Connect with us

Asia

အိမ်နီးချင်းနိုင်ငံများတွင် ကိုဗစ်-၁၉ ‌ရောဂါကူးစက်မှု မြင့်တက်လာသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခရီးသွားသတိပေးချက်များ ထုတ်ပြန်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ ဘင်္ဂလားဒေ့ရှ် အမျိုးသားတိရစ္ဆာန်ရုံတွင် ကျားလှောင်အိမ်ကို ပိုးသတ်ဆေးဖျန်းနေသော ဝန်ထမ်းတစ်ဦးကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)
အိမ်နီးချင်းနိုင်ငံများစွာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု တစ်ဖန်မြင့်တက်လာသည့်အတွက် ယင်းနိုင်ငံများသို့ ခရီးသွားလာခြင်းမှ ရှောင်ကြဉ်ကြရန် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရက ပြည်သူများအား တိုက်တွန်းထားကြောင်း သိရသည်။
ရောဂါပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်ရေးအတွက် ဆိပ်ကမ်းများအားလုံး၌ ကျန်းမာရေးစောင့်ကြည့် စစ်ဆေးရေး အစီအမံများ တိုးမြှင့်ဆောင်ရွက်ရန် ဆက်စပ်တာဝန်ရှိအဖွဲ့အစည်းများကို ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ အထွေထွေကျန်းမာရေးညွှန်ကြားမှုဦးစီးဌာန (DGHS) က ညွှန်ကြားထားသည်။
ကိုရိုနာဗိုင်းရပ်စ်၏ ဗီဇမျိုးကွဲအသစ်များသည် အိမ်နီးချင်းနိုင်ငံများစွာ၌ ပျံ့နှံ့လျက်ရှိကြောင်း ဇွန် ၉ ရက်က ထုတ်ပြန်ထားသော ညွှန်ကြားချက်များတွင် ဖော်ပြထားသည်။
အဆိုပါ ဗီဇမျိုးကွဲဗိုင်းရပ်စ်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကူးစက်မည့်အလားအလာကို တားဆီးကာကွယ်ရန်အလို့ငှာ ရောဂါကူးစက်မှုရှိသောနိုင်ငံများမှ ပြည်တွင်းသို့လာရောက်သော ခရီးသွားဧည့်သည်များ၊ ယင်းနိုင်ငံများသို့ သွားရောက်မည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ အားလုံးကို ကုန်းလမ်း၊ ရေလမ်း၊ လေဆိပ်များရှိ နိုင်ငံတကာကျန်းမာရေးကြီးကြပ်မှုဌာနများ၌ စောင့်ကြည့်စစ်ဆေးမှုကို အခိုင်အမာလုပ်ဆောင်ရမည်ဟု ညွှန်ကြားချက်၌ ဖော်ပြထားသည်။
ပြည်သူများအနေဖြင့် လူစုလူဝေးနေရာများ၊ ဈေးဝယ်စင်တာများနှင့် စားသောက်ဆိုင်များတွင် နှာခေါင်းစည်းများ တပ်ဆင်ရမည်ဟူ၍လည်း ညွှန်ကြားချက်၌ ဖော်ပြထားသည်။
ထို့ပြင် နိုင်ငံအတွင်း ဝင်ပေါက်နေရာများအားလုံး၌ ခန္ဓာကိုယ်အပူချိန် တိုင်းတာရာတွင် လူချင်းထိတွေ့ရန် မလိုသောနည်းပညာများဖြင့် ကိုယ်အပူချိန်တိုင်း စကင်နာများ (scanners) သို့မဟုတ် ဒစ်ဂျစ်တယ်သာမိုမီတာများ အသုံးပြုရန်၊ ကျန်းမာရေးဝန်ထမ်းများအတွက် နှာခေါင်းစည်းများ၊ လက်အိတ်များနှင့် တစ်ကိုယ်ရေ အကာအကွယ်ဝတ်စုံကိရိယာ စသည်တို့ကို အလုံအလောက်ထားရှိရန်၊ အများပြည်သူများ အသိပညာပေးမှု မြှင့်တင်ရေးနှင့် ဗိုင်းရပ်စ်ကူးစက်မှုကာကွယ်ရေးအတွက် ရောဂါကူးစက်မှု ကာကွယ်ရေး လမ်းညွှန်ချက်များ ဖြန့်ဝေရန် DGHS အနေဖြင့် ဆက်စပ်တာဝန်ရှိသူများကို ပြောကြားထားကြောင်း သိရသည်။
မြို့တော် ဒါကာတွင် ကူးစက်ရောဂါကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ရာမှ ယခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြင့် ပထမဆုံးလူသေဆုံးမှုအဖြစ် ဇွန် ၅ ရက်က မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………………….
(English Version)
Bangladesh issues travel warnings as COVID-19 infections rise in neighboring countries
DHAKA, June 9 (Xinhua) — Amid a fresh rise in COVID-19 infections in several neighboring countries, the Bangladeshi interim government has asked people to refrain from traveling to those destinations unless absolutely necessary.
The Directorate General of Health Services (DGHS) under the Ministry of Health has also instructed the relevant authorities to enhance health screening and surveillance measures at all ports to contain the spread of the infection.
The directives which were issued Monday stated that new subvariants of the coronavirus are spreading in several neighboring countries.
To prevent potential transmission of these variants into Bangladesh, it said surveillance must be strengthened at International Health Regulations desks at all land, sea, and airports for both inbound travelers from affected countries, and outbound travelers from Bangladesh to those destinations.
In line with the directives, people must wear masks at all gatherings, shopping malls and restaurants.
The DGHS asked the relevant authorities to use thermal scanners or digital handheld thermometers with non-contact techniques to measure body temperature at all entry points, ensure an adequate stock of masks, gloves, and personal protective equipment for healthcare workers, and disseminate infection prevention guidelines to raise public awareness and prevent virus transmission.
Bangladesh on Thursday recorded its first COVID-19 fatality this year when a man died from the infectious disease in capital Dhaka.
Photo: A staff sprays disinfectant to a cage of tiger in Bangladesh’s National Zoo in Dhaka, Bangladesh, on April 23, 2020. (Stringer/Xinhua)