Connect with us

International Organizations

၂၀၂၅ ခုနှစ် ဧပြီ ၈ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးမှုများ တိုးတက်မှုရရှိနေဟု လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက် ပြောကြား
လီ‌ဗာပူးလ်အသင်းနောက်ခံလူ ဗာဂျယ် ဗန်ဒိုက်က အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးမှုများမှာ တိုးတက်မှုများ ရရှိနေသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ဆောက်သမ်တန်အသင်းမှ ပြောင်းရွှေ့လာချိန်မှစ၍ လီဗာပူးလ်အသင်းအတွက် ၃၁၃ ပွဲ ပါဝင်ကစားထားသည့် အသက် ၃၃ နှစ်အရွယ် နယ်သာလန်လက်ရွေးစင် ဗန်ဒိုက်မှာ ယခုရာသီကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး ဇွန်လကုန်၌ အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းမှ ထွက်ခွာနိုင်မည်ဖြစ်သည်။
နောက်ခံလူ ဗန်ဒိုက်က ၎င်းအနေဖြင့် လာမည့်ရာသီတွင် လီဗာပူးလ်အသင်း၌ ဆက်ရှိမရှိဆိုသည်ကို မသိနိုင်သေးကြောင်း မတ်လထဲတွင် ပြောကြားခဲ့သော်လည်း ဧပြီ ၆ ရက်က ဖူဟမ်အသင်းအား ၂-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်အပြီး ပြောကြားခဲ့သည့် ၎င်း၏မှတ်ချက်စကားကို ဧပြီ ၇ ရက်၌ ဗြိတိန် အားကစားသတင်းဌာနများက ဖော်ပြရာတွင် ၎င်းအနေဖြင့် အသင်း၌ဆက်ရှိနေရေးအတွက် ပိုမိုယုံကြည်မှုရှိနေပုံရသည်။
“အတွင်းပိုင်း ဆွေးနွေးမှုတွေ လုပ်နေတာမို့ ကျွန်တော်တို့ သိရပါလိမ့်မယ်။ ကျွန်တော် ဒီအသင်းကိုရော ပရိသတ်တွေကိုပါ ချစ်ပါတယ်။ သူတို့က ကျွန်တော်တို့ကိုအားပေးဖို့ အဲဒီကို နောက်တစ်ကြိမ်ရောက်လာခဲ့တာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
အခြားသော အဓိက ကစားသမားများဖြစ်သည့် ထရန့် အလက်ဇန်းဒါး အာနိုးနှင့် မိုဟာမက် ဆာလာတို့မှာလည်း ဇွန်လကုန်၌ အန်ဖီးလ်မှ ထွက်ခွာဖွယ်ရှိပြီး လီဗာပူးလ်ကမူ ဆာလာကို အသင်း၌ ဆက်ထိန်းထားနိုင်မည်ဟု မျှော်လင့်ထားဆဲဖြစ်ကာ အလက်ဇန်းဒါး အာနိုးမှာမူ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
…..
— ပရီးမီးယားလိဂ်မှ တန်းဆင်းရန် သေချာသွားပြီးနောက် ဆောက်သမ်တန်အသင်းက နည်းပြဂျူရစ်အား ထုတ်ပယ်
ဧပြီ ၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဆောက်သမ်တန်က ‌တော့တင်ဟမ်အား အဝေးကွင်း၌ ၁-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှ ချန်ပီယံရှစ်သို့ တန်းဆင်းရန် သေချာသွားခဲ့ပြီး တစ်ရက်အကြာ၌ ဆောက်သမ်တန်အသင်းက နည်းပြဖြစ်သူ အိုင်ဗန် ဂျူရစ်နှင့် လမ်းခွဲခဲ့ကြောင်း သိရသည်။
ထိုပွဲစဉ်၌ ရှုံးနိမ့်ခဲ့သဖြင့် ဆောက်သမ်တန် (Saints) အသင်းမှာ ယခုရာသီ၌ ၃၁ ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာတွင် ၁၀ မှတ်သာ ရရှိထားပြီး အမှတ်ပေးဇယား အဆင့်-၁၇ ရှိ ဝူလ်ဗာဟမ်တန် (၃၂ မှတ်) နှင့် ၂၂ မှတ် ကွာဟလျက်ရှိကာ လက်ကျန်ပွဲစဉ်အားလုံး အနိုင်ရလျှင်ပင် ၂၁ မှတ်သာ ရရှိမည်ဖြစ်သည်။
“အမျိုးသားအသင်းရဲ့ ပထမအသင်းမန်နေဂျာ အိုင်ဗန်ဂျူရစ်ရဲ့ အခန်းကဏ္ဍကို အဆုံးသတ်ဖို့ ဒီကနေ့ပဲ သဘောတူညီမှု ရရှိခဲ့တယ်ဆိုတာကို ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်” ဟု ကလပ်အသင်းက ထုတ်ပြန်ခဲ့သည်။
“ချန်ပီယံရှစ်ကို တန်းဆင်းဖို့ သေချာသွားပြီဖြစ်လို့ အသင်းအနေနဲ့ သိပ်ကိုအရေးကြီးတဲ့ နွေရာသီကာလကို ဖြတ်သန်းရတော့မယ့်အချိန်မှာ ပရိသတ်တွေ၊ ကစားသမားတွေနဲ့ ဝန်ထမ်းတွေကို အနာဂတ်နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြောပြဖို့ အရေးကြီးတယ်လို့ ယုံကြည်ပါတယ်” ဟု ဆောက်သမ်တန်အသင်းက ပြောကြားခဲ့ပြီး နည်းပြသစ်ရှာဖွေမှုကို ချက်ချင်းစတင်သွားမည်ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။
…..
— Alianza Lima အသင်းနှင့် ပွဲစဉ်မတိုင်မီ ဆော်ပေါ်လိုအသင်း ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရ
ဧပြီ ၁၀ ရက်၌ Alianza Lima အသင်းအား အိမ်ကွင်း၌ လက်ခံယှဉ်ပြိုင်ကစားရမည့် ကိုပါလစ်ဘာတာဒိုးရက်စ် ပွဲစဉ်တွင် ဆော်ပေါ်လိုအသင်း၌ ကွင်းလယ်လူ အော်စကာနှင့် တိုက်စစ်ကစားသမား လူးကပ်စ် မော်ရာတို့ လွဲချော်ဖွယ်ရှိကြောင်း သိရသည်။
လူးကပ်စ်မှာ ဒူးဒဏ်ရာကြောင့် တစ်လနီးပါး ပါဝင်ကစားနိုင်ခြင်း မရှိသလို အော်စကာမှာလည်း တံကောက်ကြောဒဏ်ရာကြောင့် ဧပြီ ၆ ရက်က အက်သလက်တီကို မင်နဲရိုးနှင့် ဂိုးမရှိသရေကျခဲ့သည့် အဝေးကွင်းပွဲစဉ်အား လွဲချော်ခဲ့သည်။ အဆိုပါ ကစားသမားနှစ်ဦးစလုံးမှာ ဧပြီ ၇ ရက်က လေ့ကျင့်ရေးအစီအစဉ်၌ အဓိကကစားသမား အစုအဖွဲ့နှင့် သီးခြားစီ လေ့ကျင့်ခန်းဆင်းခဲ့ကြောင်း သိရသည်။
…..
— ISSF World Cup ပြိုင်ပွဲတွင် တရုတ်ဆယ်ကျော်သက် သေနတ်ပစ်အားကစားမယ် Wang က ပထမဆုံး ရွှေတံဆိပ်ဆု ဆွတ်ခူး
ဧပြီ ၇ ရက်က အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့၌ ကျင်းပသည့် ISSF World Cup ပြိုင်ပွဲ အမျိုးသမီး မီတာ ၁၀ လေသေနတ်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် အသက် ၁၈ နှစ်အရွယ် တရုတ်သေနတ်ပစ်အားကစားမယ် Wang Zifei က ၎င်းအတွက် ပထမဆုံး ISSF World Cup ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
Wang မှာ ယမန်နှစ်က ပီရူးနိုင်ငံ လီမာမြို့တွင် ကျင်းပသည့် အငယ်တန်း ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွင် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ကာ အမျိုးသမီးပြိုင်ပွဲနှင့် ကျားမနှစ်ယောက်တွဲ မီတာ ၁၀ လေသေနတ်ပစ်ပြိုင်တို့တွင် ရွှေတံဆိပ်ဆုများ ဆွတ်ခူးနိုင်ခဲ့သည်။ ၎င်းအနေဖြင့် ISSF World Cup ပြိုင်ပွဲတွင် ပထမဆုံး ဆုတံဆိပ်အဖြစ် အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တွင် ယမန်နှစ်က ကျင်းပသည့် အမျိုးသမီး မီတာ ၁၀ လေသေနတ်ပစ်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ (Xinhua)


