Connect with us

International Organizations

၂၀၂၅ ခုနှစ် မတ် ၂၁ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဗင်နီစီယက်စ်၏ နောက်ကျအနိုင်ဂိုးဖြင့် ဘရာဇီးက ကိုလံဘီယာကို အနိုင်ရရှိ
မတ် ၂၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဖီဖာကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ဘရာဇီးအသင်းက ကိုလံဘီယာအသင်းကို ၂-၁ ဂိုးဖြင့် အိမ်ကွင်း၌ အနိုင်ရရှိခဲ့ပြီး ဘရာဇီးအတွက် အနိုင်ဂိုးကို ဗင်နီစီယက်စ် ဂျူနီယာက ပွဲကစားချိန် ၉၉ မိနစ်တွင် သွင်းယူပေးခဲ့သည်။
ကိုလံဘီယာအသင်းမှ ဒန်နီရယ် မူနော့စ်က ဗင်နီစီယက်စ်အား ဆွဲလှဲခဲ့သဖြင့် ပွဲကစားချိန် ၆ မိနစ်တွင် ရရှိခဲ့သည့် ပင်နယ်တီကို ဘာစီလိုနာ တောင်ပံကစားသမား ရာဖင်ညာက ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့သည်။ သို့သော် ဂျိမ်းစ်ရိုဒရီဂွက်ဇ်၏ ပေးပို့မှုမှတစ်ဆင့် လူးဝစ္စ ဒီယက်ဇ်က လီဗာပူးလ်အသင်းဖော်ဖြစ်သူ ဘရာဇီးဂိုးသမား အယ်လ်လစ်ဆန်ကိုကျော်၍ ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။
သို့သော် နာကျင်အချိန်ပိုတွင် ဗင်နီစီယက်စ်၏ အဝေးကန်ချက်မှာ ဂျက်ဖာဆန် လာမာနှင့်ထိ၍ အ‌ဝေးထောင့်ဆီသို့ တန်းတန်းမတ်မတ် ဂိုးဝင်သွားသဖြင့် ဘရာဇီးအသင်း အနိုင်ဂိုးရရှိခဲ့သည်။
“ပံ့ပိုးမှုလုပ်နိုင်ခဲ့သလို အနိုင်ဂိုးကိုလည်း သွင်းယူနိုင်ခဲ့တာက ကျွန်တော့်အတွက် သိပ်ကိုအရေးပါပြီး အရမ်းကို ပျော်ရွှင်မိပါတယ်” ဟု ရီးရဲလ်မက်ဒရစ် တိုက်စစ်ကစားသမား ဗင်နီစီယက်စ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
…..
— နေးရှင်းလိဂ်ပြိုင်ပွဲတွင် စပိန်အသင်းအတွက် နီကို ဝီလီယမ်စ် ခြေစွမ်းပြခဲ့ပြီး ဂျာမနီ၊ ဒိန်းမတ်နှင့် ခရိုအေးရှားတို့ အသီးသီးနိုင်ပွဲရရှိ
မတ် ၂၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စိတ်လှုပ်ရှားဖွယ် ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ကွာတားဖိုင်နယ်ပွဲစဉ် ပထမအကျော့တွင် စပိန်နှင့် နယ်သာလန်တို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့ပြီး ဘီဘာအိုတိုက်စစ်ကစားသမား နီကို ဝီလီယမ်စ်က စပိန်အသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့သလို နောက်ကျချေပဂိုးကိုလည်း ဖန်တီးပေးခဲ့ပြီး သရေတစ်မှတ် ခွဲယူနိုင်စေရန် အဓိကစွမ်းဆောင်ပေးခဲ့သည်။
အခြားပွဲစဉ်တွင်မူ ဂျာမနီက အီတလီအား တစ်ဂိုးရှုံးနိမ့်ရာမှ နှစ်ဂိုးပြန်လည်သွင်းယူကာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အဖိုးတန်နိုင်ပွဲကို ရယူနိုင်ခဲ့သည်။
ပွဲကစားချိန် ၉ မိနစ်တွင် ညာခြမ်းမှ ပေးပို့လိုက်သည့် ဘောလုံးကို ဂျာမနီခံစစ်က ရှင်းမထုတ်နိုင်စဉ် ဆန်ဒရို တိုနာလီက အီတလီအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ထို့နောက် ပွဲချိန်ဒုတိယပိုင်းတွင် ဂျိုရှူအာ ကင်မစ်ချ်၏ ဖန်တီးမှုမှတစ်ဆင့် လူကပ်ခံရခြင်းမရှိသည့် တင်မ် ကလိုင်းဒင့်စ်က ခေါင်းတိုက်၍ ဧည့်သည်အသင်းအတွက် ချေပဂိုးသွင်းယူခဲ့သည်။
ထို့နောက် ပွဲချိန် ၇၆ မိနစ်တွင် လီယွန် ဂေါ့ဇ်ကာက ဂျာမနီအတွက် အနိုင်ဂိုးသွင်းယူခဲ့ပြီး အဆိုပါဂိုးကို ကင်မစ်ချ်ကပင် ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။
ဒိန်းမတ်အသင်းကမူ ပေါ်တူဂီအား အိမ်ကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒိန်းမတ်အတွက် အနိုင်ဂိုးကို ပွဲချိန် ၇၈ မိနစ်တွင် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုင်းလန်းက သွင်းယူခဲ့သည်။
…..
— ရိုးမားကြယ်ပွင့်ကစားသမား ဒီဘားလား ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရဖွယ်ရှိ
အီတလီ စီးရီးအေကလပ် ရိုးမားအသင်း၏ ကြယ်ပွင့်ကစားသမား ပေါ်လို ဒီဘားလားမှာ ၎င်း၏ဒဏ်ရာအတွက် ခွဲစိတ်မှုခံယူရမည်ဖြစ်သဖြင့် ယခုရာသီ၌ လက်ကျန်ပွဲစဉ်များကို လွဲချော်ဖွယ်ရှိကြောင်း ကလပ်အသင်းက အတည်ပြုကြေညာခဲ့သည်။
ဒီဘားလားမှာ မတ် ၁၆ ရက်က ကာဂလီယာရီအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် စီးရီးအေပွဲစဉ်တွင် လူစားဝင်လာပြီးနောက် ၁၂ မိနစ်အကြာတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ ၎င်းအနေဖြင့် ဥရုဂွေး၊ ဘရာဇီးတို့နှင့် ယှဉ်ပြိုင်ကစားမည့် အာဂျင်တီးနားအသင်း လူစာရင်းမှလည်း နုတ်ထွက်ခဲ့ရသည်။
…..
— ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် တစ်ယောက်လျော့ တရုတ်အသင်းက ဆော်ဒီအသင်းကို ရှုံးနိမ့်
‌မတ် ၂၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် တရုတ်အသင်းက ဆော်ဒီအသင်းအား ၀-၁ ဂိုးဖြင့် ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့သဖြင့် အာရှဇုန် အုပ်စု-C တွင် အမှတ်ပေးဇယား အောက်ဆုံး၌ ရုန်းကန်ရတော့မည်ဖြစ်သည်။ တရုတ်အသင်းမှာ ခုနစ်ပွဲကစားပြီးချိန်တွင် ရမှတ်ခြောက်မှတ်ဖြင့် အုပ်စု-C အဆင့်ရပ်တည်မှု၌ အောက်ဆုံးတွင် ဆက်ရှိနေပြီး မတ် ၂၅ ရက်၌ ဩစတြေးလျအသင်းနှင့် အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကာ အဆိုပါပွဲစဉ်တွင် ရလဒ်ကောင်းများ ပြန်လည်ရယူနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။ (Xinhua)

