International Organizations
၂၀၂၅ ခုနှစ် မေ ၂၅ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— စတုဂတ်က ပွဲချိန်နှောင်းပိုင်းတွင် အာမီးနီးယား ဘီလဖဲလ်၏ အပြင်းအထန် ဖိအားပေးမှုကို ကျော်လွှားကာ ဂျာမန်ဖလားကို ဆွတ်ခူး
မေ ၂၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဂျာမန်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် စတုဂတ်က တတိယတန်းချန်ပီယံ အာမီးနီးယား ဘီလဖဲလ်အား ၄-၂ ဂိုးဖြင့် အနိုင်ယူကာ ဂျာမန်ဖလားကို လေးကြိမ်မြောက် ကိုင်မြှောက်နိုင်ခဲ့သည်။
ဘီလဖဲလ်အနေဖြင့် ဘွန်ဒက်စ်လီဂါ အသင်းလေးသင်းအား ဖြုတ်ချနိုင်မှု အပါအဝင် ဗိုလ်လုပွဲသို့ တက်လှမ်းခဲ့စဉ်အတွင်း အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်များကို ပြသခဲ့သော်လည်း စတုဂတ်မှာ အရေးအကြီးဆုံးအချိန်တွင် ထိပ်တန်းအဆင့် အရည်အသွေးကို ပြသနိုင်ခဲ့သည်။
စတုဂတ်အနေဖြင့် ဂျာမန်ဖလားကို ဆွတ်ခူးနိုင်ခဲ့သဖြင့် လာမည့်ရာသီတွင် ယူအီးအက်ဖ်အေ ယူရိုပါလိဂ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသွားပြီဖြစ်ပြီး ဘီလဖဲလ်အတွက်မူ ယခုပွဲစဉ်မှာ တန်းတက်ခွင့်ရခြင်းနှင့် ဂျာမန်ဖလားဗိုလ်လုပွဲ တက်ရောက်နိုင်ခြင်း အပါအဝင် အမှတ်ရစရာ ရာသီတစ်ခု၏ အဆုံးသတ်ဖြစ်လာခဲ့သည်။
“စကားလုံးတွေနဲ့ ဖော်ပြဖို့တောင် ခဲယဉ်းပါတယ်။ ကျွန်တော် ဒီအောင်ပွဲအတွက် အတိုင်းမသိ ပျော်ရွှင်ပါတယ်” ဟု စတုဂတ်နည်းပြ ဆီဘက်ရှန် ဟိုးနက်စ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။ “ဒီလိုပြိုင်ပွဲတစ်ပွဲမှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာ ကျွန်တော်တို့ နောက်တစ်ကြိမ် အစွမ်းကုန်ရုန်းခဲ့ရတယ်။ ကျွန်တော့်ကစားသမားတွေကိုရော အနိုင်မခံအရှုံးမပေးစတမ်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘီလဖဲလ်အသင်းကိုပါ အများကြီး ချီးကျူးချင်ပါတယ်။ စတုဂတ်အနေနဲ့ ဆုဖလားနဲ့ဝေးနေခဲ့တာ ကြာပြီမို့လို့ ဒီအခိုက်အတန့်က ပိုလို့တောင် ထူးခြားနေပါတယ်” ဟု ၎င်းက ဆိုသည်။
…..
— နာပိုလီက အင်တာမီလန်အား တစ်မှတ်အသာဖြင့် စီးရီးအေဆုဖလားကို လေးကြိမ်မြောက်ဆွတ်ခူး
မေ ၂၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အီတလီစီးရီးအေပြိုင်ပွဲ ရာသီပိတ်ပွဲစဉ်တွင် နာပိုလီက ကာဂလီယာရီအား အိမ်ကွင်း၌ ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အင်တာမီလန်၏ ဖိအားပေးမှုကို ချေဖျက်ကာ စီးရီးအေဆုဖလားကို လေးကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။ အနီးကပ်ဆုံးပြိုင်ဘက် အင်တာမီလန်မှာ ကိုမိုအသင်းကို အနိုင်ရခဲ့သော်လည်း မည်သို့မျှအရာမထင်တော့ပေ။
