International Organizations
၂၀၂၅ ခုနှစ် မေ ၂၁ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— မန်ယူနှင့် စပါးစ်တို့အတွက် ဘောလုံးပွဲထက် သာလွန်သော ဘီဘာအို၏ ဆန်မားမက်စ်အားကစားကွင်းတွင် ကျင်းပမည့် ယူရိုပါလိဂ်ဖိုင်နယ်ပွဲ
မေ ၂၁ ရက်တွင် အက်သလက်တစ် ဘီဘာအို၏ ခမ်းနားသော ဆန်မားမက်စ် အားကစားကွင်း၌ ယူရိုပါလိဂ် ဗိုလ်လုပွဲအဖြစ် မန်ချက်စတာယူနိုက်တက်နှင့် တော့တင်ဟမ်ဟော့ စပါးစ်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ စပိန်နိုင်ငံ မြောက်ပိုင်း ဘက်စကေးဒေသသို့ ပရီးမီးယားလိဂ် ပြိုင်ဘက်နှစ်သင်း၏ အကြိတ်အနယ် အားပြိုင်မှုများ ရောက်ရှိလာတော့မည်ဖြစ်သည်။
အဆိုပါဗိုလ်လုပွဲတွင် အနိုင်ရရှိသည့်အသင်းမှာ လာမည့်ရာသီ၌ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမည်ဖြစ်သလို နှစ်သင်းစလုံးအနေဖြင့် ပြည်တွင်းလိဂ်ပြိုင်ပွဲ၌ ရလဒ်များ အကြီးအကျယ် ဆိုးရွားနေမှုကိုလည်း အတိုင်းအတာတစ်ခုအထိ ပြန်လည်အဖတ်ဆယ်နိုင်မည်ဖြစ်သည်။
အာမိုရင်မ်အနေဖြင့် ပရီးမီးယားလိဂ်တွင် ရလဒ်ကောင်းများ ဖန်တီးနိုင်ခြင်းမရှိသော်လည်း ဒိုင်၏ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်များ ရှိခဲ့သည့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ်တွင် ဘီဘာအိုကို ဂိုးပြတ်အနိုင်ယူကာ ရှုံးပွဲမရှိဘဲ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။
စပါးစ်အသင်းမှာမူ အခြေအနေ ပိုမိုဆိုးရွားလျက်ရှိကာ ယူရိုပါလိဂ်ဆုဖလား ဆွတ်ခူးခဲ့မည်ဆိုလျှင်ပင် နည်းပြ အန်းပေါ့စတီကိုဂလူးမှာ နွေရာသီ၌ အသင်းမှထွက်ခွာဖွယ်ရှိသည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။
စပါးစ်အသင်းမှာ ၃၇ ပွဲ ကစားထားရာတွင် ၂၁ ပွဲ ရှုံးနိမ့်ကာ အဆင့်-၁၇ ၌ ရပ်တည်လျက်ရှိပြီး ၆၃ ဂိုး သွင်းယူထားသည့် တိုက်စစ်ပိုင်း စွမ်းဆောင်ရည်မှာ ချီးကျူးစရာြဖစ်သော်လည်း ခံစစ်မှာ ၆၁ ဂိုးအထိ ခွင့်ပြုထားရခြင်းက ခံစစ်ပိုင်းဖရိုဖရဲဖြစ်မှုကို မြင်သာထင်သာရှိစေသည်။ ပေါ့စတီကိုဂလူး၏ အသင်းမှာ ဗိုလ်လုပွဲတွင် အားထားရသော ကစားသမားနှစ်ဦးဖြစ်သည့် ဂျိမ်းစ်မက်ဒီဆင်နှင့် ဒီဂျန် ကူလူဆက်ဗ်စကီးတို့ မပါဘဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
…..
— ကမ္ဘာ့စားပွဲတင်တင်းနစ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဝမ်ချူချင်း စတုတ္ထအဆင့်သို့ တက်ရောက်
မေ ၂၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့စားပွဲတင်တင်းနစ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် တရုတ်စားပွဲတင်တင်းနစ် ကစားသမား ဝမ်ချူချင်းက တရုတ် (ဟောင်ကောင်) မှ Wong Chun Ting အား အပြတ်အသတ် အနိုင်ယူကာ စတုတ္ထအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
အဆိုပါပွဲစဉ်၌ ဝမ်ချူချင်း (ဆီဒင်-၂) က တရစပ် ဖိအားပေးကစားသွားခဲ့ပြီး အသက် ၃၃ နှစ်အရွယ် ဝါရင့်ပြိုင်ဘက်ကစားသမားကို ၁၂-၁၀၊ ၁၁-၆၊ ၁၁-၅၊ ၁၁-၇ မှတ်ဖြင့် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည်။
“သူက သိပ်ကိုသန်မာတဲ့ ကစားသမားတစ်ယောက်ဖြစ်တာမို့ ကျွန်တော် အမှားမလုပ်မိအောင် ကြိုးစားခဲ့ရတယ်။ ပထမပွဲမှာ အနိုင်ရပြီးတော့ ကျွန်တော် အခြေအနေကောင်းသွားပြီလို့ ခံစားမိပါတယ်” ဟု ဝမ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
…..
— ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်ရုံဖြင့် ယခုရာသီအတွက် ပြန်လည်သိက္ခာဆည်နိုင်မည် မဟုတ်ဟု မန်ချက်စတာယူနိုက်တက်နည်းပြ အာမိုရင်မ် ဆို
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင် အာမိုရင်မ်က မေ ၂၁ ရက်တွင် စပါးစ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ယူရိုပါလိဂ် ဗိုလ်လုပွဲမတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ အသင်း၏ လက်ရှိရာသီ အခြေအနေအပေါ် လက်တွေ့ကျကျ သုံးသပ်ပြောဆိုသွားခဲ့သည်။
ယူရိုပါလိဂ်တွင် အနိုင်ရဗိုလ်စွဲသည့်အသင်းမှာ လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမည်ဖြစ်သော်လည်း ယူနိုက်တက်အနေဖြင့် အဆင့်-၁၆ ၌ ရပ်တည်နေပြီး ၁၉၉၂ ခုနှစ်တွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ စတင်ကျင်းပခဲ့ပြီးနောက်ပိုင်း အဆိုးရွားဆုံး ဘောလုံးရာသီအဖြစ် မှတ်တမ်းဝင်ခဲ့ရာ ဥရောပဆုဖလားတစ်လုံး ဆွတ်ခူးနိုင်ခြင်းက ပြည်တွင်းလိဂ်ပြိုင်ပွဲ၌ ရလဒ်ဆိုးရွားနေမှုကို ချေဖျက်နိုင်မည် မဟုတ်ဟု အာမိုရင်မ်က ဝန်ခံပြောဆိုခဲ့သည်။ စပါးစ်အသင်းမှာမူ အဆင့်-၁၇ ၌ ရပ်တည်လျက်ရှိသည်။
“ဘယ်အရာကမှ ဒီဘောလုံးရာသီကို ပြောင်းလဲနိုင်မှာမဟုတ်ပေမဲ့ ဥရောပဆုဖလားတစ်လုံး ဆွတ်ခူးနိုင်မယ်ဆိုရင် အနာဂတ်အတွက် ပြန်တည်ဆောက်တဲ့အခါမှာ အထောက်အကူ ဖြစ်စေမယ်ဆိုတာကို အားလုံး သိကြပါတယ်” ဟု ၎င်းက ဆိုသည်။
“အနာဂတ်သစ် မဟုတ်ပေမဲ့ ဒီရာသီပြီးဆုံးတဲ့အထိ ကျော်ဖြတ်နိုင်ဖို့ ကျွန်တော်တို့ကို အထောက်အကူပေးနိုင်သလို လူတော်တော်များများကလည်း ကျွန်တော်တို့အသင်းအပေါ် အမြင်ပြောင်းလဲလာမှာဆိုတော့ ဥရောပဆုဖလားတစ်လုံး ဆွတ်ခူးနိုင်ဖို့ သိပ်အရေးကြီးပါတယ်” ဟု အာမိုရင်မ်က ပြောကြားခဲ့သည်။
ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့မည်ဆိုလျှင် လာမည့်ရာသီအတွက် ဥရောပပြိုင်ပွဲဝင်ခွင့်ကို လုံးလုံးလျားလျား လက်လွှတ်ဆုံးရှုံးရမည်ဖြစ်သလို လွန်ခဲ့သော သုံးနှစ်အတွင်း ပေါင်သန်း ၃၀၀ အထိ ဆုံးရှုံးခဲ့သည့် အသင်းအတွက်လည်း ထိုးနှက်ချက်ဖြစ်လာမည်ဖြစ်သည်။
ဗိုလ်လုပွဲ၌ လန်နီ ယိုရို၊ ဒီယိုဂို ဒါလော့နှင့် ဂျိုရှူအာ ဇက်ခ်ဇီးတို့ ပွဲချိန်ပြည့် ပါဝင်ကစားရန် မသေချာသော်လည်း အသင်းလူစာရင်း၌ ပြန်လည်ပါဝင်လာမည်ဟု အာမိုရင်မ်က ထုတ်ဖော်ပြောကြားခဲ့သည်။
…..
