Connect with us

Africa & Middle East

ဂါဇာစစ်ပွဲ စတင်ချိန်မှစ၍ စစ်လက်နက်ပစ္စည်း တန်ချိန် ၉၀,၀၀၀ ကျော်ကို အစ္စရေး လက်ခံရရှိ

အနောက်ဘက်ကမ်းဒေသ ဂျီနင်မြို့ရှိ လမ်းမတစ်ခု၌ အစ္စရေးစစ်တပ်၏ တင့်ကားတစ်စီး ဖြတ်သန်းမောင်းနှင်နေပုံကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ မေ ၂၈ ရက် (ဆင်ဟွာ)
၁၉ လကြာမြင့်နေပြီဖြစ်သော ဂါဇာထိုးစစ် စတင်ခဲ့ချိန်မှစ၍ အစ္စရေးနိုင်ငံထဲသို့ စစ်ဘက် ကုန်တင်လေယာဉ် အစင်း ၈၀၀ ဆင်းသက်ခဲ့ပြီး စစ်လက်နက်ပစ္စည်း တန်ချိန် ၉၀,၀၀၀ ကျော် ပို့ဆောင်ပေးခဲ့သည်ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက မေ ၂၇ ရက်၌ ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်၌ ရောက်ရှိလာသည့် လတ်တလော စစ်ဘက်သုံးပစ္စည်းများမှာ အဓိကအားဖြင့် ဂါဇာဒေသ၌ အစ္စရေး၏ ထိုးစစ်ဆင်မှု၊ လက်ဘနွန်နှင့် ဆီးရီးယားနိုင်ငံတို့တွင် အစ္စရေး၏ တိုက်ခိုက်မှုများကို အထောက်အကူပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံရှိ အစ္စရေးကိုယ်စားလှယ်အဖွဲ့နှင့် အစ္စရေးစစ်တပ်၏ အခြားအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျက် ခဲယမ်းကျည်များ၊ သံချပ်ကာယာဉ်များ၊ တစ်ကိုယ်ရေသုံး ကာကွယ်ရေးပစ္စည်းများနှင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပါဝင်သော ထောက်ပံ့ပေးပို့မှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်၌ ဖော်ပြထားသည်။
လေကြောင်းမှပေးပို့မှုများအပြင် ကုန်တင်သင်္ဘောအစင်း ၁၄၀ ခန့်မှာလည်း ပင်လယ်ရေကြောင်းလမ်းမှတစ်ဆင့် ရောက်ရှိခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။
“လေကြောင်းနဲ့ ရေကြောင်းကနေ သယ်ယူပို့ဆောင်တဲ့ လုပ်ငန်းစဉ်ဟာ စဉ်ဆက်မပြတ် လှုပ်ရှားနိုင်စွမ်းကို ထိန်းသိမ်းပြီး IDF (အစ္စရေးကာကွယ်ရေးတပ်) ရဲ့ စစ်ပွဲကာလ ရည်မှန်းချက်တွေ အထမြောက်အောင်မြင်ဖို့နဲ့ အသင့်အနေအထားရှိမှုကို တိုးမြှင့်ရာမှာ အရေးတကြီး လိုအပ်နေတဲ့ အရာပဲဖြစ်တယ်” ဟုလည်း ၎င်းဝန်ကြီးဌာနက ဆိုသည်။
ဟားမက်စ်အဖွဲ့ ဦးဆောင်သည့် တိုက်ခိုက်ရေးသမားများက လူ ၁,၂၀၀ ခန့်ကို သတ်ဖြတ်ကာ ၂၅၁ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အစ္စရေးက ဂါဇာဒေသအား မြေပြင်နှင့် ဝေဟင်တို့မှ ထိုးစစ်ဆင်ခဲ့ကြောင်း အစ္စရေးဘက်မှ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။ ‌အကျိုးဆက်အနေဖြင့် အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှုများ အပြင်းအထန်လုပ်ဆောင်ခဲ့ရာ လူပေါင်း ၅၄,၀၅၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၂၃,၁၂၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဂါဇာကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၏ မေ ၂၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)
…………………
(English Version)
Israel receives over 90,000 tons of military equipment since Gaza conflict begins
JERUSALEM, May 27 (Xinhua) — Israel’s Defense Ministry said on Tuesday that 800 military cargo aircraft have landed in the country since the beginning of its 19-month offensive in Gaza, bringing more than 90,000 tons of equipment.
The shipments, the latest of which landed over the weekend, are aimed at supporting mainly the Israeli offensive in Gaza and its fighting in Lebanon and Syria.
In a statement, the ministry said the shipments, which included munitions, armored vehicles, personal protective gear, and medical supplies, were carried out in collaboration with its mission to the United States, and other parts of the Israeli military.
In addition to the air deliveries, around 140 cargo shipments have arrived by sea, the ministry said.
“This air and maritime transport operation constitutes a critical element in maintaining operational continuity, fulfilling comprehensive IDF (Israel Defense Forces) requirements for achieving wartime objectives, and enhancing force readiness,” the ministry said.
Israel launched a ground and air offensive in Gaza following the Oct. 7, 2023 attack, in which Hamas-led fighters killed about 1,200 people and took 251 hostages, according to Israeli figures. The ensuing Israeli bombardments have devastated large parts of the enclave, killing at least 54,056 people and wounding 123,129 others, said the health authorities in Gaza on Tuesday.
English Caption
An Israeli military tank drives through a road in the West Bank city of Jenin on Feb. 23, 2025. (Photo by Nidal Eshtayeh/Xinhua)