Connect with us

International Organizations

၂၀၂၅ ခုနှစ် မေ ၂၀ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာအားကစားသတင်းကောက်နုတ်ချက်

— အိုင်းယက်စ်အား တစ်ရာသီကိုင်တွယ်ပြီးနောက် နည်းပြဖာရီအိုလီ အသင်းမှထွက်ခွာ
အမ်စတာဒမ်အခြေစိုက် နယ်သာလန် ထိပ်သီးကလပ် အိုင်းယက်စ်အသင်း၏ နည်းပြဖြစ်သူ ဖရန်ဆက်စကို ဖာရီအိုလီမှာ အသင်းအား တစ်ရာသီသာ ကိုင်တွယ်ပြီးနောက် အသင်းမှထွက်ခွာရန် ဆုံးဖြတ်လိုက်ကြောင်း ရာသီနောက်ဆုံးပွဲစဉ်အပြီး တစ်ရက်အကြာ မေ ၁၉ ရက်က ကြေညာခဲ့သည်။
ဖာရီအိုလီမှာ လွန်ခဲ့သောနှစ်က OGC Nice အသင်းမှ အိုင်းယက်စ်သို့ ပြောင်းရွှေ့လာခဲ့ကာ ၂၀၂၇ ခုနှစ် နှစ်လယ်ပိုင်းအထိ သက်တမ်းရှိသော စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ယင်းမတိုင်မီက နည်းပြ မော်ရီစတိုင်းလက်ထက်တွင် အိုင်းယက်စ်အနေဖြင့်စိတ်ပျက်ဖွယ် ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ၌ အိုင်းယက်စ်မှာ နယ်သာလန်ထိပ်တန်းလိဂ် Eredivisie ၌ မကြုံစဖူးအဖြစ် အမှတ်ပေးဇယား အောက်ဆုံးသို့ ရောက်ရှိခဲ့သည်။ စတိုင်း၏ နေရာကို ဆက်ခံခဲ့သည့် ဂျွန်ဗန့်ချစ်ပ် လက်ထက်တွင်လည်း အိုင်းယက်စ်အသင်းမှာ ရာသီကုန်တွင် အဆင့်-၅ နေရာ၌သာ ရပ်တည်နိုင်ခဲ့သည်။
ဖာရီအိုလီလက်ထက်တွင်မူ အိုင်းယက်စ်မှာ နယ်သာလန်ထိပ်တန်းလိဂ်၌ ထိပ်ဆုံးသို့ ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီး ရာသီကုန်ရန် ငါးပွဲအလိုအထိ ပီအက်စ်ဗီအား ကိုးမှတ်အသာဖြင့် ဦးဆောင်ထားခဲ့သော်လည်းနောက်ပိုင်းတွင် ရလဒ်များ ဆက်တိုက်ကျဆင်းသွားခဲ့ကာ မေ ၁၈ ရက် ရာသီပိတ်ပွဲစဉ်အပြီးတွင် ပီအက်စ်ဗီက အိုင်းယက်စ်ထက် တစ်မှတ်အသာဖြင့် ချန်ပီယံဖြစ်ခဲ့သည်။ အက်ဖ်စီ တွမ်တီးအား ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် နောက်ဆုံးပွဲစဉ်အပြီးတွင် ဖာရီအိုလီက မျက်ရည်များဖြင့် နှုတ်ဆက်ခဲ့သည်။
…..
