Africa & Middle East
အစ္စရေး၏ထိုးစစ် “နောက်ဆုံးအဆင့်” သို့ ရောက်ရှိလာစဉ် ဂါဇာအား အပြည့်အဝ ထိန်းချုပ်ထားမည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ပြော

ဂျေရုဆလမ်၊ မေ ၂၂ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသ၏ နေရာအားလုံးကို အစ္စရေးက လုံခြုံရေးအရ ထိန်းချုပ်ထားမည်ဖြစ်ပြီး လက်ရှိဆင်နွှဲနေသော “Gideon’s Chariots” စစ်ဆင်ရေး ပြီးဆုံးချိန်တွင် ဟားမက်စ်အဖွဲ့အား ချေမှုန်းနိုင်လိမ့်မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက မေ ၂၁ ရက်၌ ပြောကြားခဲ့သည်။
မေ ၁၇ ရက်၌ စတင်ခဲ့သည့် ထိုစစ်ဆင်ရေးမှာ အစ္စရေးက ဆင်နွှဲနေသော စစ်ပွဲ၏ “နောက်ဆုံးအဆင့်” ဖြစ်ကြောင်း နေတန်ယာဟုက ဆိုသည်။ အစ္စရေးတွင် လူ ၁,၂၀၀ ခန့် သေဆုံးခဲ့သော ဟားမက်စ်ဦးဆောင်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အစ္စရေးက ထိုစစ်ပွဲကို စတင်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့တပ်တွေဟာ ဂါဇာဒေသထဲမှာ ကျန်ရှိနေဆဲဖြစ်တဲ့ ဟားမက်အဖွဲ့ရဲ့ ခြေကုပ်စခန်းတွေကို ပြင်းပြင်းထန်ထန် ထိုးနှက်တိုက်ခိုက်နေပြီး တိုက်ခိုက်မှုတွေက ပိုပြီးတော့ ပြင်းထန်လာပါလိမ့်မယ်” ဟု နေတန်ယာဟုက ပြောကြားခဲ့ပြီး ထိုစစ်ဆင်ရေးမှာ ဂါဇာဒေသတွင် “စစ်ပွဲနှင့် လုပ်ဆောင်စရာများ” ကို အောင်မြင်စွာအဆုံးသတ်ရန်” ရည်ရွယ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ဟားမက်စ်အဖွဲ့၏ စစ်ဘက်ရေးရာ ခေါင်းဆောင်ဖြစ်သလို ဟားမက်စ်ခေါင်းဆောင်ဟောင်း ယာယာဆင်ဝါ၏ ညီလည်းဖြစ်သူ မိုဟာမက် ဆင်ဝါမှာ ဂါဇာတောင်ပိုင်းတွင် မကြာမီက အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ဖွယ်ရှိသည်ဟုလည်း နေတန်ယာဟုက ပြောကြားခဲ့သည်။ သို့သော် မိုဟာမက် ဆင်ဝါ သေဆုံးကြောင်း အစ္စရေးဘက်ကရော ဟားမက်စ် သတင်းရင်းမြစ်များကပါ တရားဝင် အတည်ပြုခြင်းမရှိသေးပေ။
မေ ၁၃ ရက်က ခန်ယွန်းနစ်မြို့ရှိ ဥရောပဆေးရုံအား တိုက်ခိုက်မှုမှာ ဆင်ဝါအား ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်းဖြစ်သည်ဟု နေတန်ယာဟုက အတည်ပြုခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် အပျက်အစီးများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပြီး သေကျေဒဏ်ရာရသူ များပြားခဲ့ကြောင်း ပါလက်စတိုင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဂါဇာအခြေစိုက် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများကမူ ထိုတိုက်ခိုက်မှုအတွင်း အနည်းဆုံး လူခြောက်ဦး သေဆုံးပြီး ၄၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
ပိုမိုကျယ်ပြန့်သော ထိုးစစ်အား အဆုံးသတ်နိုင်မည့် အဓိက သတ်မှတ်ချက်လေးခုကိုလည်း နေတန်ယာဟုက ထုတ်ဖော်ပြောကြားခဲ့ပြီး ယင်းတို့မှာ အစ္စရေးဓားစာခံ အားလုံးကို ပြန်လွှတ်ပေးရေး၊ ဟားမက်စ်ခေါင်းဆောင်ပိုင်းကို ဂါဇာဒေသမှ ဖယ်ရှားရေး၊ ဟားမက်စ်အဖွဲ့အား အလုံးစုံဖျက်သိမ်းရေးနှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အဆိုပြုထားသော အငြင်းပွားဖွယ် အစီအစဉ်အား အကောင်အထည်ဖော်ရေးတို့ဖြစ်ကြောင်း သိရသည်။
ဂါဇာဒေသအား အမေရိကန်က ထိန်းချုပ်ကာ ပါလက်စတိုင်းဒေသခံများအား တတိယနိုင်ငံများသို့ နေရာရွှေ့ပြောင်းမည့် ကျင့်ဝတ်ပိုင်းအရ အငြင်းပွားစရာဖြစ်သော ထရမ့်အဆိုပြုထားသည့် အစီအစဉ်အား ဒေသတွင်းနှင့် နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခဲ့သည်။
ထို့အတူ အစ္စရေးအနေဖြင့် ဟားမက်စ်အဖွဲ့က လူသားချင်းစာနာမှု အထောက်အပံ့များကို လက်လွှဲယူခြင်းအား တားဆီးနိုင်ရန် ရည်ရွယ်လျက် အကူအညီသစ်များပေးပို့မည့် စနစ်အတွက်လည်း အမေရိကန်နှင့် ညှိနှိုင်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အစ္စရေးက လတ်တလော စစ်ဆင်ရေးလုပ်ဆောင်ခဲ့သည့် ပထမဆုံး ငါးရက်အတွင်း ပါလက်စတိုင်းရာနှင့်ချီ သေဆုံးခဲ့ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစ၍ သေဆုံးခဲ့သည့် ပါလက်စတိုင်းဦးရေမှာ ၅၃,၆၅၅ ဦး ရှိလာပြီဖြစ်ကြောင်း ဂါဇာအခြေစိုက် ကျန်းမာရေးတာဝန်ရှိသူများက မေ ၂၁ ရက်၌ ပြောကြားခဲ့သည်။ (Xinhua)

