Connect with us

International Organizations

၂၀၂၅ ခုနှစ် မတ် ၅ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်များတွင် အင်္ဂလန်အသင်းများ ရလဒ်ကောင်းခဲ့ပြီး မက်ဒရစ်ဒါဘီတွင် ရီးရဲလ်မက်ဒရစ်က ကျဉ်းမြောင်းသော ရလဒ်ဖြင့် အနိုင်ရရှိ
‌မတ် ၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်များတွင် အင်္ဂလန်အသင်းများဖြစ်သည့် အက်စတွန်ဗီလာနှင့် အာဆင်နယ်တို့က ဂိုးပြတ်အနိုင်ရလဒ်များ ရယူနိုင်ခဲ့ပြီး ကွာတားဖိုင်နယ် တက်ရောက်နိုင်ရန် အရေးပါသော ခြေလှမ်းများကို လှမ်းနိုင်ခဲ့သည်။
အက်စတွန်ဗီလာက ကလပ်ဘရုဂေးအား အဝေးကွင်း၌ ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သလို အာဆင်နယ်ကလည်း ပီအက်စ်ဗီအား ၇-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူကာ နောက်တစ်ဆင့်သို့ တက်ရောက်ခွင့်ရရေးအတွက် ထိထိရောက်ရောက် စွမ်းဆောင်နိုင်ခဲ့သလို ရီးရဲလ်မက်ဒရစ်နှင့် အက်သလက်တီကို မက်ဒရစ်တို့၏ မက်ဒရစ်ဒါဘီ ပွဲစဉ်မှာလည်း ပရိသတ်များ၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
ပွဲချိန် ၃ မိနစ်တွင် ရိုဒရီဂိုက ဖီဒီ ဗယ်လ်ဗာဒီ၏ ပေးပို့မှုမှတစ်ဆင့် အဖွင့်ဂိုးသွင်းယူခဲ့သဖြင့် ရီးရဲလ်မက်ဒရစ်က စောစောစီးစီး ဦးဆောင်ထားနိုင်ခဲ့သည်။ တိုက်စစ်မှူး ရိုဒရီဂိုက အတွင်းသို့ချိုးဝင်၍ အဝေးတိုင်ဆီသို့ ဝေ့ဝိုက်ကန်သွင်းခဲ့ခြင်းဖြစ်သည်။
သို့သော် ဟူလီယန် အယ်လ်ဗာရက်ဇ်က ရီးရဲလ်ကွင်းလယ်လူ အက်ဒွါဒို ကာမာဗင်ဂါကို ကျော်ဖြတ်ကာ ဂိုးသမား ကော်တိုအာကိုကျော်၍ သေသေသပ်သပ် ကန်သွင်းပြီး အက်သလက်တီကိုအတွက် ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။ အက်သလက်တီကိုက ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင် ထိထိရောက်ရောက် ကစားနိုင်ခဲ့သော်လည်း ပွဲကစားချိန် ၅၄ မိနစ်တွင် ရီးရဲလ်အသင်းကပင် ဦးဆောင်ဂိုးရရှိသွားပြီး ဘရာဟင် ဒီယက်ဇ်က ဂိုးဧရိယာအပြင်ဘက်မှ အနိမ့်ကန်ချက်ဖြင့် သွင်းယူခဲ့ခြင်းဖြစ်သည်။
…..
— ဘိုင်ယန်မြူးနစ်က အသင်း၏ ဂန္ထဝင်ကစားသမား ဘက်ကင်ဘောင်ဝါအား ချန်ပီယံလိဂ်ပွဲစဉ်၌ အကြီးအကျယ် ဂုဏ်ပြုကာ ၎င်း၏ ကျောနံပါတ်-၅ အား ရာသက်ပန် အနားပေးမည်
၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် အသက် ၇၈ နှစ်အရွယ်၌ ကွယ်လွန်သွားခဲ့သည့် အသင်း၏ ဂန္ထဝင်ကစားသမား ဘက်ကင်ဘောင်ဝါအပေါ် ဘိုင်ယန်မြူးနစ်၏ နက်ရှိုင်းသော သံယောဇဉ်ကို ပြသသည့်အနေဖြင့် ၎င်းဝတ်ဆင်ခဲ့သည့် ကျောနံပါတ်-၅ အား ရာသက်ပန် အနားပေးရန် အသင်းပရိသတ်အဖွဲ့ဝင်များ၏ မဲဆန္ဒအရ ဆုံးဖြတ်လိုက်ကြောင်း အသင်းဥက္ကဋ္ဌဖြစ်သူ ဟားဘတ် ဟိုင်နာက ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်အနေဖြင့် ဥရောပဘောလုံးလောကကို လွှမ်းမိုးခဲ့စဉ်က ဘက်ကင်ဘောင်ဝါမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ၁၉၇၄၊ ၁၉၇၅ နှင့် ၁၉၇၆ ခုနှစ်တို့တွင် ချန်ပီယံလိဂ်ဖလား သုံးနှစ်ဆက်တိုက် ရယူနိုင်ရန်နှင့် ပြည်တွင်းဆုဖလား ကိုးကြိမ်ရယူနိုင်ရန် ကူညီစွမ်းဆောင်ပေးခဲ့သည်။
ဘက်ကင်ဘောင်ဝါမှာ ကမ္ဘာ့ဖလားအား ၁၉၇၄ ခုနှစ်တွင် ကစားသမားအဖြစ်လည်းကောင်း၊ ၁၉၉၀ ပြည့်နှစ်တွင် နည်းပြအဖြစ်လည်းကောင်း ဆွတ်ခူးနိုင်ခဲ့ပြီး ဘောလုံးသမိုင်းတွင် ထိုကဲ့သို့ စွမ်းဆောင်နိုင်ခဲ့သူ သုံးဦးသာရှိပြီး ဘက်ကင်ဘောင်ဝါအပြင် ဘရာဇီးမှ မာရီယို ဇာဂါလို၊ လက်ရှိပြင်သစ်အသင်းနည်းပြ ဒီဒီယာ ဒေးရွှမ့်တို့သာရှိသေးသည်။
…..
— ကာဝါဆာကီ ဖရွန်တေးနှင့် ယှဉ်ပြိုင်ကစားမည့် အေအက်ဖ်စီ ချန်ပီယံလိဂ်ပွဲစဉ်တွင် ရှန်ဟိုင်းဆန်းဟွာ ကစားသမား Jiang Shenglong အကာအကွယ်မျက်နှာဖုံးတပ်၍ ပါဝင်ကစားဖွယ်ရှိ
တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းဆန်းဟွာအသင်း၏ နောက်ခံလူ Jiang Shenglong မှာ မတ် ၅ ရက်၌ ကာဝါဆာကီ ဖရွန်တေးအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် အေအက်ဖ်စီ ချန်ပီယံလိဂ်ပွဲစဉ်တွင် အကာအကွယ်မျက်နှာဖုံးတပ်၍ ပါဝင်ကစားဖွယ်ရှိကြောင်း သိရသည်။ ၎င်းအနေဖြင့် ပြီးခဲ့သည့် ပြည်တွင်းလိဂ်ပြိုင်ပွဲတွင် မျက်နှာ၌ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
…..
— ပေကျင်း တစ်ဝက်မာရသွန်ပြိုင်ပွဲတွင် လူပုံစံတူစက်ရုပ်များ ပါဝင်ယှဉ်ပြိုင်မည်
‌တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဧပြီလအတွင်း ကျင်းပမည့် တစ်ဝက်မာရသွန်ပြိုင်ပွဲတွင် လူပုံစံတူစက်ရုပ်များ ပါဝင်မည်ဖြစ်ပြီး လူပုံစံတူစက်ရုပ်များ အားကစားပြိုင်ပွဲကိုလည်း ဩဂုတ်လအတွင်း ကျင်းပရန် စီစဉ်ထားကြောင်း ပေကျင်းမြူနီစီပယ်အစိုးရ ပြန်ကြားရေးရုံးက မတ် ၄ ရက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်ကြေညာခဲ့သည်။
ပေကျင်းမြို့ အရှေ့တောင်ဘက်ရှိ ပေကျင်း စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဒေသ၌ ကျင်းပမည့် တစ်ဝက်မာရသွန်ပြိုင်ပွဲတွင် စက်ရုပ်များနှင့် လူသားပြိုင်ပွဲဝင်များက လမ်းကြောင်းတစ်ခုတည်း၌ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း၊ လူပုံစံတူစက်ရုပ်များက ပြိုင်ပွဲဝင်အားလုံး ဘေးကင်းရေးအတွက် အကာအရံများ သို့မဟုတ် အစိမ်းရောင် ရပ်ဝန်းများဖြင့် အကာအကွယ် ပြုလုပ်ထားသော ၎င်းတို့၏ သီးခြားပြေးလမ်းပေါ်တွင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ယင်းဒေသ၏ အုပ်ချုပ်ရေးကော်မတီ လက်ထောက်အကြီးအကဲဖြစ်သူ Li Quan က ဆိုသည်။ (Xinhua)


