International Organizations
၂၀၂၅ ခုနှစ် မေ ၃၀ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— ကွန်ဖရန့်စ်လိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ခြင်းက စမှတ်ဖြစ်နိုင်ဟု ချဲလ်ဆီးနည်းပြ မာရက်စကာ ဆို
မေ ၂၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ကွန်ဖရန့်စ်လိဂ် ဗိုလ်လုပွဲ၌ ရီးရဲလ်ဘက်တစ်အား ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ချဲလ်ဆီးအသင်းနည်းပြ အန်ဇို မာရက်စကာက ၎င်း၏ကစားသမားများအနေဖြင့် အလွန်ကောင်းမွန်သော အသင်းအဖွဲ့စိတ်ဓာတ်ကို ပြသနိုင်ခဲ့သည်ဟု ချီးကျူးပြောဆိုခဲ့သည်။
အဆိုပါပြိုင်ပွဲ၌ အောင်ပွဲခံနိုင်ခဲ့ခြင်းက အသင်း၏ တိုးတက်မှုအတွက် ကြီးမားသော လှေကားထစ်တစ်ခုပင်ဖြစ်ကြောင်း အဆိုပါ အီတလီသားနည်းပြက အလေးအနက်ပြောဆိုခဲ့သည်။ “ဒါက ကျွန်တော်တို့အတွက် စမှတ်တစ်ခုဖြစ်နိုင်ပါတယ်။ အောင်ပွဲရယူလိုတဲ့စိတ်ဓာတ်ကို မွေးမြူဖို့ ပွဲစဉ်တွေနဲ့ ပြိုင်ပွဲတွေမှာ အနိုင်ရဖို့လိုပါတယ်။ ဒီညမှာ ကျွန်တော်တို့ ဆွတ်ခူးနိုင်ခဲ့တဲ့ ဆုဖလားက အနာဂတ်မှာ ကျွန်တော်တို့ကို ပိုပြီးတိုးတက်ကောင်းမွန်စေပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
ပိုလန်နိုင်ငံ Wroclaw မြို့တွင် မေ ၂၈ ရက်၌ ယှဉ်ပြိုင်ကစားခဲ့သည့် ကွန်ဖရန့်စ်လိဂ် ဗိုလ်လုပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် ချဲလ်ဆီးအသင်းမှာ ယူအီးအက်ဖ်အေ၏ အဓိကပြိုင်ပွဲ လေးခုဖြစ်သည့် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ကွန်ဖရန့်စ်လိဂ်နှင့် Cup Winners’ Cup (ယခုအခါတွင် ကျင်းပခြင်းမရှိတော့) တို့အပြင် ဖီဖာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဖြစ်သည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ချဲလ်ဆီးအသင်းမှာ မေ ၂၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အရေးပါသော ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်၌ နော့တင်ဟမ်ဖောရက်စ်အား ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် အဆင့်-၄ နေရာမှ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့သလို မေ ၂၈ ရက် ကွန်ဖရန့်စ်လိဂ် ဗိုလ်လုပွဲတွင်လည်း အနိုင်ရရှိခဲ့သဖြင့် ဒုတိယမြောက်အောင်ပွဲ ဖြစ်လာခဲ့သည်။
…..
— ဘိုင်ယန်မြူးနစ်က လေဗာကူဆင်နောက်ခံလူ ဂျိုနသန်တားကို ကာလရှည်စာချုပ်ဖြင့် ခေါ်ယူ
လေဗာကူဆင်အသင်း၏ ဂျာမနီလက်ရွေးစင် ကစားသမား ဂျိုနသန်တားအား ခေါ်ယူလိုက်ကြောင်း ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းက မေ ၂၉ ရက်၌ အတည်ပြုကြေညာခဲ့သည်။
အဆိုပါ အသက် ၂၉ နှစ်အရွယ် ဗဟိုနောက်ခံလူမှာ ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်နှင့် ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိသော စာချုပ်တစ်ရပ်အား လက်မှတ်ရေးထိုးခြင်းဖြင့် ၎င်း၏ အပြောင်းအရွှေ့နှင့် ပတ်သက်၍ ကာလကြာမြင့်စွာ ထင်ကြေးပေးပြောဆိုမှုများကို အဆုံးသတ်စေခဲ့သည်။
၎င်းအနေဖြင့် လေဗာကူဆင်အသင်း ဆုဖလားနှစ်လုံး ရရှိခဲ့သည့် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကာ အဆိုပါ ဘောလုံးရာသီတွင် နည်းပြဇာဘီအလွန်ဆို လက်အောက်၌ အမြဲတမ်း အသင်းခေါင်းဆောင်အဖြစ် လိဂ်ပြိုင်ပွဲ ၃၁ ပွဲ ပါဝင်ကစားခဲ့ပြီး သွင်းဂိုးလေးဂိုး သွင်းယူခဲ့ရာ ဘိုင်ယန်အတွက် အတွေ့အကြုံနှင့် ခေါင်းဆောင်မှု စွမ်းရည်များကို ယူဆောင်လာမည်ဖြစ်သည်။ တားမှာ ၂၀၁၅ ခုနှစ်တွင် Hamburger SV မှ လေဗာကူဆင်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ပြိုင်ပွဲစုံတွင် စုစုပေါင်း ၄၀၂ ပွဲ ပါဝင်ကစားခဲ့သည်။
“ဒါက ကဏ္ဍသစ်တစ်ခုဖြစ်သလို အခွင့်အရေးကောင်းတစ်ခုလည်းဖြစ်ပါတယ်” ဟု မြူးနစ်၌ ဆေးစစ်မှု ပြီးမြောက်သွားပြီးနောက် တားက ပြောကြားခဲ့သည်။ “တာဝန်ယူဖို့၊ ကစားသမားတစ်ယောက်အနေနဲ့ ပိုမိုတိုးတက်လာပြီး ဒီအသင်းမှာ ဆုဖလားတွေ ရယူဖို့ ဒီကိုရောက်လာတာပါ။ အဲဒါက ကျွန်တော့်အတွက် တွန်းအားပါပဲ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
…..