……………………
(English Version)
Liverpool defener Van Dijk more positive about Anfield stay
Liverpool defender Virgil van Dijk says there has been progress in talks over extending his contract at the club.
The 33-year-old Dutch international, who has made 313 first team appearances since joining from Southampton in 2017, is out of contract at the end of the season and could leave on a free transfer at the end of June.
In March, the defender said he had “no idea” if he would still be at Liverpool next season, but in his remarks made on Sunday after Liverpool’s 3-2 defeat to Fulham and published in the UK sports press on Monday, he seemed to be more optimistic about staying.
“These are internal discussions and we’ll see. I love the club, I love the fans and they were there for us again,” he commented.
Trent Alexander Arnold and Mohamed Salah are other vital players who could leave Anfield at the end of June and while Liverpool is still hopeful of convincing the forward to stay, Alexander Arnold looks set to join Real Madrid.
….
Southampton sacks coach Juric after Premier League relegation confirmed
Southampton has parted company with coach Ivan Juric the day after the club’s relegation from the Premier League to the Championship was confirmed on Sunday with a 3-1 defeat away to Tottenham.
The defeat leaves the ‘Saints’ with just 10 points from 31 matches this season, 22 points behind Wolverhampton Wanderers that sits in 17th place with 32 points, with just 21 points left to play for.
“We can confirm that we have today reached an agreement with our Men’s First Team Manager, Ivan Juric, to end his spell at the club.”
“With relegation to the Championship now confirmed, we believe it is important to give fans, players and staff some clarity on the future as we head into a very important summer,” said the club, adding that the search for a new coach will begin immediately.
…..
Sao Paulo hit by injuries ahead of Alianza Lima clash
Sao Paulo is likely to be without midfielder Oscar and attacker Lucas Moura for its home Copa Libertadores clash against Alianza Lima on Thursday.
Lucas has not played for almost a month due to a knee injury while Oscar missed Sao Paulo’s goalless away draw with Atletico Mineiro on Sunday because of a hamstring strain.
Both players trained separately from Sao Paulo’s main group on Monday.
…..
Teenage markswoman Wang claims maiden ISSF World Cup gold
Eighteen-year-old Chinese shooter Wang Zifei clinched her first ISSF World Cup gold medal by winning the women’s 10m air rifle final at the ISSF World Cup here on Monday.
Wang excelled at last year’s junior world championships in Lima, Peru, where she claimed gold medals in both the women’s and mixed team 10m air rifle events. Her first ISSF World Cup medal was a silver in the women’s 10m air rifle at last year’s event in Baku.