Connect with us

Economy

သမ္မတရှီက ၂၀ ကြိမ်မြောက် တရုတ်နိုင်ငံ အနောက်ပိုင်း နိုင်ငံတကာကုန်စည်ပြပွဲသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့

ပေကျင်း၊ မေ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ချိန်တူးမြို့၌ ကျင်းပလျက်ရှိသည့် ၂၀ ကြိမ်မြောက် တရုတ်နိုင်ငံ အနောက်ပိုင်း နိုင်ငံတကာကုန်စည်ပြပွဲသို့ မေ ၂၅ ရက်က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။ယခုနှစ် ကုန်စည်ပြပွဲမှာ အဆင့်မြင့် တံခါးဖွင့်လှစ်မှု တိုးချဲ့ရေး၊ ဒေသတွင်း ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်းရှိစေရေး၊ ခေတ်မီ စက်မှုလုပ်ငန်းစနစ် တည်ဆောက်မှုအား မြှင့်တင်ရေး စသည်တို့အပေါ် အဓိကအလေးထားခြင်း ဖြစ်သည်ဟု ရှီက ပြောကြားခဲ့သည်။

အဆိုပါ ကုန်စည်ပြပွဲမှာ ဖွံ့ဖြိုးတိုးတက်မှု စံနမူနာသစ်နှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ အရည်အသွေးမြင့် ပူးတွဲဖော်ဆောင်မှုတို့အား အခိုင်အမာ ဆောင်ရွက်ခြင်းကို မြှင့်တင်ပေးကာ တရုတ်နိုင်ငံ အနောက်ပိုင်းဒေသ၏ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများအား မျှဝေရာတွင် ထိရောက်သော ပလက်ဖောင်းတစ်ခုကို ပေးစွမ်းလျက်ရှိသည်ဟု ရှီက ဆိုသည်။

စည်းလုံးညီညွတ်မှုက အတူတကွ အောင်မြင်မှုကို မြှင့်တင်အားပေးပြီး ပူးပေါင်းဆောင်ရွက်မှုက ဘုံတိုးတက်မှုကို တွန်းအားပေးလျက်ရှိသည်ဟု ရှီက အလေးအနက်ပြောဆိုကာ အပြန်အလှန်နားလည်မှု တစ်ဆင့်တိုး၍ မြှင့်တင်ရေး၊ ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရေး၊ နိုင်ငံအသီးသီးမှ မိတ်ဆွေများနှင့် ပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်းရှိရေးအတွက် ယင်းကုန်စည်ပြပွဲအား အခွင့်အလမ်းတစ်ခုအဖြစ် အသုံးချရန် တရုတ်နိုင်ငံအနေဖြင့် ဆန္ဒရှိပါကြောင်း ရှီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံစုံပါဝင်သော ကုန်သွယ်ရေးစနစ်ကို ထိန်းသိမ်းကာ ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်ချောမွေ့စွာ လည်ပတ်နိုင်ရေး သေချာမှုရှိစေရန် ကမ္ဘာကြီးနှင့် အတူလက်တွဲ လုပ်ဆောင်သွားမည်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေး၏ သာယာဝပြောမှု၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားသစ်များ ဖြည့်တင်းပေးမည်ဖြစ်ကြောင်း ရှီက အလေးအနက်ပြောကြားခဲ့သည်။

အဆိုပါ ကုန်စည်ပြပွဲအား “အရှိန်အဟုန် ပိုမိုအားကောင်းစွာ ပြုပြင်ပြောင်းလဲမှု နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ခြင်း၊ ပိုမိုကျယ်ပြန့်သော ဖွံ့ဖြိုးမှုအတွက် ရိုးသားပွင့်လင်းမှု မြှင့်တင်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ချိန်တူးမြို့တွင် မေ ၂၅ ရက်က ဖွင့်လှစ်ကျင်းပခဲ့ပြီး စီချွမ်းပြည်နယ် ပြည်သူ့အစိုးရက ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………………………..
(English Version)
Xi sends congratulatory letter to 20th Western China International Fair
BEIJING, May 25 (Xinhua) — Chinese President Xi Jinping on Sunday sent a congratulatory letter to the 20th Western China International Fair, held in Chengdu, southwest China’s Sichuan Province.
Xi pointed out that the fair this year focuses on expanding high-level opening up, deepening regional exchanges and cooperation, as well as boosting the construction of a modern industrial system.
The fair promotes the forging of a new development paradigm and the high-quality joint construction of the Belt and Road, and provides an effective platform for countries around the world to share the development opportunities in China’s western region, Xi said.
Stressing that unity fosters shared success and collaboration drives common progress, Xi said that China is willing to take the fair as an opportunity to further enhance mutual understanding, strengthen friendship, and deepen cooperation with friends from all countries.
China will uphold the multilateral trading system and ensure the stable and smooth flow of global industrial and supply chains together with the world, injecting new impetus into the prosperity and development of the world economy, Xi noted.
The fair opened in Chengdu on Sunday under the theme of “Deepen Reform For More Momentum, Expand Openness for Greater Growth.” The fair was hosted by the People’s Government of Sichuan Province.