Connect with us

Europe

ကမ္ဘာ့အရှည်ဆုံး ခရီးသည်တင်ရထားဝန်ဆောင်မှု မော်စကိုနှင့် ပြုံယမ်းကြား ပြန်လည်စတင်

မော်စကို၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းနှင့် ရုရှားနိုင်ငံ မော်စကိုမြို့ကြား တိုက်ရိုက်ရထားဝန်ဆောင်မှုကို ဇွန် ၁၇ ရက်၌ ပြန်လည်စတင်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံ ရထားလုပ်ငန်းက ၎င်းတို့၏ တရားဝင် တယ်လီဂရမ်ချန်နယ်မှတစ်ဆင့် ဇွန် ၁၀ ရက်၌ ကြေညာလိုက်သည်။
ထို့ပြင် ပြုံယမ်းနှင့် ရုရှားနိုင်ငံ အရှေ့ဖျားရှိ ခါဘာရော့ဗ်မြို့ကြား ခရီးသည်တင်ရထားဝန်ဆောင်မှုကိုလည်း ဇွန် ၁၉ ရက်၌ ပြန်လည်စတင်ရန် လျာထားကြောင်း သိရသည်။
တစ်လလျှင် နှစ်ကြိမ်ပြေးဆွဲမည့် ပြုံယမ်း-မော်စကိုခရီးစဉ်လမ်းကြောင်းသည် လက်ရှိ ကမ္ဘာပေါ်တွင် အရှည်ဆုံး အပြည်ပြည်ဆိုင်ရာ တိုက်ရိုက်ရထားဝန်ဆောင်မှုဖြစ်ကြောင်း၊ ခရီးစဉ်အနေဖြင့် ကီလိုမီတာ ၁၀,၀၀၀ ကျော်ရှိကာ ခရီးစဉ်ပြီးဆုံးချိန်အထိ အချိန် ၈ ရက်ခန့်ကြာမြင့်မည် ဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ခရီးသည်တင်ရထားဝန်ဆောင်မှုများကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
World’s longest passenger train service to resume between Moscow and Pyongyang
MOSCOW, June 10 (Xinhua) — Direct international train service between Pyongyang, the capital of the Democratic People’s Republic of Korea (DPRK), and Moscow will resume on June 17, Russian Railways announced Tuesday via its official Telegram channel.
Additionally, passenger train service between Pyongyang and Khabarovsk in Russia’s Far East is scheduled to restart on June 19.
The Pyongyang-Moscow route, which will operate twice a month, is currently the longest direct international train service in the world. The journey spans more than 10,000 km and takes about eight days to complete.
Passenger train services between the DPRK and Russia were suspended in February 2020 due to the COVID-19 pandemic.