Connect with us

International Organizations

၂၀၂၅ ခုနှစ် မေ ၂၃ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ဘာစီလိုနာတိုက်စစ်ကစားသမား ရာဖင်ညာ အသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆို
ဘာစီလိုနာအသင်း၏ ဘရာဇီး တိုက်စစ်ကစားသမား ရာဖင်ညာမှာ ၂၀၂၈ ခုနှစ် ဇွန်လကုန်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း ကလပ်အသင်းက မေ ၂၂ ရက်၌ အတည်ပြုကြေညာခဲ့သည်။
“ဘရာဇီး တိုက်စစ်ကစားသမားဟာ ကလပ်အသင်းရုံးခန်းမှာ ဘာစီလိုနာအသင်း ဥက္ကဋ္ဌ ယိုအန် လာပေါ်တာ၊ ဒုတိယဥက္ကဋ္ဌ-၁ ရာဖာ ရူစတေး၊ အားကစားဒါရိုက်တာ အန်ဒါဆန် လူးဝစ်စ် ဒီဆူဇာ ‘ဒေကို’ နဲ့ တခြားတာဝန်ရှိသူတွေရဲ့ ရှေ့မှောက်မှာပဲ မေ ၂၂ ရက်က စာချုပ်သစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်” ဟု ဘာစီလိုနာအသင်း၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ကြေညာထားသည်။
ထိုကြေညာချက်မှာ ၂၀၂၂ ခုနှစ် နွေရာသီတွင် လိဒ်စ်ယူနိုက်တက်မှ ဘာစီလိုနာသို့ ပြောင်းရွှေ့ခဲ့သည့် အသက် ၂၈ နှစ်အရွယ် ရာဖင်ညာအတွက် ကံကြမ္မာအလှည့်အပြောင်း‌တစ်ခု ဖြစ်ပေါ်လာခြင်းကို ညွှန်ပြလျက်ရှိသည်။
ဘာစီလိုနာအနေဖြင့် ယမန်နှစ် နွေရာသီက ရာဖင်ညာအား ရောင်းချရန် စီစဉ်ခဲ့သော်လည်း ကစားသမားသစ် ခေါ်ယူရာတွင် အခက်အခဲများ ရှိနေသည့်အတွက် နောက်ဆုံးတွင် ၎င်းအား အသင်း၌ ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ရာဖင်ညာမှာ နည်းပြဟန်ဆီဖလစ်ခ်လက်ထက်တွင် ၅၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၃၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂၅ ကြိမ် ပြုလုပ်ထားပြီး အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သည်။ ဘာစီလိုနာအနေဖြင့် လာလီဂါဆုဖလားနှင့် စပိန်ဘုရင့်ဖလားတို့ကို ဆွတ်ခူးခဲ့ရာတွင် ရောဘတ် လီဝန်ဒေါစကီးတစ်ဦးသာလျှင် ပြိုင်ပွဲစုံ၌ သွင်းဂိုး ၄၀ ရရှိထားပြီး ရာဖင်ညာထက် ဂိုးပိုမိုသွင်းယူနိုင်ခဲ့သည်။
…..
— ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား မိုဒရစ် ဖီဖာကလပ်ကမ္ဘာ့ဖလားအပြီးတွင် အသင်းမှထွက်ခွာမည်
ယခုနွေရာသီ၌ ကျင်းပမည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးတွင် အသင်းမှထွက်ခွာတော့မည်ဟု ရီးရဲလ်မက်ဒရစ် ဝါရင့်ကွင်းလယ်ကစားသမား လူကာမိုဒရစ်က မေ ၂၂ ရက်၌ ကြေညာခဲ့သည်။
ဆန်တီယာဂို ဘာနေဗျူးကွင်းတွင် အသင်းအတွက် နောက်ဆုံးအကြိမ် ပါဝင်ကစားသည့်ပွဲစဉ် ဖြစ်လာမည့် မေ ၂၄ ရက် ရီးရဲလ်ဆိုစီဒက်အသင်းနှင့် ပွဲစဉ်မတိုင်မီ နှစ်ရက်အလိုတွင် အသက် ၃၉ နှစ်အရွယ် ခရိုအေးရှားကစားသမားက ၎င်း၏ဆုံးဖြတ်ချက်ကို အတည်ပြုပြောဆိုခဲ့ခြင်းဖြစ်သည်။ သို့သော် ၎င်းအနေဖြင့် ဇွန် ၁၅ ရက်တွင် စတင်မည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလတွင် အသင်း၌ ဆက်ရှိနေမည်ဖြစ်သည်။
“ကျွန်တော် ဘယ်တုန်းကမှ မရောက်စေချင်ခဲ့တဲ့အချိန်ကို ရောက်လာပါပြီ။ ဒါပေမဲ့ ဒါက ဘောလုံးအားကစားဖြစ်ပြီး ဘဝမှာ အရာအားလုံးက အစရှိရင် အဆုံးသတ်ဆိုတာလည်းရှိစမြဲပါ။ ဇွန် ၂၄ ရက်မှာတော့ ဆန်တီယာဂို ဘာနေဗျူးကွင်းကြီးထဲမှာ ကျွန်တော့်အတွက် နောက်ဆုံးပွဲစဉ်ကို ယှဉ်ပြိုင်ကစားမှာပါ” ဟု မိုဒရစ်က ဆိုသည်။
မိုဒရစ်၏ လက်ရှိစာချုပ်မှာ ဇွန်လကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖွယ်ရှိသည်ဟု စပိန်မီဒီယာများက ခန့်မှန်းဖော်ပြနေချိန်တွင် အဆိုပါသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ မိုဒရစ်မှာ ယခုရာသီတွင် ပြိုင်ပွဲစုံ၌ ၅၆ ပွဲ ပါဝင်ကစားခဲ့ပြီး ပွဲ၏အရှိန်အဟုန်ကို လိုသလို အတင်အချလုပ်နိုင်သည့် ၎င်း၏စွမ်းဆောင်ရည်က ရီးရဲလ်အတွက် အရေးပါနေဆဲဖြစ်သည်။
…..
— မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပိုမိုကျစ်လျစ်သော ကစားသမားအစုအဖွဲ့ကို အလိုရှိနေ
မန်ချက်စတာစီးတီးအသင်း နည်းပြဖြစ်သူ ပက်ပ်ဂွါဒီယိုလာက ပထမအသင်း လူအင်အားကို လျှော့ချပေးရန် အသင်းအား တိုက်တွန်းခဲ့ပြီး သို့မဟုတ်ပါက အသင်းမှထွက်ခွာရန် စဉ်းစားမည်ဟု ပြောကြားခဲ့သည်။ ၎င်းအနေဖြင့် ကစားသမားများ ပွဲကြည့်စင်ပေါ်၌ ရှိနေခြင်းကို မနှစ်မြို့ကြောင်းလည်း ဂွါဒီယိုလာက ပြောကြားခဲ့သည်။
မေ ၂၀ ရက် ညပိုင်းက ဘုန်းမောက်အား အိုမာ မာမွတ်ရှ်၊ ဘာနာဒို ဆေးဗား၊ နစ်ကို ဂွန်ဇာလက်ဇ်တို့၏ သွင်းဂိုးများနှင့်အတူ ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်အပြီးတွင် ဂွါဒီယိုလာက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မေ ၂၀ ရက် ပွဲစဉ်၌ ဂျိမ်းစ် မက်ခ်အာတီ၊ ရီကို လူးဝစ်စ်၊ အက်ဘ်ဒူကိုဒီယာ ခူဆာနော့ဗ်၊ ဆယ်ဗင်ညို၊ ကလော်ဒီယို အက်ရှီဗာရီ စသည့် ကစားသမားများမှာ အဆိုပါပွဲစဉ်အား ပွဲကြည့်စင်ပေါ်မှသာ ကြည့်ရှုခဲ့ရသည်။ ယင်းမှာ ဂွါဒီယိုလာအတွက် ရွေးချယ်စရာ အရည်အသွေးမြင့် ကစားသမား အများအပြားရှိနေသည်ကို ပြသနေသည်ဟု ဆိုနိုင်သော်လည်း ၎င်းကိုယ်တိုင်ကမူ ဆန့်ကျင်ဘက်ရှုထောင့်မှ ရှုမြင်လျက်ရှိသည်။
“ကျွန်တော် အဲဒါမျိုးကို မလိုလားဘူး။ ကစားသမား ငါးယောက်ခြောက်ယောက်လောက်ကို အလဟဿ မဖြစ်စေချင်ဘူး။ ကျွန်တော် အဲဒါမျိုးမဖြစ်ချင်ဘူး၊ မဟုတ်ရင် ကျွန်တော် အသင်းကထွက်မယ်။ လူအင်အား လျှော့ချပေးမှ ကျွန်တော်ဆက်နေမယ်လို့ အသင်းကို ပြောထားပါတယ်” ဟု ၎င်းက ဆိုသည်။ “ကျွန်တော့်ကစားသမားတွေ ပွဲမကစားရဘဲ ပွဲကြည့်စင်ပေါ်မှာ ထိုင်ကြည့်နေရတာကို ကျွန်တော် လက်မခံနိုင်ပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
…..