— တရုတ်ဘတ်စကက်ဘောပြိုင်ပွဲ (CBA) တွင် Zhejiang Lions က Beijing Ducks အား အနိုင်ယူကာ ချန်ပီယံဆုကို ပထမဆုံးအကြိမ်ဆွတ်ခူး
မေ ၂၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် တရုတ်ဘတ်စကက်ဘောပြိုင်ပွဲ (CBA) ၏ best-of-seven ပုံစံဖြင့် ကျင်းပသော ဗိုလ်လုပွဲ၏ ပွဲစဉ်-၆ တွင် Zhejiang Lions က Beijing Ducks အား ၁၂၅-၁၁၈ မှတ်ဖြင့် အနိုင်ယူကာ အသင်း၏ နှစ် ၂၀ ကြာ သက်တမ်းတစ်လျှောက်တွင် ပထမဆုံးသော CBA ဆုဖလားကို ရယူနိုင်ခဲ့ပြီဖြစ်သည်။
“ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ခဲ့တဲ့ ကျွန်တော့်ကစားသမားတွေကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ရာသီတစ်လျှောက်လုံးမှာ အနိမ့်အမြင့်၊ အတက်အကျတွေရှိခဲ့ပေမဲ့ ကျွန်တော်တို့ ရင့်ကျက်တည်ငြိမ်စွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်” ဟု ကျဲ့ကျန်းအသင်း နည်းပြချုပ်ဖြစ်သူ ဝမ်ပိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အိမ်ကွင်းမှာကစားရတဲ့ ပွဲစဉ်-၅ မှာကတည်းက ချန်ပီယံဆုရယူနိုင်ဖို့ စိတ်အားထက်သန်နေခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်ကို သေသေချာချာ မချိန်ညှိနိုင်ခဲ့ပါဘူး။ ဒီနေ့တော့ ကျွန်တော်တို့ တစ်ချိန်လုံး ယုံကြည်မှုရှိရှိ ညီညီညွတ်ညွတ်နဲ့ အောင်ပွဲရယူနိုင်ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)
……………….
(English Version)
Europa League final between Man Utd and Hotspur in Bilbao more than just football
The Premier League will be transported to the Basque region of northern Spain on Wednesday when Manchester United face Tottenham Hotspur in the Europa League final in Athletic Club Bilbao’s impressive San Mames Stadium.
The match offers the winner the chance to qualify for next season’s Champions League and to salvage something from what has been a dreadful domestic season for both teams.
Amorim has failed to do that in the Premier League, but his side has progressed unbeaten to the final, beating hosts Athletic Club Bilbao in the semi-final after several controversial refereeing decisions all went its way.
Tottenham’s campaign has been even worse, with speculation that coach Ange Postecoglou will leave in the summer even if his team lifts the trophy.
Spurs are 17th in the table with 21 defeats from 37 games, and although 63 goals scored points to a laudable commitment to attack, the 61 goals conceded also highlights chaotic defending.
Postecoglou is without the influential duo of James Maddison and Dejan Kulusevski for the final.
…..
Wang Chuqin reaches fourth round at table tennis worlds
Wang Chuqin overpowered Wong Chun Ting to reach the fourth round of the World Table Tennis Championships on Tuesday.
The second-seeded Chinese played an aggressive game as he nailed a 12-10, 11-6, 11-5, 11-7 victory over the 33-year-old Hong Kong veteran.
“He is a quite strong player and I tried not to make mistakes,” said Wang. “By taking the first set, I felt I was on a right way.”
…..
Man Utd coach Amorim: Winning Europa League won’t salvage season
Manchester United coach Ruben Amorim was realistic about his club’s season when he spoke to the press ahead of Wednesday’s Europa League final against Tottenham Hotspur.
The winner will earn a place in next season’s Champions League, but with Tottenham 17th in the Premier League and Manchester United just one place above in its worst season since the league was formed in 1992, Amorim admitted that winning a European trophy would not compensate for a bad year domestically.
“Nothing is going to change our season, but everybody knows winning a European title can help us have the feeling that can help us to build a future.”
“A new future is not the case, but it’s going to help us to finish the season and many people will look at our team in a different way because winning a European title is really important,” said Amorim.
Defeat would mean missing out entirely on a place in Europe next season and a blow to a club that has lost 300 million pounds over the last three years.
Amorim also revealed that Leny Yoro, Diogo Dalot and Joshua Zirkzee would be in the matchday squad, although he added that they would struggle to play the full game.
…..
Zhejiang Lions beat Beijing Ducks to win club’s first-ever CBA title
After defeating the Beijing Ducks 125-118 in Game 6 to win the best-of-seven finals 4-2 on Tuesday, the Zhejiang Lions claimed their first-ever Chinese Basketball Association (CBA) title in the club’s 20-year history.
“I want to thank all my players for their great efforts. There were ups and downs throughout the season, but we managed to get mature in this process,” Zhejiang head coach Wang Bo said after the game. “We were eager to win the title at home in Game 5 and didn’t adjust our mentality properly. Today, we trust ourselves all the time to clinch the victory with solidarity.”