International Organizations
၂၀၂၅ ခုနှစ် မေ ၂၈ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ယူအီးအက်ဖ်အေ ကွန်ဖရန့်စ်လိဂ် ဗိုလ်လုပွဲအတွက် ချဲလ်ဆီးနှင့် ရီးရဲလ်ဘက်တစ် အသင့်ဖြစ်နေ
ပိုလန်နိုင်ငံ Wroclaw မြို့တွင် မေ ၂၈ ရက်၌ ယှဉ်ပြိုင်ကစားမည့် ယူအီးအက်ဖ်အေ ကွန်ဖရန့်စ်လိဂ် ဗိုလ်လုပွဲတွင် ရီးရဲလ်ဘက်တစ်အနေဖြင့် ကလပ်အသင်း သမိုင်းတစ်လျှောက် ပထမဆုံး ဥရောပဖလား ကိုင်မြှောက်နိုင်ရန် ရည်မှန်းထားသလို ချဲလ်ဆီးအသင်းကလည်း ဘက်တစ်အား အနိုင်ရရှိပါက ယူအီးအက်ဖ်အေ၏ အဓိကပြိုင်ပွဲ လေးခုစလုံးတွင် အနိုင်ရဗိုလ်စွဲသည့် ပထမဆုံးအသင်း ဖြစ်လာမည်ဖြစ်သည်။
ပြိုင်ဘက်နည်းပြနှစ်ဦးမှာ အချင်းချင်း ရင်းနှီးကျွမ်းဝင်သူများဖြစ်သည်။ ချဲလ်ဆီးနည်းပြ အန်ဇို မာရက်စကာမှာ မာလာဂါအသင်း၌ လက်ရှိ ဘက်တစ်နည်းပြ မန်နျူရယ် ပယ်လီဂရီနီ၏ လက်အောက်တွင် ၂၀၁၁ ခုနှစ်မှစ၍ နှစ်နှစ်ကြာ ကစားခဲ့ဖူးပြီး ၂၀၁၈ ခုနှစ်တွင်မူ မာရက်စကာမှာ ဝက်စ်ဟမ်းအသင်း၌ ပယ်လီဂရီနီ၏ နည်းပြအဖွဲ့ထဲတွင် ပါဝင်ခဲ့သည်။
ချဲလ်ဆီးအသင်းမှာ ပေါ်တူဂီနိုင်ငံ ပေါ်တိုမြို့တွင် ၂၀၂၁ ခုနှစ် မေလ၌ ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် မန်ချက်စတာစီးတီးကို အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း ဆုဖလားနှင့် ဝေးကွာနေခဲ့ခြင်းဖြစ်သည်။
မာရက်စကာက ၎င်း၏ လူငယ်ကစားသမား အစုအဖွဲ့အနေဖြင့် ဗိုလ်လုပွဲတွင် ခြေစွမ်းပြနိုင်မည်ဟု မျှော်လင့်ထားသည်။ “ကျွန်တော့်ကစားသမားတွေကို ပေးချင်တဲ့ မက်ဆေ့ချ်ကတော့ ကျွန်တော်တို့အနေနဲ့ အရေးပါတဲ့ အရာတစ်ခုကို လုပ်နိုင်ခဲ့ပြီဆိုပေမဲ့ ကျွန်တော်တို့ဟာ အရေးပါတဲ့ ကလပ်အသင်းတစ်သင်း ဖြစ်လာပြီဆိုတာကို သက်သေပြချင်ရင် ကျွန်တော်တို့ ပြိုင်ပွဲမှာ အနိုင်လိုချင်စိတ် ရှိတာကို ပြသရပါမယ်။ ဒါက ဗိုလ်လုပွဲဖြစ်သလို ကျွန်တော်တို့ အနိုင်ရချင်တဲ့ ပွဲစဉ်တစ်ပွဲလည်းဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
ချဲလ်ဆီးအသင်းက ပိုမိုရေပန်းစားသည့် အသင်းအဖြစ် သတ်မှတ်ခံထားရသော်လည်း ဘက်တစ်နည်းပြ ပယ်လီဂရီနီကမူ ၎င်း၏အသင်းအနေဖြင့် ပထမဆုံး ဥရောပဆုဖလားကို အရယူနိုင်မည့် အခွင့်အရေးရှိနေသည်ဟု ယုံကြည်လျက်ရှိသည်။
…..
