Connect with us

China

ရှန်ကျိုး-၁၉ အာကာသယာဉ်မှူးများ တတိယအကြိမ် အာကာသယာဉ်ပြင်ပလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

ရှန်ကျိုး-၁၉ အာကာသယာဉ်မှူး ချိုက်ရွှိကျယ်က အာကာသယာဉ်ပြင်ပလုပ်ငန်းဆောင်ရွက်ရန် တရုတ်နိုင်ငံ၏ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း လည်ပတ်နေသောအာကာသစခန်းအပြင်ထွက်နေသည်ကို ၂၀၂၅ ခုနှစ် မတ် ၂၁ ရက်က ပေကျင်း လေကြောင်းနှင့် အာကာသထိန်းချုပ်ရေးစင်တာမှ ဖန်သားပြင်ဓာတ်ပုံရိုက်ကူးထားစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းလည်ပတ်နေသော အာကာသစခန်းရှိ ရှန်ကျိုး-၁၉ အာကာသယာဉ်မှူးများသည် ၎င်းတို့မစ်ရှင်၏ တတိယအကြိမ် အာကာသယာဉ်ပြင်ပ လုပ်ငန်းများ (EVAs) ကို (ပေကျင်းစံတော်ချိန်) မတ် ၂၁ ရက် ည ၈:၅၀ နာရီ၌ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါနိုင်သောအာကာသအေဂျင်စီ (CMSA) အရ သိရသည်။
အာကာသယာဉ်မှူးများဖြစ်ကြသော ချိုက်ရွှိကျယ်၊ စုန့်လင့်တုန်းနှင့် ဝမ်ဟောက်ကျယ်တို့သည် အာကာသအပျက်အစီးများ ကာကွယ်ရေးကိရိယာများနှင့် အာကာသယာဉ်ပြင်အထောက်အကူပစ္စည်းများ တပ်ဆင်ခြင်းနှင့် အာကာသယာဉ်ပြင်ပရှိ ကိရိယာစစ်ဆေးခြင်း စသည်တို့အပါအဝင် လုပ်ငန်းတာဝန်များစွာကို အချိန် ခုနစ်နာရီခန့်ကြာ ဆောင်ရွက်ခဲ့ကြသည်။ ၎င်းတို့ကို အာကာသစခန်း၏ စက်ရုပ်လက်တံနှင့် ကမ္ဘာပေါ်ရှိ အဖွဲ့တို့၏ အကူအညီဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ရှန်ကျိုး-၁၉ အာကာသယာဉ်မှူးများသည်အာကာသအတွင်းရောက်ရှိနေသည်မှာ အချိန် ငါးလနီးပါးရှိပြီဖြစ်ကာ အာကာသ သိပ္ပံပညာရပ်ဆိုင်ရာ လက်တွေ့သုတေသနများနှင့် စမ်းသပ်မှုအများအပြားမှာလည်း အဆင်ပြေချောမွေ့စွာ တိုးတက်လျက်ရှိသည်။ အဆိုပါ အာကာသယာဉ်မှူးများသည် နောက်ထပ်တစ်လကျော်ကာလအတွင်း ကမ္ဘာမြေသို့ ပြန်လာရန် လျာထားကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/15H

 

……………………………………..
(English Version)
Shenzhou-19 crew completes third extravehicular activities
BEIJING, March 21 (Xinhua) — Members of the Shenzhou-19 crew aboard China’s orbiting space station completed their mission’s third series of extravehicular activities (EVAs) at 8:50 p.m. (Beijing Time) on Friday, according to the China Manned Space Agency (CMSA).
Astronauts Cai Xuzhe, Song Lingdong and Wang Haoze worked for about seven hours to complete multiple tasks, including the installation of space debris protection devices and extravehicular auxiliary facilities, as well as extravehicular equipment inspection. They were assisted by the space station’s robotic arm and a team on Earth.
The Shenzhou-19 crew has been in space for nearly five months, and the various space scientific experiments and tests are progressing smoothly. The crew is scheduled to return to Earth in more than a month. xhtxs.cn/15H
Photo 1: This screen image captured at Beijing Aerospace Control Center on March 21, 2025 shows Shenzhou-19 astronaut Cai Xuzhe leaving China’s orbiting space station for extravehicular activities. (Xinhua/Li Minggang)