Europe
ဥရောပအား လက်နက်ပြန်လည်တပ်ဆင်ရေးအတွက် ယူရိုဘီလီယံ ၈၀၀ အသုံးပြုမည့် အစီအစဉ်ကို အီးယူအကြီးအကဲ အဆိုပြု

ဘရပ်ဆဲလ်၊ မတ် ၅ ရက် (ဆင်ဟွာ)
ဥရောပသမဂ္ဂတစ်လွှား ကာကွယ်ရေးအသုံးစရိတ် သိသိသာသာ တိုးမြှင့်သည့်အနေဖြင့် ယူရိုဘီလီယံ ၈၀၀ (အမေရိကန်ဒေါ်လာ ၈၄၄.၆ ဘီလီယံ) အသုံးပြုမည့် အစီအစဉ်အား ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က မတ် ၄ ရက်၌ ကြေညာခဲ့သည်။
ဥရောပသမဂ္ဂ (အီးယူ) တစ်လွှား၌ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ အရှိန်မြင့်တက်လာမှုကို တုံ့ပြန်ရန်အတွက် ဥရောပအနေဖြင့် လက်နက်ပြန်လည်တပ်ဆင်သည့် ခေတ်ကာလသို့ ရောက်ရှိလာခဲ့သည်ဟု ၎င်းက ဆိုသည်။
မတ် ၆ ရက် ဥရောပကောင်စီ အစည်းအဝေးမတိုင်မီ အီးယူခေါင်းဆောင်များထံ ရေးသားပေးပို့ခဲ့သည့် စာတစ်စောင်၌ ဗွန်ဒါလေယန်က “ReArm Europe” (ဥရောပအား လက်နက်ပြန်လည်တပ်ဆင်ခြင်း) အစီအစဉ်အား ထုတ်ဖော်ကြေညာခဲ့ပြီး အထူးသဖြင့် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခကြောင့် ပထဝီဝင်နိုင်ငံရေး တင်းမာမှုများ မြင့်တက်လာမှု၊ မြောက်အတ္တလန္တိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့ (နေတိုး) အား အမေရိကန်၏ ထောက်ခံပံ့ပိုးမှု အလားအလာအပေါ် စိုးရိမ်မှုများကို ထောက်ရှုလျက် ဥရောပ၏ ကာကွယ်ရေး စွမ်းရည်များကို အရေးတကြီး အင်အားဖြည့်တင်းရန် လိုအပ်နေသည်ဟုလည်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။
“ဥရောပဟာ မိမိတို့ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ကြီးကြီးမားမားတိုးမြှင့်ဖို့ အသင့်ရှိနေပါပြီ။ ယူကရိန်းကို ထောက်ပံ့ကူညီဖို့ ရေတိုအားဖြင့် အရေးတကြီးလိုအပ်နေမှုကို တုံ့ပြန်ဆောင်ရွက်ဖို့အတွက်ရော ဥရောပရဲ့ ကိုယ်ပိုင်လုံခြုံရေးအတွက် သိသိသာသာ ပိုမိုတာဝန်ယူဖို့ ရေရှည် လိုအပ်လာမှုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက်ပါ အဲဒီလိုလုပ်ဆောင်သွားမှာဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1CF

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ဥရောပကောင်စီ ထိပ်သီးအစည်းအဝေး ပြုလုပ်ပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည့် ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်အား ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………………………………………………………..
(English Version)
EU chief proposes 800-bln-euro defence plan to rearm Europe
BRUSSELS, March 4 (Xinhua) — European Commission President Ursula von der Leyen on Tuesday unveiled an 800-billion-euro (844.6-billion-U.S. dollars) plan to significantly increase defence spending across the bloc.
She said that in response to escalating security threats across the European Union (EU), Europe had entered “an era of rearmament.”
In a letter written to EU leaders ahead of Thursday’s European Council, von der Leyen unveiled the “ReArm Europe” plan and emphasised the urgency of strengthening Europe’s defence capabilities, citing mounting geopolitical tensions, particularly in light of Russia-Ukraine military conflict and concerns over the future of U.S. support for the North Atlantic Treaty Organization (NATO).
“Europe is ready to massively boost its defence spending. Both to respond to the short-term urgency to act and to support Ukraine but also to address the long-term need to take on much more responsibility for our own European security,” she said. xhtxs.cn/1CF
English Caption 1
Flags of European Union (EU) and Ukraine are seen at the EU headquarters in Brussels, Belgium, Feb. 24, 2025. (Xinhua/Zhao Dingzhe)
English Caption 2
European Commission President Ursula von der Leyen speaks during a press conference after a European Council summit in Brussels, Belgium, Dec. 19, 2024. (Xinhua/Zhao Dingzhe)