Connect with us

Asia

အမေရိကန်၏ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ အရှိန်မြင့်တက်လာစဉ် RCEP သဘောတူညီချက်က ကမ္ဘာ့ကုန်သွယ်ရေးအား မြှင့်တင်ရာ၌ ပိုမိုကျယ်ပြန့်သော အခန်းကဏ္ဍမှ ပါဝင်လာ

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ Capital One အားကစားခန်းမ၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းလက်မှတ်ရေးထိုးထားသော သမ္မတအမိန့်ကြေညာချက်တစ်စောင်အား ပြသနေပုံကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဓိကအားဖြင့် အမေရိကန်၏ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ အရှိန်မြင့်တက်လာချိန်တွင် ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု (RCEP) အနေဖြင့် အာရှ-ပစိဖိတ်ဒေသ၌ လွတ်လပ်သော ကုန်သွယ်ရေးနှင့် နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒတို့အား အဓိက ထောက်ခံအားပေးသူအဖြစ် ပေါ်ထွက်လာခဲ့သည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်၌ စတင်အသက်ဝင်လာခဲ့သည့် RCEP သဘောတူညီချက်၌ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် စသော အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအပြင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ၊ နယူးဇီလန် စသော ၎င်းတို့၏ ကုန်သွယ်ဖက်နိုင်ငံ ၅ နိုင်ငံ အပါအဝင် အာရှ-ပစိဖိတ် ဒေသတွင်းနိုင်ငံ ၁၅ နိုင်ငံ ပါဝင်လျက်ရှိသည်။
လူပေါင်း ၂.၃ ဘီလီယံ သို့မဟုတ် ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်းအား လွှမ်းခြုံလျက်ရှိသော ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး သဘောတူညီချက်က ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီ၏ ၃၀ ရာခိုင်နှုန်းခန့်ရှိသည့် အမေရိကန်ဒေါ်လာ ၂၆.၂ ထရီလီယံ အားဖြည့်ပါဝင်နေသလို ကမ္ဘာလုံးဆိုင်ရာ ကုန်စည်နှင့် ဝန်ဆောင်မှု ရောင်းဝယ်ဖောက်ကားမှုများ၏ ၂၈ ရာခိုင်နှုန်း၊ ကမ္ဘာလုံးဆိုင်ရာ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုများ၏ ၃၂.၅ ရာခိုင်နှုန်း အသီးသီးရှိနေကြောင်း သိရသည်။
ထိုစဉ် RCEP သဘောတူညီချက် သုံးနှစ်ပြည့်မြောက်လာခြင်းက အာရှ-ပစိဖိတ် ဒေသတစ်လွှား၌ စီးပွားရေး ပေါင်းစည်းမှုကို မြှင့်တင်ပေးကာ တည်ငြိမ်မှုရှိစေရန် ထိန်းမတ်ပေးသော အင်အားတစ်ရပ်အဖြစ် ၎င်း၏အရေးပါမှု မြင့်မားလာခြင်းကို မီးမောင်းထိုးပြလျက်ရှိသည်။
အမေရိကန်က ၎င်း၏ မဟာမိတ်များအပေါ် သွင်းကုန်စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံနေသော်လည်း RCEP အနေဖြင့် ဒေသတွင်း၌ အခွန်အကောက် ၉၀ ရာခိုင်နှုန်းကို ဖယ်ရှားရန် ရည်မှန်းထားသလို အကောက်ခွန်နှင့် အွန်လိုင်းကူးသန်းရောင်းဝယ်မှု စည်းမျဉ်းများကိုလည်း စံချိန်စံညွှန်း သတ်မှတ်လျက်ရှိသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1qf

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏မြို့တော် နန်နင်းရှိ နန်နင်း နိုင်ငံတကာပြပွဲနှင့် ကွန်ဗင်းရှင်းစင်တာ၌ ပြုလုပ်သော အကြိမ် ၂၀ မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲအတွင်း ဗီယက်နမ်နိုင်ငံမှ တင်သွင်းသော ဒူးရင်းသီးများကို ရွေးချယ်ဝယ်ယူနေသူတစ်ဦး (ဝဲ-အရှေ့) အား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………………………………………………
(English Version)
RCEP plays greater role in boosting global trade amidst U.S. protectionism
The Regional Comprehensive Economic Partnership (RCEP) has emerged as a key advocate for free trade and multilateralism in the Asia-Pacific amid escalating protectionist policies, particularly from the United States.
The RCEP, which entered into force on Jan. 1, 2022, comprises 15 Asia-Pacific countries including 10 ASEAN member states — Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Thailand and Vietnam — and their five trading partners, namely China, Japan, South Korea, Australia and New Zealand.
The world’s largest trade pact covers 2.3 billion people, or 30 percent of the world’s population, contributes 26.2 trillion U.S. dollars, about 30 percent of global GDP, and accounts for 28 percent of global trade in goods and services as well as 32.5 percent of global foreign direct investment inflows.
Against this backdrop, the RCEP’s third anniversary highlights its growing importance as a stabilizing force, fostering economic integration across the Asia-Pacific.
While the United States has increased import tariffs even on its allies, the RCEP aims to eliminate 90 percent of intra-regional duties while standardizing customs and e-commerce rules. xhtxs.cn/1qf
English Caption 1
U.S. President Donald Trump shows an executive order he signed at Capital One arena in Washington, D.C., the United States, Jan. 20, 2025. (Xinhua/Wu Xiaoling)
English Caption 2
A visitor (L, front) chooses durian imported from Vietnam during the 20th China-ASEAN Expo at Nanning International Convention and Exhibition Center in Nanning, capital of south China’s Guangxi Zhuang Autonomous Region, Sept. 17, 2023. (Xinhua/Cao Yiming)