— ငယ်ဘဝ ကလပ်အသင်းဖြစ်သည့် ရိုဆာရီယို စင်ထရယ်သို့ ဒီမာရီယာ ပြန်လည်ပြောင်းရွှေ့မည်
ဖီဖာကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်း၏ ကစားသမားတစ်ဦးဖြစ်သူ အိန်ဂျယ် ဒီမာရီယာမှာ ၎င်း၏ငယ်ဘဝအသင်းဖြစ်သည့် ရိုဆာရီယို စင်ထရယ်သို့ ပြန်လည်ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိခဲ့ပြီဟု အဆိုပါ ကလပ်အသင်းက မေ ၂၉ ရက်၌ ကြေညာခဲ့သည်။
အသက် ၃၇ နှစ်အရွယ် ဒီမာရီယာအနေဖြင့် ပေါ်တူဂီကလပ် ဘင်ဖီကာနှင့် ချုပ်ဆိုထားသော စာချုပ်မှာ ဇူလိုင်လ၌ သက်တမ်းကုန်ဆုံးပြီးနောက် အာဂျင်တီးနား ထိပ်တန်းလိဂ် Argentine Primera Division မှ ရိုဆာရီယို စင်ထရယ်နှင့် ပြန်လည်ပူးပေါင်းမည်ဖြစ်သည်။
“ကျွန်တော်တို့ရဲ့ သမိုင်းမှာ အတူတကွ ရေးထိုးရဦးမယ့် စာမျက်နှာတွေ ရှိနေပါသေးတယ်။ အိမ်ကနေ ကြိုဆိုပါတယ်” ဟု ကလပ်အသင်းက ဆိုရှယ်မီဒီယာမှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဒီမာရီယာမှာ ၂၀၀၅ ခုနှစ်တွင် ရိုဆာရီယို စင်ထရယ်အသင်းနှင့်အတူ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့ပြီး နှစ်နှစ်အကြာ၌ ဘင်ဖီကာအသင်းထံ ပြောင်းရွှေ့ကစားခဲ့သည်။ ထို့နောက် ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာယူနိုက်တက်၊ ပီအက်စ်ဂျီနှင့် ဂျူဗင်တပ်စ်အသင်းတို့ထံ ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၃ ခုနှစ်၌ ဘင်ဖီကာအသင်းထံ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
…..
— ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဆင်နာက ဂက်စကေးကို အပြတ်အသတ်အနိုင်ရရှိ၊ ဂျိုကိုဗစ်လည်း နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့
မေ ၂၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပြင်သစ်အိုးပင်း တင်းနစ်ပွဲစဉ်များတွင် ကမ္ဘာ့အဆင့်-၁ ဂျန်းနစ်ခ် ဆင်နာက ပြင်သစ် ဝါရင့်တင်းနစ်ကစားသမား ရစ်ချက်ဒ် ဂက်စကေးအား အပြတ်အသတ် အနိုင်ရရှိခဲ့ရာ အသက် ၃၈ နှစ်အရွယ် ဂက်စကေး၏ ကစားသမားဘဝ အဆုံးသတ်မှာ စိတ်ထိခိုက်စရာဖြစ်ခဲ့သည်။ ပြင်သစ်အိုးပင်းပြိုင်ပွဲ၌ ၂၅ ကြိမ်မြောက် ဂရင်းစလင်းချန်ပီယံဆုကို စံချိန်တင်ရယူနိုင်ရန် ကြိုးပမ်းနေသည့် နာမည်ကြီး တင်းနစ်ကစားသမား နိုဗက် ဂျိုကိုဗစ်ကလည်း နောက်တစ်ဆင့်သို့ အလွယ်တကူ တက်လှမ်းနိုင်ခဲ့သည်။
ပြင်သစ်အိုးပင်း (Roland Garros) ၌ ၂၂ ကြိမ်မြောက်နှင့် နောက်ဆုံးအကြိမ် ပါဝင်ကစားနေသည့် ဂက်စကေးမှာ ပြိုင်ပွဲအပြီးတွင် ကစားသမားဘဝမှ အနားယူတော့မည်ဟု ကြေညာထားသဖြင့် ထိုနေ့မှာ ၎င်းအတွက် အလွန်အရေးပါသောနေ့ ဖြစ်ခဲ့သည်။ ထိပ်တန်းပြိုင်ဘက် ဆင်နာနှင့် ရင်ဆိုင်ရာတွင် ဂက်စကေးအနေဖြင့် ရဲရဲဝံ့ဝံ့ တုံ့ပြန်ကစားခဲ့သော်လည်း နောက်ဆုံးတွင် ၆-၃၊ ၆-၀၊ ၆-၄ ဖြင့် အရေးနိမ့်ခဲ့ပြီး ပြိုင်ပွဲ၏ ဒုတိယအဆင့်မှာပင် ထွက်ခွာခဲ့ရသည်။
ဂျိုကိုဗစ်ကလည်း ပြိုင်ဘက် ပြင်သစ်ကစားသမား ကိုရန်တင် မူတက်အား ၆-၃၊ ၆-၂၊ ၇-၆ (၁) ဖြင့် အပြတ်အသတ် အနိုင်ယူခဲ့ပြီး နောက်ဆုံး ၃၂ ဦးအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
အသက် ၃၈ နှစ်အရွယ် ဆားဘီးယား တင်းနစ်ကစားသမားမှာ ပြိုင်ပွဲအတွင်း ခြေထောက် အရည်ကြည်ဖု ဒဏ်ရာအား ကုသမှုခံယူရန် လိုအပ်ခဲ့သော်လည်း အံ့အားသင့်ဖွယ် တည်ငြိမ်အေးဆေးမှုကို ပြသနိုင်ခဲ့သည်။ ဂျိုကိုဗစ်အနေဖြင့် ဩစတြီးယား တင်းနစ်ကစားသမား ဖိလစ် မီဆိုလစ်နှင့် ထပ်မံရင်ဆိုင်ရမည်ဖြစ်သည်။ (Xinhua)
………………….
(English Version)
Chelsea coach Maresca: Winning Conference League can be starting point
Chelsea head coach Enzo Maresca has praised his players for showing great team spirit following their 4-1 victory over Real Betis in the UEFA Conference League final on Wednesday.
The Italian emphasized that winning the tournament represented a big step in the team’s development. “It can be a starting point for us. To build a winning mentality you need to win games and competitions. The trophy we won tonight is going to make us better in the future,” he said.
