Connect with us

China

တရုတ်နိုင်ငံ၏ ဒီမိုကရေစီတွင် အမြစ်တွယ်နေသော သစ်ပင်ကယ်တင်ရေး ခရီးများ

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ရှိ ရာစုနှစ်ချီသက်တမ်းရှိသော ပရုတ်ပင်ကို ၂၀၂၃ ခုနှစ် မေလက တွေ့ရစဉ် (ဆင်ဟွာ)

ဖူကျိုး၊ မတ် ၂ ရက် (ဆင်ဟွာ)

တစ်ချိန်က သေဆုံးလုနီးပါးဖြစ်ခဲ့သည့် ရာစုနှစ်သက်တမ်းရှိသော သစ်ပင်တစ်ပင်ကို တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ မြူနီစီပယ် ဥပဒေပြုအာဏာပိုင်အဖွဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က ကယ်တင်နိုင်ရေး အစွမ်းကုန်အပြင်းအထန် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် ထိုသစ်ပင်မှာ ပြန်လည်ရှင်သန်လာခဲ့သည်။

၂၀၂၃ ခုနှစ်တစ်လျှောက်လုံး ဖူကျိုးမြို့၏ ဥပဒေပြုအာဏာပိုင်အဖွဲ့ဖြစ်သော ဖူကျိုးမြူနီစီပယ် ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ် ကျိန့်စူးဟုန် အတွက် သစ်ပင်၏ ကံကြမ္မာက စိုးရိမ်ပူပန်ရဆုံး ကိစ္စဖြစ်ခဲ့သည်။

အဆိုပါပရုတ်ပင်သည် ဖူကျိုးမြို့ မင်ဟိုခရိုင် ရွှီကျားကျေးရွာရှိ ဒေသခံမျိုးဆက်များစွာအတွက် တစ်ချိန်က အေးမြသောအရိပ်အုပ်မိုးပေးခဲ့သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလက ဆောက်လုပ်ရေးစီမံကိန်းတစ်ခုတွင် လမ်းဖောက်လုပ်ရေးအတွက် အဆိုပါသစ်ပင်ကို နေရာရွှေ့ရန် ကြိုးပမ်းရာ၌ အလုပ်သမားများက သစ်ပင်၏ ပင်စည်ကို ပြောင်တလင်းခါအောင်ခွါခဲ့ကြရာ ယင်းမှာ သစ်ပင်ဘေးကင်းရေး အသိပညာအားနည်းမှုကြောင့် ဖြစ်သည်။ ထိုသို့ အမှုမဲ့အမှတ်မဲ့ ပြုမူလိုက်ခြင်းကြောင့် သစ်ပင်၏ အရွက်များနှင့် အကိုင်းအခက်များ အားလုံးသွေ့ခြောက်ခဲ့ရသည်။
ယင်းဖြစ်ရပ်ကြောင့် ဒေသခံများ အထိတ်တလန့်ဖြစ်ခဲ့ရသော်လည်း မည်သူ့ကို ရှာဖွေ၍ အကူအညီတောင်းခံရမည်ကို ၎င်းတို့ သိရှိခဲ့ကြသည်။ ဒေသန္တရဥပဒေပြုအာဏာပိုင်အဖွဲ့၏ ပြင်ပဆက်ဆံရေးဌာနဖြစ်သော နိုင်ငံအတွင်းရှိ ပြည်သူ့ဒီမိုကရေစီ အပြည့်အဝကျင့်သုံးမှုလုပ်ငန်းစဉ်ဗဟိုဌာနပင် ဖြစ်သည်။

၎င်းတို့သည် ထိုနေရာတွင် ကျိန့်ကိုတွေ့ရှိခဲ့ကြပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စတွေကို ဆက်ဆံရေးတာဝန်ခံအဖြစ် တာဝန်ကျသည့် လွှတ်တော်ကိုယ်စားလှယ်အား၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ရင်ဖွင့်ခဲ့ကြသည်။

ယင်းအခြေအနေကို ကုစားရန် ကျိန့်သည် ချက်ချင်းပင် စင်တာရှိ အခြားကိုယ်စားလှယ်နှစ်ဦးကို ဆက်သွယ်ခဲ့သည်။ ၎င်းတို့သည် ထိုကျေးရွာသို့ အတူတကွ ကွင်းဆင်းလေ့လာခဲ့ကြပြီး သစ်ပင်ပျက်စီးမှုနှင့်ပတ်သက်၍ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ကို အကြောင်းကြားကာ တည်ဆောက်ရေးစီမံကိန်း၏ မြေပြင်လုပ်ငန်းကို ရပ်တန့်စေခဲ့သည်။

ထို့နောက် ကိုယ်စားလှယ်များကနောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုကို စတင်လုပ်ဆောင်ခဲ့ပြီး မကြာမီမှာပင် ယင်းပရုတ်ပင်သည် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိသော်ငြားလည်း ဥပဒေ သို့မဟုတ် စည်းမျဉ်းများဖြင့် ကာကွယ်ထားခြင်းမရှိခဲ့ကြောင်းကို တွေ့ရှိခဲ့ကြသည်။ စင်စစ်တွင်မူ ဖူကျိုးတွင်ရှိသော သစ်ပင်များအား ကာကွယ်ထိန်းသိမ်းရေးအစီအမံများက ထိုအချိန်က မြို့ပြဒေသများ၌သာသက်ရောက်မှုရှိနေခဲ့သည်။

