Connect with us

Europe

အမေရိကန်၏ စည်းကြပ်ခွန် အန္တရာယ်ကို ကျော်လွှားနိုင်ရန် ဥရောပသမဂ္ဂ အပူတပြင်းလုပ်ဆောင်လျက်ရှိ

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပကော်မရှင်ရုံးချုပ်ဖြစ်သော ဘာလေမွန့် အဆောက်အအုံအား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

အမေရိကန်နှင့် စည်းကြပ်ခွန်စစ်ပွဲ မဖြစ်ပွားအောင် ရှောင်လွှဲနိုင်ရန် မျှော်လင့်လျက် ဥရောပသမဂ္ဂ (အီးယူ) ၏ ကုန်သွယ်ရေးဆိုင်ရာ အကြီးအကဲမှာ ဝါရှင်တန်သို့ အလုပ်သဘော ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်သည်။
အမေရိကန်၏ စည်းကြပ်ခွန် အစီအစဉ်သစ်များနှင့် စပ်လျဉ်း၍ ဖြေရှင်းနိုင်ခြင်းမရှိပါက ယိမ်းယိုင်နေသော အီးယူစီးပွားရေးအပေါ် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သည့်အလျောက် ဥရောပကော်မရှင်၏ ကုန်သွယ်ရေးနှင့် စီးပွားရေး လုံခြုံမှုဆိုင်ရာ ကော်မရှင်နာဖြစ်သူ မာရို့စ် ဆက်ကိုဗစ်၏ ခရီးစဉ်မှာ အီးယူအနေဖြင့် အမေရိကန်နှင့် ကုန်သွယ်ရေးလိုငွေပြမှုအပေါ် အဓိက ဗဟိုပြုနေသော ကုန်သွယ်ရေး တင်းမာမှုများကို လျှော့ချရန် လတ်တလော ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။
အမေရိကန် အစိုးရက သံမဏိနှင့် အလူမီနီယံ သွင်းကုန်များအပေါ် ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်မည်ဟု ဖေဖော်ဝါရီ ၁၀ ရက်၌ ကြေညာခဲ့ကာ အပြန်အလှန် လက်တုံ့ပြန်မည့် ကုန်သွယ်ရေး မူဝါဒများကိုလည်း အဆိုပြုခဲ့သည့်အတွက် အီးယူဘက်က အလျင်အမြန် တုံ့ပြန်မှုများ ပြုလုပ်ခဲ့သည်။
အီးယူ၏ သံမဏိထုတ်လုပ်ရေး လုပ်ငန်းများအတွက် ဒုတိယအကြီးဆုံး ဈေးကွက်ဖြစ်သည့် အမေရိကန်သို့ သံမဏိတင်ပို့မှုမှာ တန်ချိန် ၃.၇ သန်းအထိ လျော့ကျသွားဖွယ်ရှိကြောင်း ဥရောပ သံမဏိလုပ်ငန်း အသင်းအဖွဲ့က ကြေညာချက်ထုတ်ပြန်၍ သတိပေးခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1jB


…………………………………………………………
(English Version)
EU scrambling to weather U.S. tariff threats
BRUSSELS, Feb. 20 (Xinhua) — The EU trade chief is on a business trip in Washington to talk with his U.S. counterpart in hopes of averting a tariff war with the United States.
Given that the U.S. fresh tariff measures, if unanswered, will take its toll on the flailing EU economy, the trip of Maros Sefcovic, the European Commission’s Commissioner for Trade and Economic Security, is part of the bloc’s latest efforts to deescalate the trade tension, which is mainly centered on the EU’s trade deficit with the United States.
The U.S. administration announced on Feb. 10 that it would impose a 25-percent tariff on steel and aluminum imports and proposed “reciprocal” trade policies, which was met with a swift backlash from the EU.
The EU could lose up to 3.7 million tonnes of steel exports to the United States, the second biggest export market for EU steel producers, warned the European Steel Association in a statement
English Caption
This photo taken on Jan. 29, 2025 shows the Berlaymont Building, the European Commission headquarters, in Brussels, Belgium. (Xinhua/Meng Dingbo)