Connect with us

NPC

DeepSeek တိုးတက်မှုက တရုတ်နည်းပညာ၏ အလုံးစုံပါဝင်မှုကို သရုပ်ဖော်ပြသနေ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၅ ခုနှစ် မတ် ၄ ရက်၌ ကျင်းပသော ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်၏ တတိယအကြိမ်မြောက်အစည်းအဝေး သတင်းစာရှင်းလင်းပွဲ၌ အစည်းအဝေး၏ ပြောရေးဆိုခွင့်ရှိသူ လိုချင်ကျန် တက်ရောက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ)
DeepSeek ကဲ့သို့ တရုတ်နည်းပညာကုမ္ပဏီများ ထွက်ပေါ်လာခြင်းက တရုတ်နိုင်ငံ သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှု၏ ဆန်းသစ်တီထွင်မှုရှိ၍ အလုံးစုံပါဝင်မှုရှိသော ချဉ်းကပ်မှုကို ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက မတ် ၄ ရက်၌ ပြောကြားခဲ့သည်။
DeepSeek သည် open-source နည်းပညာလမ်းကြောင်းကို လျှောက်လှမ်းလျက်ရှိပြီး ယင်းမှာ ကမ္ဘာတစ်လွှား ဉာဏ်ရည်တုနည်းပညာ (AI) ကို ပိုမိုတွင်ကျယ်စွာ အသုံးပြုမှု အဆင်ပြေလွယ်ကူစေကာ ကမ္ဘာကြီးအား တရုတ်နိုင်ငံ၏ ဉာဏ်ပညာဖြင့် အထောက်အကူပြုလျက်ရှိကြောင်း ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်၏ တတိယအကြိမ်မြောက်အစည်းအဝေး ပြောရေးဆိုခွင့်ရှိသူ လိုချင်ကျန်က ထိုအစည်းအဝေး ဖွင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ယခုနှစ်အစောပိုင်းတွင် တရုတ်နည်းပညာကုမ္ပဏီ DeepSeek က open-source နှင့် နာမည်ကျော် ချက်ဘော့ (chatbot) ကို မိတ်ဆက်လိုက်ရာ ကမ္ဘာ့ AI လောကနှင့် ရင်းနှီးမြှုပ်နှံမှုဈေးကွက်များတစ်လျှောက် အံ့ဩမင်သက်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
DeepSeek’s progress demonstrates inclusiveness of Chinese technology: spokesperson
BEIJING, March 4 (Xinhua) — The rise of Chinese tech companies like DeepSeek has shed light on the innovative and inclusive approach of China’s sci-tech development, a spokesperson said Tuesday.
DeepSeek follows an open-source technological path, which has facilitated the wider application of AI technologies worldwide and contributed China’s wisdom to the world, Lou Qinjian, spokesperson for the third session of the 14th National People’s Congress, told a press conference ahead of the opening of the session.
Earlier this year, Chinese tech start-up DeepSeek sent shock waves through the global AI industry and capital markets by introducing an open-source and popular chatbot.
Photo: Lou Qinjian, spokesperson for the third session of the 14th National People’s Congress (NPC), attends a press conference at the Great Hall of the People in Beijing, capital of China, March 4, 2025. (Xinhua/Liu Dawei)