၎င်းတို့သည် အစည်းအဝေးများ၊ ဆွေးနွေးပွဲများ စီစဉ်ကျင်းပခဲ့ကြပြီးအဆိုပါသစ်ပင်များ ကာကွယ်ခြင်းဆိုင်ရာ အခက်အခဲများကို နားလည်ရန် ဖူကျိုးရှိ ခရိုင်ငါးခုနှင့် ခရိုင်အဆင့်ဒေသ ရှစ်ခုလုံးရှိ ဒေသန္တရ သစ်တောနှင့် မြေယာအခင်းအကျင်းဗျူရိုများမှ ကိုယ်စားလှယ်များ၊ သစ်ပင်ကာကွယ်စောင့်ရှောက်ရေး ဝန်ထမ်းများကိုလည်း ဖိတ်ကြားခဲ့သည်။

၂၀၂၃ နှစ်ကုန်တွင် ဖူကျိုးမြို့ရှိ ရှေးဟောင်း သို့မဟုတ် အထင်ကရ သစ်ပင်များ ကာကွယ်ရေးနှင့် စီမံခန့်ခွဲမှုအတွက် အသစ်ပြန်လည်ပြင်ဆင်ထားသော အစီအမံများကို ဖူကျန့်ပြည်နယ်ဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီက အတည်ပြုခဲ့သည်။ ထိုစီမံဆောင်ရွက်မှုများကို ဖူကျိုးမြို့၏ အုပ်ချုပ်ရေးနယ်မြေအားလုံးတွင် ကျင့်သုံးပြီး ကာကွယ်မှုနယ်ပယ်ကို ရှေးဟောင်း သို့မဟုတ် အထင်ကရ သစ်ပင်ပေါင်း ၁,၀၀၀ ကျော်မှ ၁၀,၀၀၀ ဝန်းကျင်အထိ တိုးချဲ့လာခဲ့သည်။

တရုတ်နိုင်ငံတွင် ကျင့်သုံးလျက်ရှိသော ပြည်သူ့ဒီမိုကရေစီ လုပ်ငန်းစဉ်တစ်ခုလုံးသည် ပြည်သူများကို ဗဟိုပြုရန် ရည်မှန်းထားပြီး ပြည်သူလူထုအနေဖြင့် ရွေးကောက်ပွဲဝင်ခွင့်သာမကဘဲ ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် စီမံအုပ်ချုပ်မှု လုပ်ငန်းစဉ်တစ်ခုလုံးတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခွင့်ရရှိစေခြင်းပင်ဖြစ်သည်။

ဒီမိုကရေစီ တစ်ဆင့်တိုး မြှင့်တင်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အလားတူ ကြိုးပမ်းအားထုတ်မှုများသည် ဖူကျန့်တွင်သာ ကန့်သတ်ထားခြင်းမဟုတ်ပေ။ တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်တွင် နိုင်ငံရေးအတိုင်ပင်ခံ လိုက်မိန်ရုန် ၏ ကြိုးစားအားထုတ်မှုကြောင့် ရှေးဟောင်းသစ်ပင်ပေါင်း ၂၃၀,၀၀၀ ကျော်ကို ဥပဒေကြောင်းအရ အကာအကွယ်ပေးထားခဲ့သည်။

ထို့ပြင် ဟူနန်ပြည်နယ် တောင်ထူထပ်သော ယိုးခရိုင်တွင် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ အဖွဲ့ ဝင်တစ်ဦးဖြစ်သည့် လိုက် သည် ချိတ်များအဖြစ်အသုံးပြုသော သံချက်ရာများဖြင့် ပြည့်နှက်နေသည့် နှစ်ပေါင်း ၁,၅၀၀ သက်တမ်းရှိ သစ်ပင်တစ်ပင်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုကဲ့သို့သောသစ်ပင်များကို ကာကွယ်ရန် လိုအပ်ခြင်းကြောင့် ၎င်းသည် CPPCC ဟူနန်ပြည်နယ်ကော်မတီ၏ အွန်လိုင်းပလက်ဖောင်းမှတစ်ဆင့် အဆိုပြုချက်တစ်ခုတင်သွင်းခဲ့သည်။

ယခုအခါ အဆိုပါသစ်ပင်များအနက် တစ်ပင်ကို ဖျက်ဆီးလိုက်ပါက အမြင့်ဆုံး ဒဏ်ငွေ ယွမ် ၅,၀၀၀ (အမေရိကန်ဒေါ်လာ ၆၉၇ ခန့်) အထိ ဒဏ်ရိုက်ခံရနိုင်သည်။

