Europe
နေတိုးအဖွဲ့၏ အကြီးစား ရေတပ်စစ်ရေးလေ့ကျင့်မှုကို စပိန်ကမ်းလွန်၌ စတင်ပြုလုပ်

မက်ဒရစ်၊ မတ် ၂၅ ရက် (ဆင်ဟွာ)
နေတိုးအဖွဲ့က Dynamic Mariner/Flotex 25 စစ်ရေးလေ့ကျင့်မှုဟု အမည်ပေးထားသော နိုင်ငံစုံပါဝင်သည့် အကြီးစား စစ်ရေးလေ့ကျင့်မှုကို စပိန်နိုင်ငံ အနောက်တောင်ဘက် ကမ်းလွန်၌ မတ် ၂၄ ရက်က စတင်ပြုလုပ်ခဲ့သည်။
၂၀၂၅ ခုနှစ်အတွင်း နေတိုးအဖွဲ့၏ အကြီးဆုံး စစ်ရေးလေ့ကျင့်မှု အစီအစဉ်၌ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ပေါ်တူဂီ၊ စပိန်၊ ခရိုအေးရှား၊ အမေရိကန်၊ ဂရိ နှင့် တူကီယဲ စသည့် နိုင်ငံကိုးနိုင်ငံမှ တပ်ဖွဲ့ဝင် ၄,၀၀၀ ခန့်နှင့်အတူ စစ်သင်္ဘော အစင်း ၃၀၊ ရေငုပ်သင်္ဘော ၂ စင်း၊ ကမ်းတက်တပ်ဖွဲ့များနှင့် စစ်လေယာဉ်များ ပါဝင်ကြောင်း သိရသည်။
စပိန်ရေပိုင်နက် အပါအဝင် မြေထဲပင်လယ်အနောက်ပိုင်းနှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့တွင် ပြုလုပ်လျက်ရှိသော အဆိုပါ စစ်ရေးလေ့ကျင့်မှုအား ဧပြီ ၄ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်။ ယင်းစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သော နိုင်ငံများ၏ ရေတပ်အင်အား ဖြန့်ကြက်စိုးမိုးနိုင်စွမ်း၊ အမိန့်ပေးကွပ်ကဲမှုနှင့် ထိန်းချုပ်မှု၊ ကုန်းရေနှစ်သွယ် စစ်ဆင်ရေးများ၊ ရေငုပ်သင်္ဘောတိုက်ဖျက်မှု စစ်ဆင်ရေး၊ ဆိုက်ဘာလုံခြုံရေး စသည့် ကဏ္ဍများ၏ စွမ်းရည်များကို စမ်းသပ်ရန် ရည်ရွယ်ပြီး မောင်းသူမဲ့လေယာဉ် စသော နောက်ဆုံးပေါ်နည်းပညာများကိုလည်း ပေါင်းစပ်ထည့်သွင်းသွားမည်ဟု စပိန်ကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။
ထိုစစ်ရေးလေ့ကျင့်မှုမှာ စပိန်ရေတပ်၏ ခေတ်အမီဆုံး ရေငုပ်သင်္ဘောဖြစ်သည့် S-81 Isaac Peral အား နိုင်ငံတကာ၌ ပထမဆုံးအကြိမ် တပ်ဖြန့်မှုလည်းဖြစ်သည်။ စပိန်ကာကွယ်ရေးဝန်ကြီးဌာနက ယင်းစစ်ရေးလေ့ကျင့်မှုသည် ရေငုပ်သင်္ဘောတပ်ဖွဲ့အား အဆင့်ဆင့် ခေတ်မီအသွင်ပြောင်းခြင်း၏ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုက ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော လုံခြုံရေးဝန်းကျင်၌ အလွန်အရေးပါသည့် ပင်လယ်လမ်းကြောင်းများအား ကာကွယ်နိုင်စွမ်းအပေါ် စမ်းသပ်အကဲဖြတ်မည်ဖြစ်သလို အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်မှု၊ ပေါင်းစပ်ညှိနှိုင်းမှု မြှင့်တင်ရေးအတွက် အလေးထားလုပ်ဆောင်မည်ဖြစ်ကြောင်း နေတိုးအဖွဲ့၏ မဟာမိတ် ရေကြောင်းကွပ်ကဲမှုဌာနချုပ် (AMC) ၏ အဆိုအရ သိရသည်။ (Xinhua)
……………….
(English Version)
NATO launches major naval exercise off Spain’s coast
MADRID, March 24 (Xinhua) — NATO on Monday started a large-scale multinational training exercise off the southwest coast of Spain, called the Dynamic Mariner/Flotex 25 exercise.
NATO’s largest planned exercise for 2025 involves around 4,000 military personnel, 30 ships, two submarines, amphibious units, and aircraft from nine countries: France, Germany, Italy, Portugal, Spain, Croatia, the United States, Greece, and Türkiye.
Taking place in the western Mediterranean Sea and the Atlantic Ocean, including Spanish territorial waters, the drill will continue until April 4th. It is designed to test the participants’ capabilities in naval power projection, command and control, amphibious operations, anti-submarine warfare, and cyber defense, among others, while integrating cutting-edge technologies such as unmanned aircraft, according to Spain’s defense ministry.
This exercise marks the first international deployment of the S-81 Isaac Peral, the Spanish Navy’s most advanced submarine. Spain’s defense ministry described the drill as “a milestone in the evolution of the modernization of the Submarine Force.”
According to NATO’s Allied Maritime Command (AMC), the drill will also test the alliance’s ability to secure vital sea lanes in an evolving security environment, with an emphasis on enhancing real-time collaboration and coordination.
English Caption
The picture shows the German Navy frigate Bayern (F217) and the French Navy frigate Commandant Birot (F796) anchored in a port, which are taking part in the exercise Dynamic Mariner / Flotex 25. (Photo credit: NATO’s Allied Maritime Command)