Connect with us

Asia

သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်းရှိရေးအတွက် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးများ ကတိပြု

တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝမ်ဝန်ထောင်း (ယာ)၊ ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ယိုဂျိ မူတို (ဝဲ) နှင့် တောင်ကိုရီးယားနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီး Ahn Duk-geun တို့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ၂၀၂၅ ခုနှစ် မတ် ၃၀ ရက်က အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးနေစဉ် (ဆင်ဟွာ)

ဆိုးလ်၊ မတ် ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခိုင်အမာ စိတ်ပိုင်းဖြတ်ထားပြီး အဆင့်မြင့် တံခါးဖွင့်မှုကို တိုးချဲ့သွားမည်ဖြစ်သလို တောင်ကိုရီးယား (ROK) ၊ ဂျပန် အပါအဝင် နိုင်ငံအားလုံးနှင့် အခွင့်အလမ်းများ မျှဝေသွားမည်ဟု ကတိပြုကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝမ်ဝန်ထောင်းက မတ် ၃၀ ရက်၌ ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာစီးပွားရေး အကျဘက်သို့ဆင်းနိုင်သော ဖိအားများ သက်ရောက်နေချိန်တွင် ဒေသတွင်းနှင့် ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့အနေဖြင့် လွတ်လပ်သော ကုန်သွယ်ရေးနှင့် နိုင်ငံစုံပါဝင်သော ကုန်သွယ်ရေးစနစ်ကို ထိန်းသိမ်းကာကွယ်ရေး၊ တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို ဆန့်ကျင်ရေး၊ ဒေသတွင်း စီးပွားရေးပေါင်းစည်းမှုကို ဆက်လက်ဖော်ဆောင်ရေးအတွက် အတူတကွ ကြိုးပမ်းအားထုတ်ရမည်ဖြစ်ကြောင်း ဆိုးလ်မြို့တွင် မတ် ၃၀ ရက်က ကျင်းပသည့် ၁၃ ကြိမ်မြောက် တရုတ်-ဂျပန်-တောင်ကိုရီးယား သုံးနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးများ အစည်းအဝေး၌ ဝမ်က ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/2nM

……………………………………………………………………………
(English Version)
China, Japan, ROK economic, trade ministers pledge to deepen trilateral cooperation
SEOUL, March 31 (Xinhua) — China is committed to high-quality development and expanding high-level openness, vowing to share opportunities with all nations, including the Republic of Korea (ROK) and Japan, said Chinese Commerce Minister Wang Wentao here on Sunday.
Amid the downward pressure on the global economy, China, Japan and ROK, as major regional and global economies, have to make joint efforts to safeguard free trade and multilateral trading system, oppose unilateralism and protectionism, and advance regional economic integration, said Wang at the 13th China-Japan-ROK Trilateral Economic and Trade Ministers’ Meeting held in Seoul on Sunday.
English Caption
Chinese Commerce Minister Wang Wentao (R), Japanese Minister of Economy, Trade and Industry Yoji Muto (L) and South Korean Minister of Trade, Industry and Energy Ahn Duk-geun pose for photo in Seoul, South Korea, on March 30, 2025. (Xinhua/Yao Qilin)