— ဘာစီလိုနာ လူငယ်ကြယ်ပွင့် ယမားလ် ၂၀၃၁ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆို
စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းက အသက် ၁၇ နှစ်အရွယ် လူငယ်ကြယ်ပွင့်ကစားသမား လာမင်း ယမားလ်အား ၂၀၃၁ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး အဆိုပါ ကစားသမား၏ အနာဂတ်အတွက် ရေရှည်အာမခံချက်ပေးခဲ့သည်။
“ဘာစီလိုနာအသင်းနဲ့ လာမင်း ယမားလ်တို့ဟာ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိခဲ့တာကြောင့် ယမားလ်အနေနဲ့ ၂၀၃၁ ခုနှစ် ဇွန် ၃၀ ရက်အထိ အသင်းမှာရှိနေမှာပါ” ဟု ဘာစီလိုနာအသင်း၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
“ကစားသမားအနေနဲ့ ကလပ်အသင်းရုံးခန်းမှာ ဘာစီလိုနာအသင်း ဥက္ကဋ္ဌ ယိုအန် လာပေါ်တာ၊ ဒုတိယဥက္ကဋ္ဌ-၁ ရာဖာ ရူစတေး၊ အားကစားဒါရိုက်တာ အန်ဒါဆန် လူးဝစ်စ် ဒီဆူဇာ ‘ဒေကို’ နဲ့ တခြားတာဝန်ရှိသူတွေရဲ့ ရှေ့မှောက်မှာပဲ မေ ၂၇ ရက်က စာချုပ်သစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်” ဟုလည်း ဖော်ပြထားသည်။
ယမားလ်အနေဖြင့် ၂၀၂၃ ခုနှစ် ဧပြီလ၌ အသက် ၁၅ နှစ် အရွယ်မှာပင် ဘာစီလိုနာအတွက် ပွဲဦးထွက် ပါဝင်ကစားခွင့်ရခဲ့ကာ လွန်ခဲ့သော နှစ်နှစ်အတွင်း ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီး ဘာစီလိုနာအသင်းကြီးအတွက် ၁၀၆ ပွဲ ပါဝင်ကစားပေးခဲ့ရာ ၂၅ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၃၄ ကြိမ် ပြုလုပ်ထားသလို အံ့ဩမှင်တက်ဖွယ် ဘောလုံးကျွမ်းကျင်မှုနှင့် ဘောလုံးအထိန်းအသိမ်း စွမ်းရည်များကိုလည်း ပြသနိုင်ခဲ့သည်။
ယမားလ်အနေဖြင့် မကြာမီက ပြီးဆုံးသွားသည့် ဘောလုံးရာသီ၌ ဘာစီလိုနာအသင်း လာလီဂါဆုဖလား၊ စပိန်ဘုရင့်ဖလားနှင့် စပိန်စူပါဖလားတို့ကို ဆွတ်ခူးခဲ့ရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သလို စပိန်လက်ရွေးစင် အသင်းအတွက်လည်း ၁၉ ပွဲ ပါဝင်ကစားထားသည်။
…..
— ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် နိုရီက မက်ဗီဒက်ဗ်ကို အံ့အားသင့်ဖွယ် အနိုင်ရ၊ ဂျိုကိုဗစ်နှင့် ကိုကိုဂတ်ဖ် နောက်တစ်ဆင့်သို့ တက်ရောက်
၂၀၂၅ ခုနှစ် ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် လက်ရှိအချိန်အထိ အံ့အားသင့်ဖွယ်အကောင်းဆုံး ရလဒ်အဖြစ် မေ ၂၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် နိုင်ခြေနိမ့် ဗြိတိန်ကစားသမား ကင်မရွန်း နိုရီက ကမ္ဘာ့နံပါတ်တစ် ကစားသမားဟောင်း ဒါနီး မက်ဗီဒက်ဗ်ကို ငါးပွဲအထိ အကြိတ်အနယ်ကစားကာ အနိုင်ရရှိခဲ့သည်။
ကမ္ဘာ့အဆင့်-၈၁ ရှိ နိုရီက မက်ဗီဒက်ဗ် (ဆီဒင်-၁၁) အား သုံးနာရီနှင့် ၅၃ မိနစ်ကြာ ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် ၇-၅၊ ၆-၃၊ ၄-၆၊ ၁-၆၊ ၇-၅ ဖြင့် အနိုင်ရရှိခဲ့သည်။
နိုရီ၏ စွမ်းဆောင်မှုက ပရိသတ်များ၏ အာရုံကို ဖမ်းစားထားချိန်တွင် အခြား နိုင်ခြေမြင့် ကစားသမားများသည်လည်း ပြတ်သားသော နိုင်ပွဲများဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ ကစားသမားဘဝတစ်လျှောက် အကြိမ် ၁၀၀ မြောက် ဆုဖလားကို လောလောလတ်လတ် ရယူထားသည့် နိုဗက် ဂျိုကိုဗစ်က အမေရိကန် တင်းနစ်ကစားသမား မက်ကင်ဇီ မက်ဒေါ်နယ်အား ၆-၃၊ ၆-၃၊ ၆-၃ ဖြင့် သက်သောင့်သက်သာ အနိုင်ရရှိခဲ့သည်။ ဂျာမန်တင်းနစ်ကစားသမား အလက်ဇန်းဒါး ဇဲရက်ဗ် (ဆီဒင်-၃) ကလည်း အမေရိကန်ကစားသမား လန်နာ တီယန်ကို ၆-၃၊ ၆-၃၊ ၆-၄ ဖြင့် အနိုင်ရရှိကာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
အမျိုးသမီးပွဲစဉ်များတွင်မူ အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ် (ဆီဒင်-၂) က ဩစတြေးလျတင်းနစ်မယ် အိုလီဗီယာ ဂါဒက်ကီကို ၆-၂၊ ၆-၂ ဖြင့် အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့ပြီး ၎င်းအနေဖြင့် အသက် ၁၈ နှစ်အရွယ် ချက်တင်းနစ်မယ် ထရီဇာ ဗလန်တိုဗာနှင့် ထပ်မံရင်ဆိုင်ရမည်ဖြစ်သည်။
…..
