Africa & Middle East
ယူရေနီယမ် သန့်စင်မှုနှင့် ပတ်သက်၍ ညှိနှိုင်းမည်မဟုတ်ဟု အီရန် ပြော

တီဟီရန်၊ မေ ၂၁ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံ၏ ယူရေနီယမ် သန့်စင်မှုနှင့် ပတ်သက်၍ ညှိနှိုင်းမည်မဟုတ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေး ဘဂါအီက မေ ၁၉ ရက်၌ ပြောကြားခဲ့သည်။မေ ၁၈ ရက်က အမေရိကန်၏ အရှေ့အလယ်ပိုင်းရေးရာ သံတမန် စတိဗ် ဝစ်ကော့ဖ်၏ ပြောကြားချက်နှင့် စပ်လျဉ်း၍ တီဟီရန်မြို့တွင် ပြုလုပ်သည့် အပတ်စဉ် သတင်းစာရှင်းလင်းပွဲ၌ တုံ့ပြန်ပြောကြားရာတွင် ဘဂါအီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဝစ်ကော့ဖ်က “ကျွန်တော်တို့ဆီမှာ အလွန့်အလွန် ရှင်းလင်းပြတ်သားတဲ့ အနီရောင်စည်းတစ်ခု ရှိပါတယ်။ အဲဒါကတော့ ယူရေနီယမ်သန့်စင်မှုပါ။ အီရန်က ယူရေနီယမ်ကို တစ်ရာခိုင်နှုန်းလောက် သန့်စင်နိုင်စွမ်း ရှိတာကိုတောင် ကျွန်တော်တို့ ခွင့်မပြုနိုင်ပါဘူး” ဟု အမေရိကန်အခြေစိုက် ABC News ရုပ်သံသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဘဂါအီက “ကျွန်တော်တို့အနေနဲ့ အီရန်နယ်နိမိတ်ထဲမှာ ယူရေနီယမ် သန့်စင်ဖို့အတွက် ဘယ်သူ့ဆီကမှ ခွင့်တောင်းနေမှာ မဟုတ်သလို အမေရိကန်အနေနဲ့လည်း နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် (NPT) မှာ အတိအလင်းဖော်ပြထားတဲ့ အဲဒီအခွင့်အရေးနဲ့ ပတ်သက်ပြီး တခြားနိုင်ငံတစ်နိုင်ငံကို ခွင့်ပြုနိုင်တဲ့ ဒါမှမဟုတ် ပယ်ချနိုင်တဲ့ အနေအထားမှာ မရှိပါဘူး” ဟု ပြောကြားခဲ့သည်။
နှစ်နိုင်ငံ သွယ်ဝိုက်ဆွေးနွေးမှုများ ပြုလုပ်ပြီးသည့် အကြိမ်တိုင်းတွင် အမေရိကန်ဘက်က သဘောထားပြောင်းလဲမှုများကိုလည်း ၎င်းက ထောက်ပြပြောဆိုခဲ့သည်။
“ဆွေးနွေးပွဲတစ်ကြိမ် ပြီးသွားတိုင်း တိုးတက်မှုတွေ ရခဲ့တယ်လို့ ကျွန်တော်တို့ ခံစားမိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ဖက်ရဲ့သဘောထားကို တခြားတစ်ဖက်က နားလည်နိုင်တယ်လေ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူတို့ ဝါရှင်တန်ကိုရောက်တော့ အမေရိကန်ဘက်က သဘောထားပြောင်းသွားတော့တာပါပဲ” ဟု ဘဂါအီက ပြောကြားခဲ့သည်။
နှစ်ဖက်အကြား စတုတ္ထအကြိမ် ဆွေးနွေးစဉ်အတွင်း အမေရိကန် ကိုယ်စားလှယ်အဖွဲ့က အီရန်အား စာဖြင့်ရေးသားထားသော အဆိုပြုချက်တစ်စောင် ပေးအပ်ခဲ့သည်ဟူသော အမေရိကန်မီဒီယာများနှင့် ဝစ်ကော့ဖ်၏ ပြောဆိုချက်များကို ဘဂါအီက ပယ်ချခဲ့ပြီး မိမိတို့အနေဖြင့် အမေရိကန်ထံမှ စာဖြင့်ရေးသားထားသည့် မည်သည့်အဆိုပြုချက်ကိုမှ လက်ခံရရှိခြင်းမရှိကြောင်း၊ နှုတ်အားဖြင့် ပြောဆိုမှုများသာ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
အိုမန်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် အီရန်နှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့တို့ကြား အီရန်၏ နျူကလီးယား အစီအစဉ်၊ အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းရေး စသည်တို့နှင့် စပ်လျဉ်း၍ သွယ်ဝိုက်ဆွေးနွေးမှုများကို လေးကြိမ်ပြုလုပ်ထားပြီးဖြစ်သည်။ ပထမအကြိမ်၊ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ဆွေးနွေးမှုများကို မက်စကတ်မြို့တွင် ဧပြီ ၁၂ ရက်၊ ဧပြီ ၂၆ ရက်နှင့် မေ ၁၁ ရက်တို့၌ ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ် ဆွေးနွေးမှုကိုမူ ရောမမြို့တွင် ဧပြီ ၁၉ ရက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဥ္စမအကြိမ် ဆွေးနွေးမှုကိုမူ လာမည့်ရက်ပိုင်းအတွင်း ပြုလုပ်ဖွယ်ရှိပြီး ဆွေးနွေးပွဲပြုလုပ်မည့် နေ့ရက်နှင့် နေရာကိုမူ နောက်ပိုင်းတွင် ထုတ်ပြန်ကြေညာသွားမည်ဟု သိရသည်။ (Xinhua)
#Iran #US #UraniumEnrichment #အီရန် #အမေရိကန် #ယူရေနီယမ်သန့်စင်မှု
………………………………………………………
(English Version)
Iran says uranium enrichment non-negotiable
TEHRAN, May 19 (Xinhua) — Iran’s Foreign Ministry spokesman Esmaeil Baghaei said on Monday the country’s uranium enrichment is non-negotiable.
He made the remarks at a weekly press conference in Tehran while reacting to remarks on Sunday by U.S. Special Envoy to the Middle East Steve Witkoff, who told the U.S.-based ABC News, “We have one very, very clear red line, and that is enrichment, and we cannot allow (Iran to have) even 1 percent of an enrichment capability.”
“We do not seek permission from anyone for uranium enrichment on Iran’s soil and the United States is not in a position to be able to give or not to give permission to a country regarding this right that has been stated in the Non-Proliferation Treaty (NPT),” Baghaei said.
He pointed to the changes in the U.S. positions after each round of the indirect negotiations between the two countries.
After each round, Baghaei said, “we feel that progress has been achieved and, at least, we understand each other’s viewpoints, but unfortunately, upon arriving in Washington, the American sides express other positions.”
He rejected claims by U.S. media and Witkoff that the U.S. delegation had delivered a written proposal to Iran during the two sides’ fourth round of negotiations, saying, “We have not received any written proposal from the United States, and whatever received has been verbal.”
Facilitated by Oman, the Iranian and U.S. delegations have so far held four rounds of indirect talks on Tehran’s nuclear program and the lifting of U.S. sanctions. The first, third, and fourth rounds were held in Muscat on April 12, April 26, and May 11, while the second round took place in Rome on April 19.
A fifth round is expected to be held in the coming days, with its date and venue to be announced later.
English Caption
Iranian Foreign Ministry spokesman Esmaeil Baghaei attends a press conference in Tehran, Iran, April 21, 2025. (Xinhua/Shadati)