………………….
(English Version)
Vinicius strikes late as Brazil sinks Colombia
Vinicius Junior scored in the 99th minute as Brazil edged to a 2-1 home victory over Colombia in their FIFA World Cup qualifier here on Thursday.
Barcelona winger Raphinha converted a sixth-minute penalty after Vinicius Junior was brought down by Daniel Munoz. Luis Diaz put his side on level terms when he received James Rodriguez’s pass before firing a shot past his Liverpool teammate Alisson.
Vinicius finally broke the deadlock when his long-range effort flew into the far corner after taking a deflection off Jefferson Lerma.
“It was very important for me to contribute and scoring the winning goal makes me very happy,” the Real Madrid forward said after the match.
…..
Nico stars for Spain while Germany, Denmark, Croatia win in Nations League
Nico Williams helped Spain to a 2-2 draw away to the Netherlands in a thrilling UEFA Nations League quarterfinal first leg match on Thursday, as the Athletic Bilbao forward opened the scoring for his side and then had a big role in a late equalizer.
Elsewhere, Germany fought back from a goal down to claim a valuable 2-1 win away to Italy.
Sandro Tonali fired Italy ahead after nine minutes after the Germany defense failed to clear a ball from the right. The visitors got back on level terms straight after the break when Joshua Kimmich assisted unmarked substitute Tim Kleindienst for a header.
Kimmich was the provider again for Leon Goretzka to put Germany ahead in the 76th minute.
Manchester United striker Rasmus Hojlund scored a 78th-minute winner as Denmark took a narrow but deserved 1-0 win at home to Portugal.
…..
Roma star Dybala likely to miss rest of season
Roma’s talisman Paulo Dybala risks missing the remainder of the season as the Argentine is set to undergo surgery, the club confirmed on Tuesday.
Dybala picked up an injury just 12 minutes after coming off the bench in the Serie A clash against Cagliari last Sunday. La Joya subsequently withdrew from the national squad, which will face Uruguay and Brazil during the international break.
…..
10-man China falls to Saudi Arabia in World Cup qualifier
China suffered a narrow 1-0 defeat to Saudi Arabia in a FIFA 2026 World Cup qualifying match on Thursday, leaving it struggling at the bottom of Group C in the Asian zone. After seven matches, China remains at the bottom of Group C with just six points. It will next take on Australia at home on Tuesday and will look to turn fortunes around.