Africa & Middle East
အီသီယိုးပီးယားနိုင်ငံက မြန်မာနိုင်ငံတွင် သောင်တင်နေသော နိုင်ငံသား ၇၀၀ ကျော်အား နေရပ်ပြန်လည်ခေါ်ဆောင်

အဒစ်အဘာဘာ၊ မေ ၃၀ ရက် (ဆင်ဟွာ)
အီသီယိုးပီးယားနိုင်ငံက မြန်မာနိုင်ငံတွင် သောင်တင်နေသော ၎င်းတို့နိုင်ငံသား ၇၀၀ ကျော်အား နေရပ်သို့ ပြန်လည်ခေါ်ဆောင်ခဲ့သည်ဟု မေ ၂၉ ရက်က ကြေညာခဲ့ကြောင်း သိရသည်။
နေရပ်ပြန်လည်ခေါ်ဆောင်ခဲ့သော အီသီယိုးပီးယားနိုင်ငံသားများမှာ အယောင်ဆောင် အလုပ်အကိုင်အခွင့်အလမ်းများဖြင့် လူမှောင်ခိုကူးသူများ၏ လိမ်လည်လှည့်ဖြားခြင်းခံခဲ့ရပြီးနောက် “မြန်မာနိုင်ငံတွင် ဆိုးဝါးသောအခြေအနေများနှင့် ကြုံတွေ့ခဲ့ရကြောင်း” အီသီယိုးပီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Nebiat Getachew က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် သောင်တင်နေသော အီသီယိုးပီးယားနိုင်ငံသားများစွာ ကျန်ရှိနေဆဲဖြစ်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ၎င်းတို့အား နေရပ်ပြန်လည်ခေါ်ဆောင်နိုင်ရေး ကြိုးပမ်းအားထုတ်မှုများအား အထောက်အကူဖြစ်စေရန် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ သံတမန်ရေးမစ်ရှင်က တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
အီသီယိုးပီးယားနိုင်ငံသားသည် အရှေ့တောင်အာရှဒေသတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမည်ဟု ကတိပြုလျက် တရားမဝင်ပွဲစားများ၏ လိမ်လည်လှည့်စားခြင်းကို ခံခဲ့ကြရသည်။ ၎င်းတို့ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ၎င်းတို့အား အခြေအနေဆိုးဝါးကြောင်း လူပြောများလှသည့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်စပ်ဒေသများရှိ တရားမဝင်စခန်းများသို့ ပို့ဆောင်ခဲ့ကြခြင်းဖြစ်သည်။
ပြည်သူများအနေဖြင့် လူကုန်ကူးသူများ၏ “လိမ်လည်ဝါဒဖြန့်စည်းရုံးမှု” ကို ဆက်လက်သတိရှိကြရန်နှင့် အထူးသဖြင့် အီသီယိုးပီးယားနိုင်ငံနှင့် ပြည်ပအလုပ်အကိုင်ခန့်အပ်ရေးသဘောစာချုပ်များ ချုပ်ဆိုထားခြင်းမရှိသည့် နိုင်ငံများတွင် တရားမဝင် ပြည်ပအလုပ်အကိုင်အခွင့်အလမ်းရှာဖွေမှုများကို ရှောင်ရှားကြရန် Getachew က တိုက်တွန်းထားသည်။
ထိုကဲ့သို့ နိုင်ငံသားများ နေရပ်ပြန်လည်ခေါ်ဆောင်ရေးလုပ်ဆောင်မှုသည် ခက်ခဲသောအခြေအနေရှိသည့် ပြည်ပနိုင်ငံများတွင် သောင်တင်နေသည့် နိုင်ငံသားများအား နေရပ်သို့ ပြန်လည်ဆောင်ရန် အီသီယိုးပီးယားအစိုးရ၏ “ပြည်သူအခြေပြု” သံတမန်ရေးရာကတိကဝတ်၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ကြောင်း Getachew ၏ အဆိုအရ သိရသည်။ (Xinhua)
…………………..
(English Version)
Ethiopia repatriates over 700 nationals stranded in Myanmar
ADDIS ABABA, May 29 (Xinhua) — The Ethiopian government announced Thursday that it has repatriated more than 700 nationals who were stranded in Myanmar.
Addressing a press briefing, Nebiat Getachew, spokesperson for the Ethiopian Ministry of Foreign Affairs, said the repatriated Ethiopian nationals “were in dire conditions in Myanmar” after they were deceived by smugglers over false employment opportunities.
Highlighting that an additional number of nationals still remain stranded in Myanmar, the spokesperson said that the ministry has tasked its diplomatic mission in New Delhi, India, to assist with the ongoing repatriation efforts.
The Ethiopian nationals were misled by illegal brokers promising employment opportunities in Southeast Asia. Upon arrival, they were taken to unauthorized camps in areas bordering Myanmar and Thailand, where conditions were reportedly severe.
Getachew urged the public to remain vigilant against the “deceptive propaganda” of human traffickers and to avoid pursuing illegal employment opportunities abroad, especially in countries that lack overseas employment agreements with Ethiopia.
According to Getachew, the ongoing large-scale repatriation effort is part of the Ethiopian government’s “citizen-centered” diplomatic commitment to bringing home its nationals stranded in difficult situations abroad.