒီယိုလာက ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းတွင် ဆန်တီယာဂို ဘာနေဗျူး၌ ယှဉ်ပြိုင်ရမည့် ဒုတိယအကျော့ပွဲစဉ်၌ ၎င်း၏အသင်း နောက်တစ်ဆင့်သို့ တက်ရောက်နိုင်သည့် အလားအလာကို လျှော့ချပြောဆိုခဲ့သော်လည်း အန်ဆယ်လော့တီကမူ ယင်းအား လက်ခံခြင်းမရှိပေ။
“ကျွန်တော်တို့ နောက်တစ်ဆင့်တက်ဖို့ ၉၉ ရာခိုင်နှုန်း သေချာနေပြီလို့ မထင်ပါဘူး။ ကျွန်တော်တို့ဘက်မှာ အားသာချက်နည်းနည်းရှိတော့ အဲဒါကို အသုံးချပြီး ပထမအကျော့တုန်းက လုပ်အားနှုန်းအတိုင်းပဲ ကစားရမှာပါ။ အကြောင်းကတော့ အဲဒါက တော်တော်လေး အလုပ်ဖြစ်ခဲ့တယ်လေ” ဟု အန်ဆယ်လော့တီက မှတ်ချက်ပြုခဲ့သည်။ ယခုပွဲစဉ်မှာ ဖျော်ဖြေမှုပေးနိုင်ပြီး ခက်ခဲသော ပွဲစဉ်တစ်ပွဲ ဖြစ်လာမည်ဟု ယူဆကြောင်းလည်း အီတလီလူမျိုးနည်းပြဖြစ်သူ အန်ဆယ်လော့တီက ဆက်လက်ပြောကြားခဲ့သည်။
…..
— AFC ယူ-၂၀ အာရှဖလားပြိုင်ပွဲ အုပ်စု-A တွင် ဩစတြေးလျအသင်း အုပ်စုဗိုလ်အဖြစ် ကွာတားဖိုင်နယ်တက်ရောက်
ဖေဖော်ဝါရီ ၁၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် AFC ယူ-၂၀ အာရှဖလားပြိုင်ပွဲ အုပ်စု-A တွင် ဩစတြေးလျအသင်းက အိမ်ရှင်တရုတ်အသင်းအား နှစ်မိနစ်အတွင်း နှစ်ဂိုးသွင်းယူကာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
အဆိုပါနှစ်သင်းမှာ အုပ်စုအဖွင့်ပွဲစဉ် နှစ်ပွဲလုံးကို အနိုင်ရရှိထားသဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်ခွင့် ရထားပြီးဖြစ်ရာ ယခုပွဲစဉ်တွင် ပွဲထွက်လူစာရင်းအား အပြောင်းအလဲပြုလုပ်ခဲ့သည်။
အုပ်စုပွဲစဉ် သုံးပွဲလုံး အနိုင်ရရှိခဲ့သည့် ဩစတြေးလျအသင်းမှာ ကွာတားဖိုင်နယ်တွင် အုပ်စု-B ဒုတိယအသင်းနှင့်လည်းကောင်း၊ တရုတ်အသင်းမှာ အုပ်စု-B ၏ အုပ်စုပထမအသင်းနှင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ရမည်ဖြစ်သည်။
…..
— ၂၀၂၅ ခုနှစ် ဘော်လီဘော နေးရှင်းလိဂ် အမျိုးသားပြိုင်ပွဲအား တရုတ်နိုင်ငံ နင်းပေါမြို့တွင် လက်ခံကျင်းပမည်
တရုတ်နိုင်ငံ အရှေ့ပိုင်း၊ နင်းပေါမြို့တွင် ၂၀၂၅ ခုနှစ် ဘော်လီဘော နေးရှင်းလိဂ် (VNL) အမျိုးသားပြိုင်ပွဲအား ယခုနှစ် နွေရာသီ၌ လက်ခံကျင်းပသွားမည်ဟု နိုင်ငံတကာ ဘော်လီဘောအဖွဲ့ချုပ် (FIVB) က ဖေဖော်ဝါရီ ၁၈ ရက်၌ ကြေညာခဲ့သည်။
Ningbo Beilun အားကစားနှင့် အနုပညာစင်တာက အဆိုပါပြိုင်ပွဲအား ဇူလိုင် ၃၀ ရက်မှ ဩဂုတ် ၃ ရက်အထိ စီစဉ်ကျင်းပသွားမည်ဖြစ်ကာ အမျိုးသမီးပြိုင်ပွဲကိုမူ ပိုလန်နိုင်ငံ လော့ဇ်မြို့တွင် ဇူလိုင် ၂၃ ရက်မှ ၂၇ ရက်အထိ ကျင်းပသွားမည်ဟု သိရသည်။ (Xinhua)
……………………
(English Version)
Last-gasp equalizer sees Bayern past Celtic in Champions League
Alphonso Davies’ dramatic last-minute equalizer earned Bayern Munich a 3-2 aggregate victory over Celtic in Tuesday’s Champions League playoff.
Leon Goretzka missed a golden chance to open the scoring after half-time, only for Schmeichel to make a fine reflex save. Celtic punished Bayern’s missed opportunities on the hour mark. Kim Min-jae’s poor clearance allowed Kuhn to break through and slot past Neuer to give Celtic the lead on the night and draw level 2-2 on aggregate
With extra time looming, Bayern equalized in stoppage time to take the aggregate lead. Olise’s cross found Goretzka, whose header was parried by Schmeichel into the path of Davies, who slotted home from close range to secure Bayern’s place in the next round.
The result sends Bayern through to the last 16, with Celtic eliminated from the competition.
…..
Ancelotti: Nobody at Real Madrid thinks we have easy task vs. Man City
Real Madrid coach Carlo Ancelotti doesn’t accept Manchester City boss Pep Guardiola’s calculation claiming Real Madrid has a 99 percent chance of reaching the last 16 of the Champions League while the English side has just 1 percent possibility of making it to the knockout stage of the competition.
Ancelotti spoke to the press on Tuesday ahead of the return leg of its Champions League play-off tie, after Madrid last week scored two late goals to win in Manchester, in a game that showed Man City’s defensive problems this season. Guardiola has played down his side’s chances of progressing at the Santiago Bernabeu Stadium on Wednesday night, but Ancelotti was less sure.
“We don’t think we have 99 percent chance of qualifying: we have a slight advantage and we have to try and take advantage of it and play the same level as in the first leg, because it worked out well,” commented Ancelotti.
The Italian said he expected a game that was “entertaining and difficult.”
…..
Australia edges China to top Group A in U20 AFC Cup
SHENZHEN, China, Feb. 18 (Xinhua) — Australia scored two goals in two minutes to upset host China 2-1 in here on Tuesday, winning the group A of U20 AFC Cup.
The two teams made several changes in their starting line-ups, as they have already secured their spots in the final eight after both beating Qatar and Kyrgyzstan in their first two matches.
Having won all three matches, Australia will play the Group B runner-up in the quarterfinal while China will face the Group B winner.
…..
China’s Ningbo to host 2025 Volleyball Nations League men’s finals
The International Volleyball Federation (FIVB) announced Tuesday that east China’s Ningbo will host the 2025 Volleyball Nations League (VNL) Men’s Finals this summer.
Ningbo Beilun Sports and Arts Center will stage the event from July 30 to August 3, while the women’s finals will be held in Lodz, Poland, from July 23 to 27.