Connect with us

International Organizations

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— လီဗာပူးလ်က မန်ချက်စတာစီးတီးကို အနိုင်ယူကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား၌ ၁၁ မှတ်ဖြတ်၍ ဦးဆောင်
ဖေဖော်ဝါရီ ၂၃ ရက်က လီဗာပူးလ်အသင်းနှင့် မန်ချက်စတာစီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် လီဗာပူးလ်က အဝေးကွင်း၌ ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံး၌ ၁၁ မှတ်ဖြတ်၍ ဦးဆောင်လျက်ရှိသည်။
အာနယ်ဆလော့၏ အသင်းအနေဖြင့် အာဆင်နယ်က ဝက်စ်ဟမ်းအား အိမ်ကွင်း၌ ရှုံးနိမ့်ထားခြင်းကို အပြည့်အဝ အခွင့်အရေးယူနိုင်ခဲ့ပြီး ဇယားထိပ်ဆုံး၌ ပြတ်ပြတ်သားသား ဦးဆောင်လျက်ရှိရာ ပြိုင်ဘက်များအနေဖြင့် ၎င်းအားကျော်ဖြတ်နိုင်ရန် အလွန်ခဲယဉ်းသွားပြီဖြစ်သည်။
မိုဟာမက် ဆာလာက အာလင် ဟာလန်းနှင့် ဂျက်ခ် ဂရီးလစ်ရှ်တို့ မပါဝင်နိုင်သည့် မန်ချက်စတာစီးတီးအား ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ဂိုးဧရိယာထဲမှ ဘယ်ခြေဖြင့်ကန်သွင်းခဲ့ခြင်းဖြစ်သည်။
ထို့နောက် ပွဲချိန် ၃၇ မိနစ်တွင် ဒေါမနစ် ဆိုဘော့စ်ဆလိုင် သွင်းယူခဲ့သည့် ဒုတိယဦးဆောင်ဂိုးကိုလည်း ဆာလာကပင် ဖန်တီးပေးခဲ့ပြီး လီဗာပူးလ်အနေဖြင့် ယခုရာသီအတွက် အဆုံးအဖြတ်ဖြစ်ဖွယ်ရှိသော အရေးပါသည့် အနိုင်ရလဒ်တစ်ခုကို သက်သောင့်သက်သာ ထိန်းထားနိုင်ခဲ့သည်။
…..
— ဘိုင်ယန်မြူးနစ်က ဖရန့်ဖွတ်ကို ဂိုးပြတ်အနိုင်ယူ၍ ဘွန်ဒက်စ်လီဂါတွင် ၈ မှတ်ဖြတ်၍ ဆက်လက်ဦးဆောင်
ဖေဖော်ဝါရီ ၂၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဘွန်ဒက်စ်လီဂါပွဲစဉ်-၂၃ တွင် ဘိုင်ယန်မြူးနစ်က ကစားပုံလေးလံနေသည့် အိန်းထရက်ချ် ဖရန့်ဖွတ်အား ၄-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူခဲ့သည်။
ယခုအနိုင်ရလဒ်က ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်၏ ချန်ပီယံရည်မှန်းချက်များကို ထပ်လောင်းအားဖြည့်ပေးခဲ့ပြီး ဖရန့်ဖွတ်မှာမူ အမှတ်ပေးဇယား ဒုတိယနေရာမှ လေဗာကူဆင်နှင့် ၁၂ မှတ်တိတိ ကွာဟသွားပြီဖြစ်သည်။ “ဘွန်ဒက်စ်လီဂါ တတိယနေရာကအသင်းကို အိမ်ကွင်းမှာ အနိုင်ရဖို့က ကျွန်တော်တို့ လိုချင်နေတဲ့ ရလဒ်ပါပဲ” ဟု ဘိုင်ယန်မြူးနစ် အားကစားဒါရိုက်တာ မက်စ်အီဘာလ်က ပြောကြားခဲ့သည်။
ဘွန်ဒက်စ်လီဂါပွဲစဉ်- ၂၃ ၏ အခြားပွဲစဉ်များတွင် ဟိုင်ဒန်ဟိမ်းက လိုက်ပ်ဇစ်အား နှစ်ဂိုးအသာဖြင့် ဦးဆောင်ထားသော်လည်း လိုက်ပ်ဇစ်က နောက်မှလိုက်ကစားကာ ချေပဂိုးများသွင်းယူနိုင်ခဲ့သဖြင့် အိမ်ကွင်း၌ နှစ်ဂိုးစီသရေကျခဲ့သည်။ စတုဂတ်နှင့် ဟော့ဖန်ဟိမ်းအသင်းတို့၏ ပွဲစဉ်တွင်မူ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။
…..
— ဖီယင်နုအသင်းက အသင်း၏ ဂန္ထဝင်ကစားသမားဖြစ်သူ ဗန်ပါစီအား နည်းပြချုပ်သစ်အဖြစ် ခန့်အပ်
နယ်သာလန်ဘောလုံးကလပ် ဖီယင်နုက အသင်း၏ ကစားသမားဟောင်းဖြစ်သူ ရော်ဘင်ဗန်ပါစီအား နည်းပြချုပ်အဖြစ် ခန့်အပ်ကြောင်း၊ ထိုသို့ခန့်အပ်မှုမှာ ချက်ချင်းအသက်ဝင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်၌ ကြေညာခဲ့သည်။
အသက် ၄၂ နှစ်အရွယ် ဗန်ပါစီမှာ ဟီရန်ဗင်းအသင်းမှ ဖီယင်နုထံ ပြောင်းရွှေ့လာခြင်းဖြစ်ကာ အသင်း၏ ရလဒ်များမတည်ငြိမ်မှု၊ အသင်းဟန်ချက်မညီမှုတို့ကြောင့် ဖေဖော်ဝါရီ ၁၀ ရက်၌ ရာထူးမှထုတ်ပယ်ခံခဲ့ရသည့် ဘရိုင်ယန် ပရစ်ခ်၏နေရာကို ဆက်ခံရမည်ဖြစ်သည်။ ကြားကာလအတွင်း လူငယ်အသင်းနည်းပြ ပါစကယ် ဘော့စ်ချက်ထ်က အသင်းအား ယာယီကိုင်တွယ်နေခြင်းဖြစ်သည်။
နယ်သာလန် လက်ရွေးစင်အသင်းအတွက် ဂိုးပေါင်း ၅၀ သွင်းယူထားကာ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးဖြစ်သည့် ဗန်ပါစီမှာ ၂၀၂၇ နှစ်လယ်ပိုင်းအထိ သက်တမ်းရှိသော စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ဖီယင်နုအနေဖြင့် ရီနီဟာကီကိုလည်း လက်ထောက်နည်းပြအဖြစ် အသင်းထံခေါ်ယူခဲ့ကြောင်း သိရသည်။
…..
— ရီယိုအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဆီဘက်ရှန် ဘားယက်ဇ် နှစ်နှစ်ဆက်တိုက် ချန်ပီယံဆု ဆွတ်ခူး
တောင်အမေရိက၏ အကြီးကျယ်ဆုံး တင်းနစ်ပြိုင်ပွဲဖြစ်သည့် ရီယိုအိုးပင်း ဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၂၃ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ အာဂျင်တီးနား တင်းနစ်ကစားသမား ဆီဘက်ရှန် ဘားယက်ဇ်က ပြင်သစ်မှ အလက်ဇန်းဒါး မူလာအား ၆-၂၊ ၆-၃ ဖြင့် အနိုင်ယူကာ ယင်းပြိုင်ပွဲ၌ နှစ်နှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့သည့် ပထမဆုံးကစားသမား ဖြစ်လာခဲ့သည်။
“ကျွန်တော် ဒီသီတင်းပတ်တစ်ခုလုံး သိပ်ကိုဂုဏ်ယူဝမ်းမြောက်နေရမှာပါ။ ကျွန်တော်ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တိုင်းကိုလည်း အလွန်ကျေနပ်ပါတယ်” ဟု ဘားယက်ဇ်က ဆိုသည်။ အသက် ၂၄ နှစ်အရွယ် ဘားယက်ဇ်အနေဖြင့် ATP Tour ချန်ပီယံဆုကို ခုနစ်ကြိမ်မြောက် ရရှိခဲ့ခြင်းဖြစ်ပြီး ခြောက်ကြိမ်မှာ မြေ‌စေးကွင်း၌ ရရှိခဲ့ခြင်းဖြစ်သည်။ (Xinhua)