— အာရှအားကစားပြိုင်ပွဲအား အောင်မြင်စွာ ကျင်းပခဲ့ပြီးနောက် ဟားအယ်ပင်းမြို့၌ ထိပ်တန်း ဆောင်းရာသီအားကစား လေ့ကျင့်ရေးစင်တာ တည်ဆောက်မည်
ကိုးကြိမ်မြောက် အာရှဆောင်းရာသီ အားကစားပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ဟားအယ်ပင်းမြို့၌ အာရှဒေသတစ်လွှား ဆောင်းရာသီအားကစား ဖွံ့ဖြိုးမှုကို မြှင့်တင်ရန် ရည်ရွယ်လျက် ကမ္ဘာ့အဆင့်မီ ဆောင်းရာသီအားကစား လေ့ကျင့်ရေးစင်တာတစ်ခု တည်ဆောက်သွားမည်ဟု သိရသည်။
ယခုနှစ် ဖေဖော်ဝါရီလက ဟားအယ်ပင်းမြို့၌ အာရှဆောင်းရာသီအားကစားပြိုင်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်မှုအပေါ် အာရှအိုလံပစ်ကောင်စီ (OCA) က ချီးကျူးခဲ့ပြီး ဟားအယ်ပင်းမြို့ရှိ ရေခဲပြင် အားကစားရုံများနှင့် Yabuli ဆီးနှင်းအားကစား အဆောက်အအုံများအား ထိပ်တန်းလေ့ကျင့်ရေးစင်တာအဖြစ် ရွေးချယ်သတ်မှတ်ရန် အဆိုပြုခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ အိုလံပစ်ကော်မတီ၊ ဟားအယ်ပင်း မြူနီစီပယ်အစိုးရတို့နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားကြောင်း OCA က ဆိုသည်။
ကူဝိတ်နိုင်ငံတွင် မေ ၁၂ ရက်က ကျင်းပသည့် ၄၅ ကြိမ်မြောက် OCA အထွေထွေညီလာခံ ဒုတိယနေ့တွင် အဆိုပါ နားလည်မှုစာချွန်လွှာကို တရားဝင်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ (Xinhua)


……………………..
(English Version)
Raphinha pens contract extension with FC Barcelona
FC Barcelona announced Thursday that Brazilian forward Raphinha has signed a contract extension through June 2028.
“The Brazilian forward signed his new contract on Thursday at the Club offices in the presence of FC Barcelona president Joan Laporta, first vice-president Rafa Yuste and Club sporting director Anderson Luis de Souza ‘Deco’, among others,” the club said on its website.
The announcement marks a reversal in fortunes for the 28-year-old, who joined Barcelona from Leeds United in the summer of 2022.
The club had considered selling him last summer, but ultimately decided to keep him due to difficulties in signing new players. Raphinha has since delivered an impressive return of 34 goals and 25 assists in 54 appearances under coach Hansi Flick. Only Robert Lewandowski, with 40 goals in all competitions, has scored more as Barcelona went on to win La Liga and the Copa del Rey.
…..
Modric to leave Real Madrid after Club World Cup
Real Madrid midfielder Luka Modric announced Thursday that he will leave the club after this summer’s FIFA Club World Cup.
The 39-year-old Croatian confirmed his decision two days before what will now be his final appearance at the Santiago Bernabeu stadium against Real Sociedad on Saturday, although he will remain with the club for the Club World Cup, which kicks off on June 15.
“The time has come. I never wanted it to come, but that’s football, and in life everything has a beginning and an end. On Saturday, I’ll play my last game at the Santiago Bernabeu,” announced the Croatian.
The news comes as the Spanish press had been speculating that Modric might sign a one-year extension after his current deal expires at the end of June. Modric has made 56 appearances in all competitions this season, with his ability to dictate tempo still important to Madrid.
…..
Man City coach Guardiola wants smaller squad
Manchester City coach Pep Guardiola has urged the club to reduce the size of the first team squad or he will consider leaving for the good of his “soul” as he hates to leave players in the stands.
Guardiola made the remarks after Tuesday night’s 3-1 win at home to Bournemouth thanks to goals from Omar Marmoush, Bernardo Silva and Nico Gonzalez.
Tuesday’s win came with players such as James McAtee, Rico Lewis and Abdukodir Khusanov, Savinho and Claudio Echeverri all watching from the stands. Some could say that shows the depth of talent available for Guardiola, but the coach clearly views things differently.
“I said to the club I don’t want that; I don’t want to leave five or six players in the freezer. I don’t want that. I will quit. Make a shorter squad, I will stay.”
“It’s impossible for my soul to have my players in the tribune – that they cannot play,” he said.
…..
Harbin to establish premier winter sports training center following Asian Games success
Harbin, the host city of the ninth Asian Winter Games, is developing a world-class winter sports training center aimed at boosting the development of winter sports across Asia.
The Olympic Council of Asia (OCA) praised the successful hosting of the Asian Winter Games in Harbin in February and proposed designating Harbin’s ice venues and Yabuli’s snow facilities as a premier training hub. The OCA suggested signing a Memorandum of Understanding with the Chinese Olympic Committee and the Municipal Government of Harbin.
The MoU was officially signed on the second day of the 45th OCA General Assembly in Kuwait on May 12.