………………….
(English Version)
Good night for English sides as Real Madrid takes narrow lead in Champions League last-16
English clubs Aston Villa and Arsenal took significant steps toward the Champions League quarterfinals on Wednesday with convincing victories in the first legs of their last-16 ties.
Aston Villa secured a 3-1 win away to Club Brugge, while Arsenal thrashed PSV Eindhoven 7-1, effectively sealing their qualification on a day when the Madrid derby between Real and Atletico Madrid also grabbed attention.
Real Madrid struck early against Atletico, with Rodrygo scoring in the third minute after a pass from Fede Valverde. The forward cut inside and curled a shot into the far post.
Atletico equalized through Julian Alvarez, who beat Eduardo Camavinga and finished with a precise shot past Thibaut Courtois. Despite Atletico’s strong start to the second half, Real Madrid regained the lead in the 54th minute when Brahim Diaz scored with a low shot from outside the area.
…..
Bayern Munich to retire Beckenbauer’s no. 5 with giant tribute on Champions League stage
Bayern Munich’s president Herbert Hainer said that after a member vote, Beckenbauer’s No. 5 would be retired permanently to express “the club’s deep attachment” following his death in January 2024 at age 78.
Beckenbauer played a pivotal role in Bayern’s rise to European football dominance, helping secure three consecutive Champions League titles in 1974, 1975, and 1976, along with nine national championships.
He is one of only three men in history to win the World Cup as both a player (1974) and a coach (1990), joining Brazil’s Mario Zagallo and current France coach Didier Deschamps.
…..
Shanghai Shenhua’s Jiang likely to play AFC Champions League against Kawasaki Frontale with protective mask
Shanghai Shenhua defender Jiang Shenglong is expected to wear a protective mask during Wednesday’s AFC Champions League match against Kawasaki Frontale after sustaining a facial injury in a recent domestic game.
…..
Humanoid robots to run Beijing half-marathon
Humanoid robots will participate in a half-marathon in April in Beijing, and a humanoid robots sports meet is also scheduled for August, according to a press briefing held on Tuesday by the information office of the Beijing Municipal Government.
The half-marathon, to be held in the Beijing Economic-Technological Development Area in southeast Beijing on April 13, will see robotic and human athletes compete along the same route, noted Li Quan, deputy head of the area’s administrative committee, adding that humanoids will run along their own separate tracks that will be secured with barriers or green belts to ensure the safety of both humans and robots.