Connect with us

Africa & Middle East

ပြင်သစ်က ကို့တ်ဒီဗွာရှိ စစ်အခြေစိုက်စခန်းအား ပြန်လည်လွှဲပြောင်းပေးအပ်

ကို့တ်ဒီဗွာနိုင်ငံ အဘစ်ဂျန်မြို့ရှိ စစ်စခန်းအား တရားဝင်လွှဲပြောင်းသည့် အခမ်းအနား၌ အလံတင်နေသည့် ကို့တ်ဒီဗွာ တပ်ဖွဲ့ဝင်များအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဘစ်ဂျန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံက ကို့တ်ဒီဗွာနိုင်ငံ (Cote d’Ivoire) ရှိ ၎င်း၏ တစ်ခုတည်းသော စစ်အခြေစိုက်စခန်းဖြစ်သည့် အမှတ်-၄၃ မရိန်းခြေလျင်တပ်ရင်း (BIMA) ၏ စစ်စခန်းအား ကို့တ်ဒီဗွာ အာဏာပိုင်များထံ ဖေဖော်ဝါရီ ၂၀ ရက်၌ တရားဝင် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ယင်းစစ်စခန်းရှိ စစ်ရေးပြကွင်း၌ ပြုလုပ်သော တရားဝင် အခမ်းအနားအတွင်း ကို့တ်ဒီဗွာ ကာကွယ်ရေးဝန်ကြီး တီနီ ဘီရာဟီမာ အွက်တာရာနှင့် ပြင်သစ် ကာကွယ်ရေးဝန်ကြီး ဆီဘက်စ်ရှန် လီကော်နူတို့က တရားဝင်လွှဲပြောင်းပေးအပ်သည့် စာချုပ်စာတမ်း၌ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
အဆိုပါ အခမ်းအနား၌ စစ်စခန်းလွှဲပြောင်းခြင်း အထိမ်းအမှတ်အဖြစ် ပြင်သစ်အလံနေရာတွင် ကို့တ်ဒီဗွာအလံအား အစားထိုးလွှင့်ထူကာ ကို့တ်ဒီဗွာစစ်တပ်၏ တရားဝင် စစ်အခြေစိုက်စခန်း ဖြစ်လာသည့် အမှတ်သင်္ကေတအဖြစ် နိုင်ငံ၏ ပထမဆုံး စစ်ဦးစီးချုပ်အား ဂုဏ်ပြုသောအားဖြင့် သောမတ်စ် ဒီအာကွင် အွက်တာရာ စစ်စခန်းဟု အမည်ပြောင်းလဲခဲ့သည်။
မကြာသေးမီနှစ်များအတွင်း ပြင်သစ်အနေဖြင့် ၎င်း၏စစ်တပ်အား ဖြန့်ကြက်ချထားမှုများအပေါ် ပိုမိုကြီးထွားလာသော ဆန့်ကျင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည့်အတွက် ဘာကီနာဖာဆို၊ မာလီ၊ နိုင်ဂျာနှင့် ချတ်နိုင်ငံတို့မှ တပ်ဖွဲ့ဝင်များကို ပြန်လည်ရုပ်သိမ်းခဲ့ရကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1lA

ကို့တ်ဒီဗွာနိုင်ငံ အဘစ်ဂျန်မြို့ရှိ စစ်စခန်းအား တရားဝင်လွှဲပြောင်းသည့် အခမ်းအနား၌ ကို့တ်ဒီဗွာ ကာကွယ်ရေးဝန်ကြီး တီနီ ဘီရာဟီမာ အွက်တာရာ (ယာ-အရှေ့) နှင့် ပြင်သစ် ကာကွယ်ရေးဝန်ကြီး ဆီဘက်စ်ရှန် လီကော်နူ (ဝဲ-အရှေ့) တို့ စာချုပ်စာတမ်းများအား ပြသနေပုံကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………
(English Version)
France hands over military base to Cote d’Ivoire
ABIDJAN, Feb. 21 (Xinhua) — France officially transferred control of its only military base in Cote d’Ivoire, the camp of the 43rd Marine Infantry Battalion (BIMA), to the West African nation’s authorities on Thursday.
During an official ceremony at the military camp’s parade ground, Cote d’Ivoire’s Defense Minister Tene Birahima Ouattara and his French counterpart, Sebastien Lecornu, signed the official handover document.
The ceremony also featured the symbolic raising of the Ivorian flag in place of the French flag, marking the official installation of the Ivorian army at the base, which was renamed Camp Thomas d’Aquin Ouattara in honor of the country’s first army chief of staff.
In recent years, France has faced growing resistance to its military deployments, leading to forced withdrawals from Burkina Faso, Mali, Niger, and Chad. xhtxs.cn/1lA
English Caption 1
Ivorian soldiers rise an Ivorian flag during an official handover ceremony at the military camp in Abidjan, Cote d’Ivoire, on Feb. 20, 2025. (Photo by Yvan Sonh/Xinhua)
English Caption 3
Cote d’Ivoire’s Defense Minister Tene Birahima Ouattara (R, Front) and French Defense Minister Sebastien Lecornu (L, Front) show documents during an official handover ceremony at the military camp in Abidjan, Cote d’Ivoire, on Feb. 20, 2025. (Photo by Yvan Sonh/Xinhua)