“တရုတ်ဒီမိုကရေစီက ဘယ်တုန်းကမှအလှတန်ဆာဆင်ထားတာမဟုတ်ဘူး” ဟု လိုက် က ဆိုသည်။

ယခုနှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံက နိုင်ငံ၏ ကျယ်ပြန့်သော ဂေဟစနစ် ယဉ်ကျေးမှုကို တည်ဆောက်ရန်နှင့် ယဉ်ကျေးမှုလက္ခဏာကို ထိန်းသိမ်းရန် ပိုမိုကျယ်ပြန့်သော ရည်မှန်းချက်များနှင့် ကိုက်ညီသည့် ရှေးဟောင်းနှင့် အထင်ကရ သစ်ပင်များကို ကာကွယ်ရေးအတွက် ၎င်း၏ ပထမဆုံး အမျိုးသားအဆင့် စည်းမျဉ်းများကို ထုတ်ပြန်ခဲ့သည်။

မတ်လ ၁၅ ရက်တွင် စတင်အသက်ဝင်မည့် အဆိုပါစည်းမျဉ်းများတွင် သက်တမ်း နှစ် ၁၀၀ ကျော် သစ်ပင်များကို ရှေးဟောင်းသစ်ပင်အဖြစ်လည်းကောင်း၊ သမိုင်း၊ ယဉ်ကျေးမှု သို့မဟုတ် ဂေဟဗေဒဆိုင်ရာ အရေးပါသည့် သစ်ပင်များကို အထင်ကရသစ်ပင်များအဖြစ်လည်းကောင်း သတ်မှတ်ထားသည်။ ၂၀၁၅ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ လုပ်ဆောင်ထားသော နိုင်ငံလုံးဆိုင်ရာ စစ်တမ်းကောက်ယူမှုတစ်ခုအရ တရုတ်နိုင်ငံတစ်ဝန်းတွင် ရှေးဟောင်း သို့မဟုတ် အထင်ကရ သစ်ပင်ပေါင်း ၅.၀၈ သန်းရှိကြောင်း သိရသည်။ (Xinhua)

——————-
(English Version)
China Focus: Tree-rescuing journeys rooted in China’s democracy
FUZHOU, Feb. 28 (Xinhua) — A century-old camphor tree, once on the brink of death, has been revived as a group of deputies to the municipal legislative body in Fuzhou, east China’s Fujian Province, went to great lengths to come to its rescue.
Throughout 2023, the fate of the tree was the most pressing concern of Zheng Shuhong, a deputy to the municipal people’s congress of Fuzhou, the city’s legislature.
The camphor tree, once a source of shade for generations of locals in Xujia Village of Fuzhou’s Minhou County, was reduced to a bare trunk when workers, displaying a complete lack of awareness for its safety, attempted to relocate the tree to make way for a construction project in January 2023. This careless act left it stripped of all its leaves and branches.
Locals were horrified, but they knew where to seek help: the whole-process people’s democracy practice center in the county, an outreach arm of local legislature.
There, they found Zheng and poured out their concerns to the lawmaker on duty who happens to be in charge of the liaison for issues on environmental protection.
To remedy the situation, Zheng contacted the center’s two other deputies at once. Together, they made a field trip to the village, informed local procuratorial organ of the damages to the tree, and managed to halt the construction project’s groundwork.

The deputies initiated a followup investigation and soon uncovered that, although it was more than 100 years old, the camphor tree was not protected by laws or regulations. In fact, measures to protect and manage trees in Fuzhou only applied to urban areas at the time.

They also organized meetings and discussions, and invited representatives of local forestry and landscape bureaus, as well as tree protection workers in all five districts and eight counties of Fuzhou, to understand the difficulties in the protection of these trees.

At the end of 2023, the newly revised measures for the protection and management of ancient or notable trees in Fuzhou were approved by the Standing Committee of the Fujian Provincial People’s Congress. These measures apply to all administrative areas of Fuzhou, expanding the protection scope from over 1,000 to around 10,000 ancient or notable trees.

The whole-process people’s democracy practiced in China aims to put the people at the center so that the public enjoy not just the right to election, but also the right to be broadly involved in the whole process of decision-making and governance.

Similar efforts to further advance democracy and environmental protection are not limited to Fujian. In central China’s Hunan Province, more than 230,000 ancient trees have been granted legal protection, thanks to the diligent work of political advisor Lai Mingyong.
During a trip to the mountainous county of Youxian in Hunan, Lai, a member of the National Committee of the Chinese People’s Political Consultative Conference (CPPCC), discovered a 1,500-year-old tree riddled with iron nails used as hangers. Moved by the need to protect such trees, he submitted a prompt proposal through the CPPCC Hunan Provincial Committee’s online platform.

Damaging one of these trees can now result in fines of up to 5,000 yuan (about 697 U.S. dollars).
“Chinese democracy has never been an ornament,” Lai said.
In January, China introduced its first national-level regulations to protect ancient and notable trees, aligning with the country’s broader goals of building an ecological civilization and preserving cultural identity.
These regulations, set to take effect on March 15, define ancient trees as those over 100 years old, and notable trees as those with historical, cultural or ecological importance. A national survey conducted from 2015 to 2021 identified 5.08 million ancient or notable trees across China.

Photo: This file photo provided by interviewee taken in May 2023 shows a century-old camphor tree in Fuzhou, southeast China’s Fujian Province. (Xinhua)