Chelsea became the first club to win all four major UEFA competitions – Champions League, Europa League, Conference League, and the now-defunct Cup Winners’ Cup – and the FIFA Club World Cup after defeating the Spanish side in Wroclaw, Poland.
Wednesday’s win gave Chelsea double cause for celebration after the Blues had secured Champions League qualification by finishing fourth in the Premier League, thanks to a vital 1-0 win at Nottingham Forest in the season’s final matchday on Sunday.
…..
Tah signs for Bayern Munich on long-term deal
Bayern Munich has confirmed the signing of German international Jonathan Tah from Bayer Leverkusen, as announced by the Bavarians on Thursday.
The 29-year-old center-back has signed a contract with the Bundesliga champions until 2029, bringing an end to long-standing transfer speculation.
Tah will bring experience and leadership to Bayern, after having played a crucial role in Leverkusen’s double-winning 2023-24 campaign, where he played 31 league matches, scored four goals and was a regular captain under Xabi Alonso. In total, Tah made 402 appearances for Leverkusen across all competitions after joining the club from Hamburger SV in 2015.
“This is a new chapter and a great opportunity,” Tah said after completing his medical in Munich. “I’m here to take on responsibility, grow as a player and win trophies with this team. That’s what drives me.”
…..
Di Maria to return to Rosario Central
Argentina’s FIFA World Cup winner Angel Di Maria has reached an agreement to return to his boyhood team Rosario Central, the club announced on Thursday.
The 37-year-old will rejoin the Argentine Primera Division side on a free transfer after his contract with Portuguese outfit Benfica expires in July.
“Our history together has more pages to write. Welcome home,” read a statement issued by the club on social media.
Di Maria began his professional career with Rosario Central in 2005 before signing with Benfica two years later. He had subsequent spells at Real Madrid, Manchester United, Paris Saint-Germain and Juventus before returning to Benfica in 2023.
…..
Sinner brings curtain down on Gasquet’s career, Djokovic through at French Open
World No. 1 Jannik Sinner advanced with a commanding straight-sets victory over French veteran Richard Gasquet, bringing an emotional close to the 38-year-old’s career, while Novak Djokovic progressed smoothly in his pursuit of a record 25th Grand Slam title at the French Open on Thursday.
The day held special significance for Gasquet, who was making his 22nd and final appearance at Roland Garros, as he had announced he would retire after the tournament. Facing the formidable Sinner, Gasquet battled valiantly but was ultimately overcome 6-3, 6-0, 6-4, ending his run in the second round.
Djokovic also booked his spot in the last-32 with a straight-sets win over Frenchman Corentin Moutet, triumphing 6-3, 6-2, 7-6 (1).
Although the 38-year-old Serbian required a medical timeout for a blister on his foot during the match, he displayed characteristic composure and stability. Djokovic will next play Austrian qualifier Filip Misolic.