China
ဘဏ္ဍာရေးမျှခြေကို ထိန်းသိမ်းကာ ဖွံ့ဖြိုးတိုးတက်ရေး မောင်းနှင်အားသစ်များကို မြှင့်တင်မည့် ဘတ်ဂျက်သစ်ကို ဟောင်ကောင် ကြေညာ

ဟောင်ကောင်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)
ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အနေဖြင့် ဘဏ္ဍာရေးမျှခြေကို ပြန်လည်ထိန်းသိမ်းကာ ဉာဏ်ရည်တုနည်းပညာကဲ့သို့ ဖွံ့ဖြိုးတိုးတက်ရေး မောင်းနှင်အားသစ်များကို မြှင့်တင်ရန် မွမ်းမံအားဖြည့်ထားသော ဘဏ္ဍာရေး ခိုင်မာတောင့်တင်းရေး အစီအစဉ်ကို ဘဏ္ဍာနှစ်သစ်တွင် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၆ ရက်က ထုတ်ပြန်ခဲ့သော ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ၂၀၂၅-၂၀၂၆ ခုနှစ် ဘတ်ဂျက်တွင် လက်ရှိအချိန်မှစ၍ ၂၀၂၇-၂၀၂၈ ခုနှစ်အထိ အစိုးရပုံမှန်အသုံးစရိတ်ကို ၇ ရာခိုင်နှုန်းအထိ တဖြည်းဖြည်း လျှော့ချသွားမည်ဟု ကတိပြုထားသည်။
HKSAR အစိုးရ၏ ဘဏ္ဍာရေးဌာန အတွင်းဝန် ပေါလ်ချန်က အများပြည်သူဆိုင်ရာ အသုံးစရိတ်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ရမည်ဆိုသော်လည်း ထိုလုပ်ငန်းစဉ်၌ ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုအမျိုးမျိုးကြား ဟန်ချက်ညီမှုကို ရှာဖွေလျက် တည်တည်ငြိမ်ငြိမ်၊ ချင့်ချင့်ချိန်ချိန် လုပ်ဆောင်ရမည်ဟု ဘတ်ဂျက်လျာထားချက်အား ကြေညာစဉ် ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ ချဉ်းကပ်နည်းက အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရေရှည်ခိုင်မာသော ဘဏ္ဍာရေးအုတ်မြစ်ကို ချမှတ်ပေးလျက် လူထုအကျိုးပြု လုပ်ငန်းများနှင့် လူထု၏ အသက်မွေးမှုအပေါ် သက်ရောက်မှုများကိုလည်း အနည်းဆုံးဖြစ်အောင်လျှော့ချရန် HKSAR အစိုးရ၏ အစွမ်းကုန် ကြိုးပမ်းအားထုတ်မှုများကို ကိုယ်စားပြုကြောင်း ချန်က ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1sC
…………………….
(English Version)
Hong Kong unveils new budget to restore fiscal balance, foster new growth drivers
HONG KONG, Feb. 27 (Xinhua) — The Hong Kong Special Administrative Region (HKSAR) will carry out the “reinforced version” of a fiscal consolidation program in the new financial year to restore fiscal balance and nurture new growth engines like artificial intelligence.
The HKSAR’s 2025-26 budget released on Wednesday vowed a cumulative reduction of government recurrent expenditure by 7 percent from now through 2027-28.
While delivering the budget, Financial Secretary of the HKSAR government Paul Chan said public expenditure must be strictly contained, but in a steady and prudent manner while finding balance among the various impacts that may arise in the process.
While laying a sustainable fiscal foundation for future development, this approach represents the HKSAR government’s all-out effort to minimize the impact on public services and people’s livelihood, Chan said. xhtxs.cn/1sC
English Caption
Paul Chan, financial secretary of the Hong Kong Special Administrative Region (HKSAR) government, delivers the 2025-26 budget in south China’s Hong Kong, Feb. 26, 2025. (Xinhua/Zhu Wei)