Connect with us

China

ကိုယ်တိုင်တီထွင်ထားသော operating system ဖြင့် လည်ပတ်သည့် လက်ပ်တော့အမျိုးအစားသစ်များကို Huawei မိတ်ဆက်

HarmonyOS အသုံးပြုထားသည့် Huawei MateBook Pro အား မိတ်ဆက်ပြသထားစဉ် (ဆင်ဟွာ)

ချိန်တူး၊ မေ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နည်းပညာကုမ္ပဏီကြီး Huawei က HarmonyOS ဖြင့် လည်ပတ်သည့် လက်ပ်တော့အမျိုးအစား နှစ်မျိုးအား မေ ၁၉ ရက်၌ မိတ်ဆက်ခဲ့ရာ ၎င်းတို့ကိုယ်တိုင် တီထွင်ထားသော operating system အသုံးပြုထားသည့် တစ်ကိုယ်ရေသုံး ကွန်ပျူတာ (PC) များကို ပွဲဦးထွက်မိတ်ဆက်မှု ဖြစ်လာခဲ့သည်။
Huawei MateBook Pro နှင့် MateBook Fold Ultimate Design တို့အား မိတ်ဆက်မှုမှာ HarmonyOS အား စမတ်ဖုန်းများနှင့် တက်ဘလက်များအပြင် မိုက်ခရိုဆော့ဖ် ကုမ္ပဏီ၏ Windows နှင့် အက်ပဲလ်၏ macOS တို့ ကာလကြာမြင့်စွာ ဦးဆောင်ထားသော PC ဈေးကွက်ထဲတွင်လည်း ထိုးဖောက်နေရာယူရန် တွန်းအားပေး လုပ်ဆောင်လာခြင်းကို ညွှန်ပြလျက်ရှိသည်။ (Xinhua)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ချိန်တူးမြို့၌ ပြုလုပ်သည့် Huawei MateBook Pro နှင့် MateBook Fold Ultimate Design မိတ်ဆက်ပွဲအတွင်း Huawei MateBook Fold Ultimate Design အား မိတ်ဆက်ပြသနေသည့် Huawei ကုမ္ပဏီ အမှုဆောင်ဒါရိုက်တာ Yu Chengdong အား ၂၀၂၅ ခုနှစ် မေ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

HarmonyOS အသုံးပြုထားသည့် Huawei MateBook Fold အား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ချိန်တူးမြို့၌ Huawei MateBook Pro နှင့် MateBook Fold Ultimate Design တို့အား မိတ်ဆက်ပြသခဲ့ပြီးနောက် Huawei ကုမ္ပဏီ၏ HarmonyOS အသုံးပြုထားသော လက်ပ်တော့များအား လေ့လာကြည့်ရှုနေသူများကို ၂၀၂၅ ခုနှစ် မေ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………
(English Version)
Huawei launches PCs running self-developed operating system
CHENGDU, May 19 (Xinhua) — Chinese tech giant Huawei on Monday unveiled two laptops powered by HarmonyOS, marking the debut of its self-developed operating system on personal computers (PCs).
The launch of the Huawei MateBook Pro and MateBook Fold Ultimate Design signals the company’s push to expand HarmonyOS beyond smartphones and tablets into a PC market long led by Microsoft’s Windows and Apple’s macOS.
English Caption 1
This photo shows the HarmonyOS-powered Huawei MateBook Pro. (Xinhua/Xu Bingjie)
English Caption 2
Huawei’s executive director Yu Chengdong introduces Huawei’s MateBook Fold Ultimate Design during the launch of the Huawei MateBook Pro and MateBook Fold Ultimate Design in Chengdu, southwest China’s Sichuan Province, May 19, 2025. (Xinhua/Xu Bingjie)
English Caption 3
This photo shows the HarmonyOS-powered Huawei MateBook Fold. (Xinhua/Xu Bingjie)
English Caption 4
Customers try Huawei’s HarmonyOS-powered laptops after the launch of the Huawei MateBook Pro and MateBook Fold Ultimate Design in Chengdu, southwest China’s Sichuan Province, May 19, 2025. (Xinhua/Xu Bingjie)