International Organizations
၂၀၂၅ ခုနှစ် မတ် ၇ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ယူရိုပါလိဂ်တွင် ရီးရဲလ်ဆိုစီဒက်နှင့် မန်ချက်စတာယူနိုက်တက် သရေကျ၊ ရိုးမား၏ နောက်ကျသွင်းဂိုးကြောင့် ဘီဘာအို ရှုံးနိမ့်
ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်အဖြစ် ရီးရဲလ်ဆိုစီဒက်နှင့် မန်ချက်စတာ ယူနိုက်တက်တို့ မတ် ၆ ရက် ညနေပိုင်းက ဆိုစီဒက်၏အိမ်ကွင်း Reale Arena ၌ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့သည်။
ပွဲကစားချိန် ဒုတိယပိုင်းတွင် ဘရူနို ဖာနန်ဒက်စ်၏ ပေးပို့မှုမှတစ်ဆင့် ဇက်ခ်ဇီးက ဘယ်ခြေဖြင့်ပိတ်သွင်းကာ ယူနိုက်တက်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း မစ်ကယ် အိုယာဇာဘယ်လ်က ပင်နယ်တီမှတစ်ဆင့် အိမ်ရှင်ဆိုစီဒက်အတွက် ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။
အခြားယူရိုပါလိဂ် ပွဲစဉ်တွင်မူ အက်သလက်တစ် ဘီဘာအိုက ရိုးမားအား အဝေးကွင်း၌ နောက်ဆုံးမိနစ်ဂိုးဖြင့် အရှုံးပေးခဲ့ရပြီး ရိုးမားအတွက် အနိုင်ဂိုးကို အယ်လ်ဒေါ ရှိုမူရိုဒေ့ါဗ်က သွင်းယူခဲ့ခြင်းဖြစ်သည်။
…..
— ချန်ပီယံလိဂ် အရေးကြီးပွဲစဉ်များ ယှဉ်ပြိုင်ရမည်ဖြစ်၍ ယခုတစ်ပတ် လာလီဂါပွဲစဉ်တွင် ထိပ်ဆုံးသုံးသင်းလုံး ပွဲထွက်လူစာရင်း အပြောင်းအလဲ ပြုလုပ်ဖွယ်ရှိ
လာလီဂါ အမှတ်ပေးဇယား ဦးဆောင်သူ ဘာစီလိုနာ၊ ဒုတိယနေရာမှ အက်သလက်တီကို မက်ဒရစ်နှင့် တတိယနေရာမှ ရီးရဲလ်မက်ဒရစ်တို့မှာ အရေးပါသော ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည်ဖြစ်ရာ ယခုတစ်ပတ် လာလီဂါပွဲစဉ်တွင် ပွဲထွက်လူစာရင်း အပြောင်းအလဲအချို့ ပြုလုပ်ရဖွယ်ရှိသည်။
ဘာစီလိုနာအနေဖြင့် မတ် ၅ ရက်က ဘင်ဖီကာနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်၌ မိနစ် ၇၀ ကျော်ကြာ တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသော်လည်း ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ယခုတစ်ပတ် လာလီဂါပွဲစဉ်အဖြစ် မတ် ၈ ရက်၌ အိုဆာဆူနာနှင့် အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အက်သလက်တီကိုကမူ မတ် ၉ ရက် နေ့လယ်ခင်းတွင် ဂီတာဖေးအသင်းနှင့် အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နည်းပြ ဒီယေဂို ဆီမြွန်နီအနေဖြင့် ပြီးခဲ့သည့် လိဂ်ပြိုင်ပွဲနှစ်ကြိမ် တွေ့ဆုံရာတွင် ရှုံးနိမ့်ထားသည့် ပြိုင်ဘက်အား ရင်ဆိုင်ရန်အတွက် ရော်ဘင် လီနော်မန်၊ အလက်ဇန်းဒါး ဆော်လော့နှင့် အိန်ဂျယ် ကော်ရဲယားတို့ကို ပွဲထွက်လူစာရင်း၌ အသုံးပြုရန် ခေါ်ဆောင်လာဖွယ်ရှိသည်။
ရီးရဲလ်မက်ဒရစ်က ရာယို ဗယ်လက်ကာနိုနှင့် အိမ်ကွင်း ဆန်တီယာဂို ဘာနေဗျူး၌ ရင်ဆိုင်ရမည်ဖြစ်ပြီး နည်းပြ ကာလို အန်ဆလော့တီအနေဖြင့် ပွဲပယ်ပြစ်ဒဏ် ပြည့်သွားသည့် ဂျုဒ်ဘယ်လင်ဟမ်ကို ပြန်လည်အသုံးပြုနိုင်မည်ဖြစ်သည်။ ၎င်းအနေဖြင့် ပွဲထွက်ကစားသမား ၁၁ ဦးကို အပြောင်းအလဲ ပြုလုပ်ဖွယ်ရှိပြီး ဖရန် ဂါစီယာ၊ ဒေးဗစ် အလာဘာ၊ အာဒါ ဂူလာနှင့် လူးကက်စ် ဗက်ဇ်ကေးတို့ ပါဝင်ကစားဖွယ်ရှိသည်။
…..
— ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားမည့် ဘရာဇီးအသင်းအတွက် နေမာအား ပြန်လည်ရွေးချယ်
ကိုလံဘီယာ၊ အာဂျင်တီးနားတို့နှင့် ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များအတွက် အသင်း၌ ၁၇ လကြာ ပါဝင်နိုင်ခြင်းမရှိသည့် တိုက်စစ်မှူး နေမာအား ဘရာဇီး လက်ရွေးစင်အသင်းအတွက် မတ် ၆ ရက်က ပြန်လည်ရွေးချယ်ခဲ့ကြောင်း သိရသည်။
အသက် ၃၃ နှစ်အရွယ် နေမာမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ၌ မွန်တီဗီဒီယိုမြို့တွင် ဥရုဂွေးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ဘယ်ဘက်ဒူးခေါင်း၌ ပြင်းထန် ဒူးအရွတ်စုတ်ပြဲဒဏ်ရာ ရရှိခဲ့ပြီးနောက်ပိုင်း နိုင်ငံအသင်းအတွက် ပါဝင်မကစားနိုင်တော့ခြင်းဖြစ်သည်။
…..
— တရုတ်အသင်းအနေဖြင့် ဆော်ဒီအသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အနိုင်သုံးမှတ်ယူရန် ရည်မှန်းထားဟု တိုက်စစ်မှူး Lin Liangming ဆို
တရုတ်အသင်းအနေဖြင့် ဆော်ဒီအာရေဗျအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ဖီဖာကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် အနိုင်သုံးမှတ် ရယူရန် စိတ်ပိုင်းဖြတ်ထားကြောင်း တရုတ်အသင်းတိုက်စစ်မှူး Lin Liangming က ပြောကြားခဲ့သည်။ တရုတ်အသင်းအနေဖြင့် မတ် ၂၀ ရက်တွင် ယှဉ်ပြိုင်ရမည့် အရေးကြီးပွဲစဉ်အတွက် အကြိုပြင်ဆင်သည့်အနေဖြင့် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် အပြင်းအထန် စခန်းသွင်းလေ့ကျင့်လျက်ရှိသည်။ (Xinhua)
……………………………………
(English Version)
Real Sociedad, Man Utd draw as Athletic Bilbao suffers late heartbreak in Europa League
Real Sociedad and Manchester United drew the first leg of their Europa League last-16 tie 1-1 at the Basque side’s Reale Arena on Thursday evening.
Zirkzee put United ahead in the second half with a left-foot shot from Bruno Fernandes’ pass, with Remiro slightly out of position, but Real Sociedad leveled from the penalty spot, with Mikel Oyarzabal slotting home.
Athletic Bilbao suffered heartbreak in the last second of their first leg away to Roma as Eldor Shomurodov scored the winning goal for the Italian side.
…..
Team changes likely for big three in La Liga with Europe a huge factor in weekend games
La Liga leader, FC Barcelona, second place Atletico Madrid and Real Madrid will all have to make some squad rotations for their respective games in La Liga, with the return leg of their vital Champions League ties on the horizon.
Barcelona plays at home to Osasuna on Saturday night after the league leader somehow hung on with 10-men for 70 minutes away to Benfica on Wednesday to take a narrow lead in its Champions League tie.
Atletico makes the short trip to play Getafe on Sunday lunchtime, with Diego Simeone likely to bring Robin le Normand, Alexander Sorloth and Angel Correa into the starting 11 against a rival that has lost its last two league games.
Real Madrid faces Rayo Vallecano in the Santiago Bernabeu Stadium and Carlo Ancelotti has Jude Bellingham back after suspension. The Italian will also make changes to his starting 11, with Fran Garcia, David Alaba, Arda Guler and Lucas Vazquez all coming in to play against a rival that is likely to look to pressure high up the pitch.
…..
Neymar earns Brazil recall for World Cup qualifiers
Neymar was recalled to Brazil’s national squad on Thursday for World Cup qualifiers against Colombia and Argentina after a 17-month absence.
The 33-year-old has not represented his country since suffering a ruptured anterior cruciate ligament in his left knee during a World Cup qualifier against Uruguay in Montevideo in October 2023.
…..
China targets three points against Saudi Arabia in WC qualifier, says player Lin
China is determined to secure a win against Saudi Arabia in the upcoming FIFA World Cup qualifier, according to forward Lin Liangming. The Chinese national team is undergoing an intensive training camp in Dubai, United Arab Emirates, in preparation for the crucial match set for March 20.