Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံတွင် စပါးစိုက်ပျိုးသည့်ရာသီ စတင်သည့် အထိမ်းအမှတ်အဖြစ် တော်ဝင်လယ်ထွန်မင်္ဂလာ အခမ်းအနား ကျင်းပ

ကမ္ဘောဒီးယားနိုင်ငံ ကမ်ပုန်းချနန်ပြည်နယ်၌ ကျင်းပသော တော်ဝင်လယ်ထွန်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်လာသည့် ရိုးရာဝတ်စုံ ဝတ်ဆင်ထားသူများကို ၂၀၂၅ ခုနှစ် မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကမ်ပုန်းချနန်၊ ကမ္ဘောဒီးယား၊ မေ ၁၆ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံ၏ ရှေးခေတ် ထုံးတမ်းအစဉ်အလာမပျက် ကျင်းပလေ့ရှိသော တော်ဝင်လယ်ထွန်မင်္ဂလာ အခမ်းအနားကို နိုင်ငံအလယ်ပိုင်းရှိ ကမ်ပုန်းချနန်ပြည်နယ်တွင် မေ ၁၅ ရက်က ပြုလုပ်ခဲ့ပြီး ထိုအခမ်းအနားအား ကမ္ဘောဒီးယားနိုင်ငံဘုရင် နိုရိုဒမ် သီဟာမိုနီက ဦးဆောင်ကျင်းပခဲ့ကြောင်း သိရသည်။
စပါးစိုက်ပျိုးသည့်ရာသီ စတင်သည့် အထိမ်းအမှတ်အဖြစ် နှစ်စဉ်ပြုလုပ်မြဲဖြစ်သော အဆိုပါ အခမ်းအနားသို့ ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ ဆမ်ဒက် တက်ချို ဟွန်ဆန်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ခွန်ဆူဒါရီ၊ ဝန်ကြီးချုပ် ဟွန်မန်နက်တို့အပြင် ကမ္ဘောဒီးယားနိုင်ငံရှိ ပြည်ပသံတမန်များလည်း တက်ရောက်ခဲ့ကြသည်။
ရာနှင့်ချီသည့် တောင်သူလယ်သမားနှင့် ပြည်တွင်းခရီးသွားများကလည်း ကမ်ပုန်းချနန် ပြည်နယ်၊ ကမ်ပုန်းချနန်မြို့ရှိ လယ်ကွင်းတစ်ခု၌ ပြုလုပ်ခဲ့သည့် နှစ်ပေါင်းများစွာ သက်တမ်းကြာမြင့်သော အဆိုပါ အခမ်းအနား၌ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲခဲ့ကြသည်။
ယခုနှစ် အခမ်းအနား၌ ကမ္ဘောဒီးယားဘုရင် သီဟာမိုနီက ကမ်ပုန်းချနန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဆန်ဆိုဗန်နာရစ်အား လယ်ထွန်မင်္ဂလာ အခမ်းအနား၏ ဘုရင်အဖြစ်လည်းကောင်း၊ အုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူ ဖက်ဆိုဖန်နီအား ပျိုးကြဲသည့်အခမ်းအနား၏ ဘုရင်မအဖြစ်လည်းကောင်း အသီးသီးရွေးချယ်ခဲ့သည်။
ထိုအခမ်းအနား၌ ဘုရင်အဖြစ် ရွေးချယ်သတ်မှတ်ခံရသူမှာ တော်ဝင်နွားထီးများကို အသုံးပြု၍ စပါးခင်း၌ ထွန်ယက်စိုက်ပျိုးခဲ့ပြီး ဘုရင်မအဖြစ် ရွေးချယ်သတ်မှတ်ခံရသူမှာမူ အပင်စိုက်ပျိုးသည့် သင်္ကေတအဖြစ် ထယ်ကြောင်းများတွင် မျိုးစေ့များကို ကြဲပက်ခဲ့ကြောင်း သိရသည်။
စိုက်ခင်းအနှံ့ သုံးကြိမ်ထွန်ယက်ပြီးနောက် ဆန်၊ ပြောင်း၊ ပဲသီးစိမ်း၊ နှမ်း၊ ရေ၊ လောလောလတ်လတ် ရိတ်ထားသော မြက်နှင့် ဝိုင်တို့ကို ပန်းကန်ခုနစ်ချပ်ဖြင့် ထည့်ပေး၍ နွားများကို စားသုံးစေခဲ့ကြောင်း သိရသည်။
ထိုအခါ နွားများက လယ်ယာထွက်ကုန် အများအပြား စားသုံးပါက ယခုနှစ်တွင် ကောက်ပဲသီးနှံ အထွက်နှုန်းကောင်းမည်ဟု ခန့်မှန်းကြပြီး နွားများက အနည်းငယ်သာ စားသုံးမည်ဆိုပါက အထွက်နှုန်းနည်းမည်ဟု မှတ်ယူကြသည်။
အဆိုပါ နွားများက မြက်နှင့် ဝိုင်ကို စားသုံးမည်ဆိုလျှင် ကျွဲနွားတိရစ္ဆာန်များကို ကူးစက်ရောဂါများ ကျရောက်မည်ဟု ယူဆကြပြီး နွားများက ရေများများ သောက်သုံးမည်ဆိုလျှင် ရေကြီးရေလျှံမှု ဖြစ်ပွားလိမ့်မည်ဟု ယူဆကြသည်။
ထိုအခမ်းအနား၌ နွားများက ဆန် ၉၅ ရာခိုင်နှုန်း၊ ပြောင်း ၉၅ ရာခိုင်နှုန်း၊ ပဲသီးစိမ်း ၈၀ ရာခိုင်နှုန်းတို့ကို စားသုံးခဲ့ကြောင်း တော်ဝင်နန်းတော်မှ ရှေ့ဖြစ်ဟောပညာရှင်များ၏ အကြီးအကဲဖြစ်သူ ကန်ကိန်က ဆိုသည်။
“ရှေးပဝေသဏီကတည်းက ကျင်းပလာခဲ့တဲ့ တော်ဝင်လယ်ထွန်မင်္ဂလာ အခမ်းအနားရဲ့  ဓလေ့ထုံးစံကို အခြေခံပြီး ကြိုတင်ဟောကိန်းထုတ်တာပါ။ အဲဒီတော်ဝင်ရိုးရာဓလေ့ကတော့ လယ်ယာစိုက်ပျိုးတဲ့ရာသီ ရောက်လာပြီဆိုတာကို ကြေညာဖို့ပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