…………………….
(English Version)
Liverpool moves 11 points clear in Premier League after beating Man City
Liverpool moved 11 points top of the Premier League on Sunday after a 2-0 win away to Manchester City.
Arne Slot’s side took full advantage of Arsenal’s defeat at home to West Ham on Saturday to open a lead at the top of the table that looks almost impossible to overturn.
Mohamed Salah put Liverpool ahead against a City side without Erling Haaland and Jack Grealish, scoring with his left foot from inside the area.
The Egyptian then helped set up Dominik Szoboszlai for Liverpool’s second after 37 minutes, and Liverpool held on comfortably for a massive and probably season-defining win.
…..
Bayern thrashes Frankfurt to maintain eight-point Bundesliga lead
Bayern Munich wrapped up the Bundesliga’s matchday 23 with a commanding 4-0 victory over a lackluster Eintracht Frankfurt on Sunday.
This result reinforces the German giants’ title ambitions, leaving Frankfurt 12 points adrift of second-placed Bayer Leverkusen. “Beating the third-placed team in the Bundesliga at home was exactly what we aimed to achieve,” said Bayern sporting director Max Eberl.
In other matches, Heidenheim squandered a two-goal lead against RB Leipzig, who fought back to secure a 2-2 draw at home, while a wasteful Stuttgart settled for a 1-1 draw with Hoffenheim.
…..
Feyenoord appoints club legend Van Persie as new head coach
Dutch soccer club Feyenoord announced on Sunday that former player Robin van Persie has been appointed as head coach with immediate effect.
Van Persie, 42, joins from SC Heerenveen, succeeding Brian Priske, who was dismissed on February 10 due to ‘inconsistent results and a lack of chemistry’. In the interim, youth coach Pascal Bosschaart had been leading the team.
Van Persie, all-time top scorer of the Netherlands’ national team with 50 goals, has signed a contract until mid-2027. Feyenoord has also brought in Rene Hake as an assistant coach.
…..
Baez retains Rio Open crown
Argentina’s Sebastian Baez became the first back-to-back Rio Open champion by cruising to a 6-2, 6-3 victory over France’s Alexandre Muller in the final of South America’s biggest tournament on Sunday.
“I’m so proud of the whole week,” Baez said after the match. “I’m so happy with every match I played.” It marked the 24-year-old’s seventh ATP tour title, six of which have been on clay.