ဂါဇာစီးတီး အနောက်ဘက် ပင်လယ်ဆိပ်ကမ်းနေရာရှိ ယာယီခိုလှုံရေးစခန်းတစ်ခု၌ အစားအသောက်များကို ပြင်ဆင်နေသည့် နေရပ်စွန့်ခွာခဲ့ရသူများကို ၂၀၂၅ ခုနှစ် မေ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………………………………………………..
(English Version)
Israel’s Netanyahu says Gaza to be fully controlled as offensive enters “final phase”
JERUSALEM, May 21 (Xinhua) — Israeli Prime Minister Benjamin Netanyahu said on Wednesday that all areas of the Gaza Strip will be under Israeli security control and Hamas will be defeated by the end of the ongoing “Operation Gideon’s Chariots.”
Netanyahu described the operation, which he said began on Saturday, as the “final phase” of Israel’s military campaign. That campaign was launched following a Hamas-led attack on October 7, 2023, that killed about 1,200 people in Israel.
“Our forces are landing powerful blows that will get stronger against Hamas strongholds that still exist in Gaza,” Netanyahu stated, adding the operation was meant to “complete the war, the work” in the Strip.
Netanyahu also said that Mohammed Sinwar, Hamas’ military leader and the younger brother of former Hamas leader Yahya Sinwar, was “apparently” killed in a recent Israeli airstrike in southern Gaza. There has been no official confirmation of Mohammed Sinwar’s death from either Israeli or Hamas sources.
The prime minister confirmed that a May 13 strike on the European Hospital in Khan Younis was aimed at Sinwar. According to Palestinian officials, the attack caused extensive damage and heavy casualties. The Gaza-based health authorities said at least six people were killed and 40 others injured in the strike.
Netanyahu also outlined four key conditions for ending the broader offensive: the release of all Israeli hostages, the removal of Hamas leadership from Gaza, the group’s complete disarmament, and the implementation of the controversial plan proposed by U.S. President Donald Trump.
Trump’s plan, proposing American control over Gaza and the ethically questionable relocation of Palestinian residents to third countries, has ignited widespread regional and international condemnation.
Israel is also coordinating with the United States on a new aid delivery system intended to prevent Hamas from diverting humanitarian supplies.
The Gaza-based health authorities said on Wednesday that hundreds of Palestinians have been killed in the first five days of the latest operation, adding that the total Palestinian death toll since October 2023 has reached 53,655.
English Caption 1
Israeli troops are seen near the southern Israeli border with Gaza, on May 20, 2025. (Photo by Jamal Awad/Xinhua)
English Caption 2
Displaced people prepare food at a temporary shelter in the seaport area of western Gaza City, on May 21, 2025. (Photo by Rizek Abdeljawad/Xinhua)