Connect with us

International Organizations

၂၀၂၅ ခုနှစ် ဧပြီ ၁ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ဘာစီလိုနာက ဂျီရိုနာကို ဂိုးပြတ်အနိုင်ယူကာ လာလီဂါအမှတ်ပေးဇယားတွင် သုံးမှတ်ဖြတ်၍ ဦးဆောင်
မတ် ၃၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် ဘာစီလိုနာက ဂျီရိုနာကို အိမ်ကွင်း၌ ၄-၁ ဂိုးဖြင့် အနိုင်ယူကာ ရီးရဲလ်မက်ဒရစ်အား သုံးမှတ်အသာဖြင့်လည်းကောင်း၊ အက်သလက်တီကို မက်ဒရစ်အား ကိုးမှတ်အသာဖြင့်လည်းကောင်း အမှတ်ပေးဇယား၌ ဆက်လက်ဦးဆောင်လျက်ရှိသည်။
ပွဲကစားချိန် ၄၃ မိနစ်တွင် လာမင်း ယမားလ်၏ ဖရီးကစ်ကန်ချက်မှာ ဂျီရိုနာကစားသမား လာဒီဆလက်ဗ် ကရက်ဂျ်စီနှင့်ထိကာ ဂိုးဝင်သွားသဖြင့် ဘာစီလိုနာအသင်း ဦးဆောင်ဂိုးရရှိခဲ့သော်လည်း ဒုတိယပိုင်း ပွဲချိန်အစောပိုင်းတွင် အားနော့ ဒန်ဂျူမာက ဒါလေဘလင်း၏ ပေးပို့မှုမှတစ်ဆင့် ချေပဂိုးသွင်းယူခဲ့ပြီးနောက် အိမ်ရှင်အသင်းက ပွဲကိုထိန်းချုပ်နိုင်ခဲ့သည်။
ရောဘတ် လီဝန်ဒေါစကီးက ဂိုးသမား ပေါ်လို ဂက်ဇာနီဂါကိုကျော်၍ အလိုက်သင့်ပိတ်သွင်းကာ ဦးဆောင်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သလို ဖရန်ကီ ဒီဂျောင်၏ အကောင်းဆုံးဖန်တီးပေးမှုကိုလည်း လီဝန်ဒေါစကီးကပင် အဆုံးသတ်၍ အနိုင်ဂိုးထပ်မံသွင်းယူခဲ့သည်။ ထို့နောက် ဘယ်နောက်ခံလူ ဂျရတ်မာတင်၏ ဖြတ်တင်ဘောပေးပို့မှုမှတစ်ဆင့် ဖယ်ရန် တောရက်စ်က ပွဲသိမ်းအနိုင်ဂိုးသွင်းယူခဲ့သည်။
…..
— မန်စီးတီးနှင့် အက်စတွန်ဗီလာတို့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်တက်ရောက်
မတ် ၃၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အက်ဖ်အေဖလားပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များတွင် မန်ချက်စတာစီးတီးနှင့် အက်စတွန်ဗီလာတို့ အသီးသီးအနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။ ပွဲကစားချိန် ၂၁ မိနစ်တွင် အီဗန်နီလ်ဆင်က ဘုန်းမောက်အတွက် ဦးဆောင်ဂိုး သွင်းယူခဲ့သော်လည်း မန်စီးတီးအသင်းက နောက်မှလိုက်ကစားကာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အီဗန်နီလ်ဆင်၏ အဖွင့်ဂိုးမတိုင်မီ အာလင်ဟာလန်း၏ ပင်နယ်တီကန်ချက်ကို ဘုန်းမောက်ဂိုးသမား ကယ်ပါ အာရီဇာဘလာဂါ ကာကွယ်သွားခဲ့သော်လည်း ဒုတိယပိုင်း ပြန်လည်စတင်ပြီး လေးမိနစ်အကြာတွင် ဟာလန်းက လူစားဝင်ကစားသမား နစ်ကို အိုရိုင်လီ၏ ဖန်တီးပေးမှုကို အမှားအယွင်းမရှိ ပိတ်သွင်းကာ ချေပဂိုးသွင်းယူခဲ့သည်။
ခြေချင်းဝတ်ဒဏ်ရာ ရရှိသွားသော ဟာလန်း၏ နေရာတွင် လူစားဝင်လာသည့် အီဂျစ်တိုက်စစ်မှူး အိုမာ မာမွတ်ရှ်က ပွဲကစားချိန် ၆၃ မိနစ်တွင် အိုရိုင်လီ၏ ဖန်တီးပေးမှုကပင် မန်စီးတီးအတွက် အနိုင်ဂိုးသွင်းယူခဲ့သည်။
…..
— ဘရာဇီး စီးရီးအေ အဖွင့်ပွဲစဉ်တွင် ဂရီမီယိုနှင့် ခရူဇီယိုတို့ အသီးသီးနိုင်ပွဲရရှိ
မတ် ၂၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဘရာဇီး စီးရီးအေ ရာသီအဖွင့်ပွဲစဉ်၌ ဂရီမီယိုက အိမ်ကွင်း၌ အက်သလက်တီကို မင်နဲရိုးအား ပထမပိုင်းသွင်းဂိုး နှစ်ဂိုးနှင့်အတူ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မတ် ၃၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဘရာဇီး စီးရီးအေပြိုင်ပွဲ၏ အခြားပွဲစဉ်များတွင် ဖော်တာလီဇာက ဖလူမင်နန်စီအား အိမ်ကွင်း၌ ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သလို ခရူဇီယိုကလည်း မီရာဆောလ်အား အိမ်ကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့အတူ ဂျူဗင်တူဒီက ဗစ်တိုးရီးယားကို အိမ်ကွင်း၌ ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဆော်ပေါ်လိုကမူ အိမ်ကွင်း၌ Sport Recife နှင့် ဂိုးမရှိသရေကျခဲ့သည်။
…..
— တရုတ်စူပါလိဂ်ပြိုင်ပွဲ ပွဲစဉ်-၃ တွင် တန်းတက်အသင်းများ ခြေစွမ်းပြ
မတ် ၂၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် တရုတ်စူပါလိဂ် (CSL) ဘောလုံးပြိုင်ပွဲ ပွဲစဉ်-၃ တွင် ပူပူနွေးနွေး တန်းတက်လာသည့် Yunnan Yukun နှင့် Dalian Yingbo အသင်းတို့ ခြေစွမ်းပြကာ နိုင်ပွဲများရယူနိုင်ခဲ့သည်။
Yunnan Yukun က Shenzhen Peng City အား ၄-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နှစ်ဖက်အပြန်အလှန် သွင်းဂိုးများဖြင့် စိတ်လှုပ်ရှားစရာ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့သည်။ ပွဲကစားချိန် ၂၄ မိနစ်အတွင်း အော်စကာ တာတီ မာရီတူက ဦးဆောင်ဂိုးနှစ်ဂိုး သွင်းယူခဲ့သော်လည်း Shenzhen အသင်းမှ စပိန်ကစားသမား အက်ဒူ ဂါစီယာက ချေပဂိုးနှစ်ဂိုး ပြန်လည်သွင်းယူခဲ့သည်။ သို့သော် Yunnan အသင်းက အလက်ဇန်ဒရူ လိုနီတာနှင့် Tsui Wang Kit တို့၏ ဒုတိယပိုင်းသွင်းဂိုးများဖြင့် သမိုင်းဝင်နိုင်ပွဲကို ရယူနိုင်ခဲ့သည်။ အခြားပွဲစဉ်တွင် Dalian အသင်းက စံချိန်တင် လာရောက်အားပေးသည့် အိမ်ကွင်းပရိသတ် ၆၀,၁၂၆ ၏ ရှေ့မှောက်တွင် Changchun Yatai အား ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ (Xinhua)