မေ ၂၃ ရက်မတိုင်မီ စကူဒက်တို ချန်ပီယံလုပွဲမှာ လက်တွေ့အားဖြင့် ပြိုင်ဘက်နှစ်သင်းသာ ယှဉ်ပြိုင်ရသည့် အနေအထားဖြစ်ခဲ့ပြီး နာပိုလီမှာ နောက်ဆုံးပွဲစဉ်မတိုင်မီ ရမှတ် ၇၉ မှတ်ဖြင့် အင်တာအား တစ်မှတ်အသာ ရရှိထားခြင်းဖြစ်သည်။ သို့ဖြစ်ရာ အန်တိုနီယို ကွန်တီ၏အသင်းအနေဖြင့် အနိုင်ရခဲ့မည်ဆိုလျှင် အင်တာ၏ ရလဒ်ကို စောင့်ကြည့်စရာမလိုဘဲ စီးရီးအေချန်ပီယံ ဖြစ်လာမည်ဖြစ်သည်။
ကာဂလီယာရီမှာ ပွဲစဉ် ၃၇ အပြီးတွင် စီးရီးအေ၌ ၎င်း၏ရပ်တည်မှု အနေအထား ခိုင်ခိုင်မာမာရှိသွားပြီဖြစ်ရာ ယခုပွဲစဉ်၌ ဖိဖိစီးစီးကစားရန် မလိုအပ်သော်လည်း နာပိုလီက ပထမပိုင်း ပွဲပြီးခါနီးရောက်မှသာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သည်။ အဆိုပါသွင်းဂိုးအား မတ်တီယို ပေါ်လီတာနို၏ ဖြတ်တင်ဘော ပေးပို့မှုမှတစ်ဆင့် စကော့ မက်တွမ်မီနေးက ဘေးတိုက်ကန်ချက်ဖြင့် လှလှပပကန်သွင်းခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဒုတိယပိုင်းပြန်လည်စတင်ပြီး ခြောက်မိနစ်အကြာတွင် ဘယ်လ်ဂျီယမ်တိုက်စစ်မှူး ရိုမီလူ လူကာကူက ကွင်းလယ်၌ ဘောလုံးလက်ခံကာ ရှေ့သို့ပြန်ပြေးတက်ပြီးနောက် ပြိုင်ဘက်နောက်ခံလူများ လိုက်လံဖျက်ထုတ်နေသည့်ကြားမှပင် အနိမ့်ကန်ချက်ဖြင့် အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။
နာပိုလီအသင်းမှာ စီးရီးအေချန်ပီယံဆုကို သုံးနှစ်အတွင်း ဒုတိယအကြိမ် ဆွတ်ခူးခဲ့ခြင်းဖြစ်ကာ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီကလည်း နည်းပြ လူစီယာနို စပယ်လက်တီလက်ထက်တွင် ၃၃ နှစ်ကြာ စောင့်ဆိုင်းခဲ့ရသည့် စီးရီးအေဆုဖလားကို ရမှတ်အပြတ်အသတ်ဖြင့် ဆွတ်ခူးနိုင်ခဲ့သည်။
…..
— အင်္ဂလန်အသင်း လူစာရင်း၌ အိုင်ဗန် တိုနေးကို တူချယ် ပြန်လည်ရွေးချယ်၊ ဖိုဒန် လူစာရင်းမှနုတ်ထွက်
အင်္ဂလန်လက်ရွေးစင်အသင်း နည်းပြဖြစ်သူ သောမတ်စ် တူချယ်မှာ ဂါရတ် ဆောက်ဂိတ်၏ နေရာကို ဆက်ခံသူအဖြစ် ရွေးချယ်ခံရပြီးနောက် ဒုတိယအကြိမ် အသင်းလူစာရင်း ရွေးချယ်ရာတွင် တိုက်စစ်မှူး အိုင်ဗန် တိုနေးအား ပြန်လည်ခေါ်ယူခဲ့သည်။
အင်္ဂလန်အသင်းအနေဖြင့် ဇွန် ၇ ရက်တွင် ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် အန်ဒိုရာအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ ထို့နောက် သုံးရက်အကြာတွင် ဆီနီဂေါအသင်းနှင့် ခြေစမ်းပွဲ ကစားမည်ဖြစ်သည်။
တူချယ် ပထမဆုံးကိုင်တွယ်ခဲ့သည့် ပွဲစဉ်၌ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့သည့် အာဆင်နယ် တောင်ပံကစားသမား ဘူကာယို ဆာကာ ပြန်လည်ပါဝင်လာခဲ့သလို ဟယ်ရီကိန်း (ဘိုင်ယန်မြူးနစ်)၊ ကော်နာ ဂယ်လက်ဂါ (အက်သလက်တီကို မက်ဒရစ်)၊ ဂျုဒ်ဘယ်လင်ဟမ် (ရီးရဲလ်မက်ဒရစ်) နှင့် ကိုးပါလ်မာ (ချဲလ်ဆီး) တို့ကိုလည်း တူချယ်က လူစာရင်း၌ ထည့်သွင်းထားခဲ့သည်။ သို့သော် အဆိုပါကစားသမားများ၏ ကလပ်အသင်းများမှာ အမေရိကန်နိုင်ငံတွင် ဇွန် ၁၅ ရက်၌ စတင်ကျင်းပမည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
…..
