Europe
မော်စကိုက ငြိမ်းချမ်းရေးနားလည်မှုစာချွန်လွှာကို ကိဗ်ထံ မကြာမီလွှဲပြောင်းပေးမည်

မော်စကို၊ မေ ၂၈ ရက် (ဆင်ဟွာ)
ရုရှားက ငြိမ်းချမ်းရေးအလားအလာရှိသော အဓိကမူများပါဝင်သည့် ငြိမ်းချမ်းရေးနားလည်မှုစာချွန်လွှာ မူကြမ်းကို ယူကရိန်းထံ မကြာမီ ပေးပို့မည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာရီယာ ဇာခရိုဗာက မေ ၂၇ ရက်၌ ပြောကြားခဲ့သည်။
“ရုရှားက အနာဂတ် ငြိမ်းချမ်းရေးသဘောတူညီချက်ကို အလေးထားတဲ့ နားလည်မှုစာချွန်လွှာမူကြမ်းကို ဆက်လက်လုပ်ဆောင်နေပါတယ်။ အဲဒီမှာ ငြိမ်းချမ်းရေးမူတွေ၊ ငြိမ်းချမ်းရေး သဘောတူညီချက် ဖြစ်နိုင်ခြေအချိန်ဇယား၊ အပစ်အခတ်ရပ်စဲရေးအလားအလာတွေ အပါအဝင် အခြေအနေအမျိုးမျိုးကို အကြမ်းဖျင်းဖော်ပြထားပါတယ်” ဟု ဇာခရိုဗာက အပတ်စဉ် သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။
အဆိုပါ နားလည်မှုစာချွန်လွှာပြီးစီးသည်နှင့်တစ်ပြိုင်နက် ကိဗ်ထံ ပေးပို့မည်ဖြစ်ကြောင်း၊ ကိဗ်အနေဖြင့်လည်း ၎င်းတို့၏ ပြင်ဆင်ထားသောမူကြမ်းအား ပြန်လည်ပေးပို့မည်ဟု ရုရှားက မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။
ယခင်သီတင်းပတ်က ရုရှား သမ္မတ ဗလာတီမာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားစဉ် ရုရှားအနေဖြင့် ယူကရိန်းနှင့် အလားအလာရှိသော ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် သတ်မှတ်ချက်များဖော်ပြထားသည့် နားလည်မှုစာချွန်လွှာမူကြမ်းကို ပြင်ဆင်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
Moscow to hand over peace memorandum to Kiev soon
MOSCOW, May 27 (Xinhua) — Moscow will send a draft peace memorandum to Kiev soon, which will outline the key principles of a potential settlement, Russian Foreign Ministry spokesperson Maria Zakharova said Tuesday.
“Russia continues to work on a draft memorandum regarding a future peace treaty, which will outline a number of positions, including the principles of a settlement, the timing of a possible peace agreement, a potential ceasefire,” Zakharova said at her weekly press briefing.
She said that once the memorandum is completed it will be sent to Kiev, adding that Russia expects Ukraine to be preparing its own draft to send in response.
In a telephone call last week, Russian President Vladimir Putin and U.S. President Donald Trump agreed that Russia would prepare a draft memorandum outlining the terms for a potential peace deal with Ukraine.
Photo: Russian Foreign Ministry spokesperson Maria Zakharova attends a weekly briefing on March 23, 2023. (Russian Foreign Ministry photo)