— ကမ္ဘာ့စားပွဲတင်တင်းနစ် ချန်ပီယံရှစ်ပြိုင်ပွဲ ကျား၊မ နှစ်ယောက်တွဲပွဲစဉ်တွင် ဘက်တံမကောင်းသည့် ပြဿနာနှင့် ကြုံခဲ့ရသော်လည်း ဝမ်ချူချင်း နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့
မေ ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့စားပွဲတင်တင်းနစ် ချန်ပီယံရှစ်ပြိုင်ပွဲ ကျား၊မ နှစ်ယောက်တွဲပွဲစဉ်တွင် တရုတ်ကစားသမား ဝမ်ချူချင်းမှာ ဘက်တံမကောင်းသည့် ပြဿနာနှင့် ကြုံခဲ့ရသော်လည်း အသစ်လဲ၍ ယှဉ်ပြိုင်ခဲ့ရာ ဒုတိယအဆင့် ပွဲစဉ်အား အသင်းဖော် စွန်းရင်ဆားနှင့်အတူ အနိုင်ယူကျော်ဖြတ်နိုင်ခဲ့သည်။
တရုတ်ကစားသမားနှစ်ဦးအနေဖြင့် ဘရာဇီးအသင်းမှ ဟူဂို ကယ်ဒရာနို၊ ဘရူနာ တာဟာဟာရှိတို့နှင့် မယှဉ်ပြိုင်မီ မိနစ်ပိုင်းအလို၌ ဝမ်၏ဘက်တံမှ ရော်ဘာအပိုင်းအစအချို့ ကွာကျနေသည်ကို တွေ့ရှိခဲ့သဖြင့် နည်းပြဖြစ်သူ Xiao Zhan က ဝမ်၏ဘက်တံအား တစ်ယောက်ယောက်က ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခဲ့ခြင်းရှိမရှိ မေးမြန်းခဲ့ရာ အဆိုပါဘက်တံအား ရည်ရွယ်ချက်ရှိရှိဖြင့် ပျက်စီးအောင် လုပ်ဆောင်ထားခြင်းမရှိဟု ဒိုင်ဖြစ်သူက ပြန်လည်ဖြေကြားခဲ့ပြီး ဝမ်အား အပိုဘက်တံအသုံးပြု၍ ပြိုင်ပွဲဝင်ခွင့်ပြုခဲ့သည်။
မေ ၁၉ ရက်က ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပွဲစဉ်၌ အိုလံပစ်ရွှေတံဆိပ်ဆုရှင်များဖြစ်သလို ထိုပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံဆုကို နှစ်ကြိမ်ကာကွယ်ထားသည့် လက်ရှိချန်ပီယံများက ကမ္ဘာ့ဖလားချန်ပီယံဖြစ်သည့် ကယ်ဒရာနိုနှင့် ၎င်း၏ချစ်သူ တာဟာဟာရှိတို့အား ၁၁-၂၊ ၁၁-၇၊ ၁၁-၄ မှတ်ဖြင့် အနိုင်ယူခဲ့သည်။
— အာဂျင်တီးနား Primera Division Apertura ဘောလုံးပြိုင်ပွဲတွင် အင်ဒီပန်ဒီယန်တေနှင့် ဆန်လိုရန်ဇိုတို့ ဆီမီးဖိုင်နယ်တက်ရောက်
မေ ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အာဂျင်တီးနား Primera Division Apertura ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်၌ အင်ဒီပန်ဒီယန်တေက ဘိုကာဂျူနီယာအား အဝေးကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး တစ်လုံးတည်းသော အနိုင်ဂိုးကို ကိုလံဘီယာနောက်ခံလူ အယ်လ်ဗာရို အန်ဂူလိုက ပွဲချိန်ဒုတိယပိုင်းတွင် သွင်းယူခဲ့ခြင်းဖြစ်သည်။
အင်ဒီပန်ဒီယန်တေအသင်းမှာ ဂိုးရရှိပြီးနောက် အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်ကာ ဆီမီးဖိုင်နယ်တွင် ဟူရာကန်အသင်းနှင့် အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
…..