— ၂၀၂၅ ခုနှစ် မလေးရှားမာစတာစ် ကြက်တောင်ရိုက်ပြိုင်ပွဲတွင် တရုတ်ကစားသမားများ ဗိုလ်လုပွဲတက်ရောက်
မေ ၂၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ ခုနှစ် မလေးရှားမာစတာစ် ကြက်တောင်ရိုက်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် တရုတ်ကစားသမားများ လက်စွမ်းပြခဲ့ပြီး ပွဲစဉ်အားလုံးတွင် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။
အာစီယာတာ အားကစားကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် အမျိုးသားတစ်ဦးချင်း ပွဲစဉ်တွင် တရုတ်ကြက်တောင်ကစားသမား Li Shifeng က ဂျပန်ကစားသမားဖြစ်သူ Kodai Naraoka အား ၂၁-၁၅၊ ၂၁-၁၅ မှတ်ဖြင့် အလွယ်တကူ အနိုင်ရရှိခဲ့သည်။
အမျိုးသမီးတစ်ဦးချင်း ပွဲစဉ်တွင် ဟန်ယွဲ့က ဂျပန်ကစားသမား အာခါနဲ ယာမာဂုချိကို ၂၁-၁၉၊ ၂၁-၁၆ မှတ်ဖြင့် အနိုင်ရရှိခဲ့သလို တစ်နိုင်ငံတည်းသူ Wang Zhiyi ကလည်း ထိုင်းကစားသမား Ratchanok Intanon အား ၂၁-၁၇၊ ၂၁-၁၆ မှတ်ဖြင့် အနိုင်ရရှိခဲ့သည်။
တရုတ်နိုင်ငံမှ အမျိုးသမီး နှစ်ယောက်တွဲကစားသမားများဖြစ်သည့် Jia Yifan/Zhang Shuxian နှင့် Liu Shengshu/Tan Ning တို့ကလည်း ၎င်းတို့၏ ပြိုင်ဘက်များကို အသီးသီးအနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ (Xinhua)
…………………………………………………………………………………………………………….
(English Version)
Stuttgart withstands late Bielefeld fightback for German Cup
VfB Stuttgart lifted the German Cup for the fourth time after defeating third-tier champions Arminia Bielefeld 4-2 in the final here on Saturday.
Despite Bielefeld’s remarkable run to the final, which included knocking out four Bundesliga sides, Stuttgart showed its top-flight quality when it mattered most.
Stuttgart will compete in next season’s UEFA Europa League. For Bielefeld, the final capped a memorable season which included promotion and a historic Cup run.
“It’s hard to put into words. I’m absolutely overjoyed with this win,” said Stuttgart coach Sebastian Hoeness. “In a game like this, anything can happen. In the end, we had to dig deep once more. Huge credit to my players and to Bielefeld, a team that simply never gives up. It’s been a long time since Stuttgart won a trophy, which makes this moment more special.”
…..
Napoli wins fourth Serie A title with one point over Inter
Napoli fended off Inter Milan’s pressure to register its fourth Serie A title on Friday after a 2-0 home victory against Cagliari in the final round, making the Nerazzurri’s win over Como to no avail.
The Scudetto race was practically a two-horse race before Friday. Napoli entered its final matchday with 79 points, one point ahead of Inter, so Antonio Conte’s side only needed one victory to secure its Serie A champion, regardless of Inter’s result.
Cagliari had confirmed its Serie A status after the 37th round and had nothing to play for on Friday, but Napoli only broke the deadlock on the stroke of halftime when Matteo Politano whipped in a cross, Scott McTominay found the net with a stunning acrobatic scissor kick.
Romelu Lukaku doubled the lead just six minutes after the break when the Belgian collected the ball in the midfield and surged forward, resisting shoulder-to-shoulder challenges before finishing with a low-strike.
It is Napoli’s second Serie A championship in three years, as it had relished the glory with huge advantage in the 2022-2023 season under Luciano Spalletti, ending a 33-year wait.
…..
Toney in, Foden out as Tuchel names England squad
England coach Thomas Tuchel has recalled striker Ivan Toney for his second squad since being named as Gareth Southgate’s replacement.
England plays Andorra in a World Cup qualifier on June 7, before facing Senegal in a friendly three days later.
Arsenal winger Bukayo Saka is also back after missing Tuchel’s first squad due to injury, while the German coach has also included players such as Harry Kane (Bayern Munich), Conor Gallagher (Atletico Madrid), Jude Bellingham (Real Madrid) and Cole Palmer (Chelsea), whose clubs will play in the FIFA Club World Cup which opens in the United States on June 15.
Uncapped Chelsea defender Trevoh Chalobah is the only player to be given a debut call-up.
…..
Chinese shuttlers secure spots in 2025 Malaysia Masters finals
Chinese shuttlers dominated the 2025 Malaysia Masters semifinals here on Saturday, winning all matches they attended.
Men’s singles shuttler Li Shifeng easily outplayed Kodai Naraoka of Japan 21-15, 21-15 at the Axiata Arena.
In the women’s singles, Han Yue defeated Japan’s Akane Yamaguchi 21-19, 21-16, while her compatriot Wang Zhiyi overcame Thailand’s Ratchanok Intanon 21-17, 21-16.
China’s women’s doubles pairs Jia Yifan/Zhang Shuxian and Liu Shengshu/Tan Ning both outplayed their opponents to secure places in the final.