ကမ္ဘောဒီးယားနိုင်ငံ ကမ်ပုန်းချနန်ပြည်နယ်၌ ကျင်းပသော တော်ဝင်လယ်ထွန်မင်္ဂလာ အခမ်းအနားအား ဦးဆောင်ကျင်းပနေသည့် ကမ္ဘောဒီးယားနိုင်ငံဘုရင် နိုရိုဒမ် သီဟာမိုနီ (ရှေ့) အား ၂၀၂၅ ခုနှစ် မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ကမ်ပုန်းချနန်ပြည်နယ်၌ ကျင်းပသော တော်ဝင်လယ်ထွန်မင်္ဂလာ အခမ်းအနား၌ တော်ဝင်နွားများအား အစာကျွေးနေပုံကို ၂၀၂၅ ခုနှစ် မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………
(English Version)

Cambodia holds royal ploughing ceremony to mark start of rice-growing season

KAMPONG CHHNANG, Cambodia, May 16 (Xinhua) — Cambodia on Thursday celebrated its ancient royal ploughing ceremony here in the country’s central part under the auspices of the nation’s King Norodom Sihamoni.

The event, marking the annual beginning of rice-growing season, was also attended by Senate President Samdech Techo Hun Sen, National Assembly President Khuon Sudary, and Prime Minister Hun Manet, as well as foreign diplomats to the Southeast Asian country.

Hundreds of farmers and local tourists also enjoyed the age-old event, which was held at a field in the province’s Kampong Chhnang town.

At this year’s ceremony, King Sihamoni designated Kampong Chhnang Provincial Governor Sun Sovannarith as the king of the ploughing ceremony and the governor’s wife Phat Sophanny as the queen of the sowing ceremony.

The designated king ploughed the rice field by using royal oxen, and the designated queen sowed seeds in the furrow as a symbol of planting.

After three rounds of ploughing across the field, the oxen were offered seven plates of food: rice, corn, green beans, sesame, water, fresh-cut grass, and wine.

If the oxen eat a lot of agricultural items, it is predicted that agricultural crops will give good output in the year, but if they eat little, it is thought that the yields will be low.

If the oxen eat grass and wine, it is believed that cattle will be plagued by epidemics, and if they drink a lot of water, floods will be expected.

At the ceremony, the oxen ate 95 percent of rice, 95 percent of corn and 80 percent of green beans, said Kang Keng, chief of the soothsayers at the Royal Palace.

“This is just the prediction based on the custom of the royal ploughing ceremony held in ancient times,” he said. “This royal rite is to announce that the farming season has come.”

English Caption 1

People dressed in traditional costumes attend a royal ploughing ceremony in Kampong Chhnang province, Cambodia on May 15, 2025. (Photo by Sovannara/Xinhua)

English Caption 2

Cambodian King Norodom Sihamoni (front) presides over a royal ploughing ceremony in Kampong Chhnang province, Cambodia on May 15, 2025. (Photo by Sovannara/Xinhua)

English Caption 3

Royal oxen are fed with fodder during a royal ploughing ceremony in Kampong Chhnang province, Cambodia on May 15, 2025. (Photo by Sovannara/Xinhua)