China
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ကျင်းပ

ရှီးအန်း၊ မေ ၂၀ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့တွင် မေ ၂၀ ရက်၌ ဖွင့်လှစ်ကျင်းပခဲ့သည်။
အဆိုပါဖိုရမ်တွင် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၊ ပြည်လုံးဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် SCO ၏ အိမ်နီးချင်းကောင်း၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကော်မရှင် ဥက္ကဋ္ဌ Shen Yueyue က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဂုဏ်ပြုသဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး အရေးကြီးမိန့်ခွန်း ပြောကြားခဲ့သည်။
အဆိုပါ ဂုဏ်ပြုသဝဏ်လွှာတွင် ဆင်းရဲနွမ်းပါးမှုအမြစ်ဖြတ်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအပေါ် သမ္မတ ရှီ၏ အထူးအလေးထားမှုနှင့် SCO အဖွဲ့ဝင်နိုင်ငံများအကြား နက်နက်ရှိုင်းရှိုင်း ကူးလူးဖလှယ်မှုများနှင့် အပြန်အလှန် လေ့လာသင်ယူမှုများ၊ အေးအတူပူအမျှ SCO အသိုက်အဝန်း တစ်ရပ် တည်ဆောက်ရေးအတွက် ၎င်း၏လွန်စွာစိတ်အားထက်သန် မျှော်လင့်မှုများကို အပြည့်အဝဖော်ပြထားကြောင်း Shen က ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/3JX
……………………………………..
(English Version)
SCO forum on poverty reduction, sustainable development opens
XI’AN, May 20 (Xinhua) — The 2025 SCO (the Shanghai Cooperation Organization) Forum on Poverty Reduction and Sustainable Development opened Tuesday in Xi’an, northwest China’s Shaanxi Province.
Shen Yueyue, vice chairperson of the National Committee of the Chinese People’s Political Consultative Conference and chairperson of the Good-Neighborliness, Friendship and Cooperation Commission of the SCO, read out Chinese President Xi Jinping’s congratulatory letter and delivered a keynote speech.
The congratulatory letter fully demonstrates President Xi’s strong emphasis on eradicating poverty and promoting sustainable development, as well as his earnest expectations for deepening exchanges and mutual learning among SCO countries and building an SCO community with a shared future, Shen said. xhtxs.cn/3JX