— AFG Open Championship ပြိုင်ပွဲ ပရော်ဖက်ရှင်နယ် ချန်ပီယံခါးပတ်လုပွဲတွင် ကမ္ဘောဒီးယား ဂျူဂျစ်ဆုအားကစားမယ် အနိုင်ရရှိ
၂၀၂၅ ခုနှစ် AFG Open Championship ပြိုင်ပွဲ ပရော်ဖက်ရှင်နယ် ချန်ပီယံခါးပတ်လုပွဲတွင် ကမ္ဘောဒီးယားနိုင်ငံမှ ဂျူဂျစ်ဆုအားကစားမယ် မက်ဆိုကွီက အနိုင်ရရှိသွားကြောင်း ကမ္ဘောဒီးယား အမျိုးသားအိုလံပစ်ကော်မတီ (NOCC) က မေ ၁၉ ရက်၌ ကြေညာခဲ့သည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ရန်ဆစ်တက္ကသိုလ်တွင် မေ ၁၇ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သည့် ပွဲစဉ်များတွင် အသက် ၂၃ နှစ်အရွယ် မက်ဆိုကွီအနေဖြင့် ပြိုင်ဘက်များကို အနိုင်ယူကာ သမိုင်းဝင်အောင်မြင်မှုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မက်ဆိုကွီက ခါးပတ်နက်ရရှိထားသည့် ဝေးလ်စ် ဂျူဂျစ်ဆုအားကစားမယ် လူစီ ဂရင်းဝေးနှင့် ရှစ်မိနစ်ကြာ ပွဲချိန်ပြည့်ယှဉ်ပြိုင်ခဲ့ပြီးနောက် အမှတ်ဖြင့်အနိုင်ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖိုင်နယ်ပွဲတွင် ၎င်းအနေဖြင့် မလေးရှားနိုင်ငံမှ နိုင်ခြေအမြင့်ဆုံး ကစားသမားဖြစ်သည့် မီယာဖူးနှင့် ရှစ်မိနစ်ကြာ ယှဉ်ပြိုင်ခဲ့ပြီးနောက် အမှတ်ဖြင့် ထပ်မံအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ (Xinhua)

…………………………………..
(English Version)
Coach Farioli leaves Ajax after one season
Coach Francesco Farioli has decided to leave Ajax after only one season, the Amsterdam-based club announced on Monday, one day after the last match of the season.
Farioli joined Ajax from OGC Nice one year ago. The 36-year-old Italian signed a contract until mid-2027 last year, after a disappointing season for Ajax with a historic last place in the Eredivisie in October 2023 under coach Maurice Steijn and a final fifth place under Steijn’s successor John van’t Schip.
Under guidance of Farioli, Ajax arose to the top of table in the Dutch top flight with a nine-point lead over PSV with five match rounds remaining. However, Ajax collapsed in the final phase of the season and eventually reigning champion PSV finished first again last Sunday, one point ahead of Ajax. Farioli was in tears on Sunday after the last match against FC Twente (2-0 win).
…..
Wang shrugs off racket problem to advance with Sun in mixed doubles
Wang Chuqin changed his racket after his “weapon” was allegedly mishandled and went on to win a mixed doubles second round game with Sun Yingsha at the world table tennis championships here on Monday.
Minutes before the Chinese duo took on the Brazilian team of Hugo Calderano and Bruna Takahashi, Wang found part of rubber came off the blade and Chinese coach Xiao Zhan questioned the umpire if anyone had mishandled Wang’s racket. The umpire answered that no one had intentionally torn the rubber and allowed Wang to use his backup racket.
Monday’s game went well as the Olympic gold medalists and two-time defending world champions for the event cruised over World Cup holder Calderano and his girlfriend 11-2, 11-7, 11-4.
…..
Independiente, San Lorenzo reach last four in Argentine title race
A second-half strike from Colombian defender Alvaro Angulo fired Independiente to a 1-0 away victory over Boca Juniors in the quarterfinals of Argentina’s Primera Division Apertura tournament on Monday.
Independiente controlled the match thereafter to set up a home semifinal clash against Huracan.
…..
Cambodian athlete wins Absolute Pro Championship Belt at AFG Open
Cambodian jiu-jitsu athlete Mab Sokhouy won the Absolute Pro Championship Belt at the 2025 AFG Open Championship, the National Olympic Committee of Cambodia (NOCC) announced on Monday.
The 23-year-old secured the historic win after defeating opponents in matches held on May 17-18 at the Rangsit University in Bangkok, Thailand.
In the semifinal, Sokhouy beat Lucy Greenway, a black belt from Wales, to secure a win by points after a full eight-minute match, the news release said.
In the final, she met Malaysia’s top-seeded Mia Foo and once again won by points after another eight-minute bout.