………………..
(English Version)
Barcelona beats Girona to retain 3-point La Liga lead
FC Barcelona maintained a three-point lead over Real Madrid and moved nine clear of Atletico Madrid at the top of La Liga with a 4-1 win at home to Girona on Sunday.
Barca had a stroke of luck to open the score in the 43rd minute when Lamine Yamal’s free kick took a deflection off Ladislav Krejci, but after Arnaut Danjuma leveled after a good pass from Daley Blind early in the second half, the home side took control.
Robert Lewandowski put Barca back ahead with an instinctive finish to flick the ball past goalkeeper Paulo Gazzaniga, and doubled the lead after excellent work from Frenkie de Jong.
Ferran Torres rounded off the win with a good finish after a cross from left-back Gerard Martin.
…..
Man City, Aston Villa into FA Cup semifinals
Manchester City and Aston Villa advanced to the semifinals of the FA Cup on Sunday. City came from behind away to Bournemouth to win 2-1 after Evanilson put the Cherries ahead after 21 minutes.
Prior to the Brazilian’s opener, Bournemouth goalkeeper Kepa Arrizabalaga had saved a penalty from Erling Haaland, although the Norwegian made amends four minutes into the second half after City caught Bournemouth flat-footed on the break, with substitute Nico O’Reilly giving the assist.
O’Reilly provided his second assist of the game to set up Omar Marmoush in the 63rd minute, with the Egyptian scoring with his first touch after replacing Haaland, who had gone off with an ankle injury
…..
— Brazilian Serie A: Gremio, Cruzeiro open with wins
Gremio scored two first-half goals to register a 2-1 home win over Atletico Mineiro in their Brazilian Serie A season opener on Saturday.
In other Brazilian Serie A fixtures on Sunday, Fortaleza prevailed 2-0 at home to Fluminense, Cruzeiro edged to a 2-1 home victory over Mirassol, Juventude won 2-0 at home to Vitoria and Sao Paulo was held to a goalless home draw by Sport Recife.
…..
Newly-promoted teams shine in Chinese Super League round 3
Newly promoted Chinese Super League (CSL) sides Yunnan Yukun and Dalian Yingbo each claimed their first top-flight victories in the third-round matches concluded Saturday.
Yunnan edged Shenzhen Peng City 4-3 in a thriller. Oscar Taty Maritu opened the scoring with a brace inside 24 minutes. Shenzhen rallied through Spaniard Edu Garcia’s double, but Alexandru Lonita and Tsui Wang Kit struck in the second half to seal Yunnan’s historic win. Dalian triumphed 2-0 over Changchun Yatai before a record home crowd of 60,126.