— ဘိုင်ယန်မြူးနစ်အသင်း တည်ထောင်သည့် ၁၂၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံ ချင်းသောင်မြို့၌ အသင်းအမှတ်တရပစ္စည်း အရောင်းဆိုင် ဖွင့်လှစ်
ဂျာမန်ဘောလုံးလောက၌ အောင်မြင်မှုများကို စံချိန်တင်ရယူထားသည့် ဘိုင်ယန်မြူးနစ်အသင်း တည်ထောင်သည့် ၁၂၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံ ချင်းသောင်ဆိပ်ကမ်းမြို့၌ အသင်းအမှတ်တရပစ္စည်း အရောင်းဆိုင်တစ်ဆိုင်ကို ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့သည်။ ယင်းအစီအစဉ်မှာ နိုင်ငံတကာနှင့် ချိတ်ဆက်မှု သင်္ကေတဖြစ်ကာ အခြားဂျာမန်ကလပ်အသင်းများနည်းတူ တရုတ်နိုင်ငံနှင့် အဓွန့်ရှည်သော ဆက်ဆံရေး တည်ဆောက်မှုကို ထင်ဟပ်စေသည်ဟု ကလပ်အသင်း၏ တရားဝင် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ (Xinhua)
……………
(English Version)
Betis, Chelsea ready for UEFA Conference League final
Real Betis is aiming to lift the first European trophy in the club’s history, while Chelsea could become the first team to win all four major UEFA competitions if it defeats the Spanish side in Wednesday’s UEFA Conference League final in Wroclaw, Poland.
The two coaches are well-acquainted. Since 2011, Betis coach Manuel Pellegrini had managed Enzo Maresca at Malaga for two years. In 2018, the Italian joined Pellegrini’s coaching staff at West Ham United.
Chelsea has not won a trophy since May 2021, when it defeated Manchester City in the Champions League final in Porto, Portugal.
Maresca expects his young squad to rise to the occasion. “The message to my players is that we did something important, but if we want to confirm that we’re becoming an important club, we have to show the desire to win the game. It’s a final game and it is the one we want to win,” he said.
Although Chelsea is viewed as the favorite, Pellegrini expressed confidence in his team’s chances of claiming its first European title.
…..
Barcelona star Yamal signs new contract until 2031
FC Barcelona has assured the long-term future of star player Lamine Yamal, with the confirmation that the 17-year-old has signed a new contract until 2031.
“FC Barcelona and Lamine Yamal have reached an agreement for the renewal of his contract, which will now tie him to the club until June 30, 2031.”
“The player signed his new contract on Tuesday at the club’s offices in the presence of FC Barcelona president Joan Laporta, first vice president Rafa Yusta and the club’s sporting director Anderson Luis de Souza ‘Deco’ among others,” informed the Barcelona official website.
Yamal made his Barcelona debut aged just 15 in April 2023 and has become one of the best players in the world over the past two years, making 106 appearances for the first team, scoring 25 goals and giving 34 assists, as well as showing moments of dazzling skill and close control.
The teenager was vital as Barcelona won a La Liga and Copa del Rey double in the recently concluded season, as well as the Spanish Super Cup, and has already become a fixture for the Spanish national team with 19 appearances.
…..
Norrie stuns Medvedev, Djokovic and Gauff advance in French Open
British underdog Cameron Norrie delivered the biggest upset of the 2025 French Open so far in a nail-biting five-set win over former world No. 1 Daniil Medvedev on Tuesday.
Ranked 81st in the world, Norrie knocked out 11th seed Medvedev 7-5, 6-3, 4-6, 1-6, 7-5 after three hours and 53 minutes on court.
While Norrie stole the spotlight, other top seeds advanced with convincing wins. Novak Djokovic, fresh off securing his 100th career title, eased past American Mackenzie McDonald 6-3, 6-3, 6-3. Third seed Alexander Zverev of Germany also cruised through with a 6-3, 6-3, 6-4 win over American Learner Tien.
In the women’s draw, second seed Coco Gauff breezed past Australia’s Olivia Gadecki 6-2, 6-2. The American will next face 18-year-old Czech qualifier Tereza Valentova.
…..
Bayern Munich opens pop-up store in Qingdao to celebrate 125th anniversary
To mark the German record champion’s 125th anniversary, Bayern opened its first-ever pop-up store in the port city of Qingdao. An official club statement described the initiative as a “symbol of international connection,” reflecting Bayern’s long-standing ties with China, along with other German clubs.