Connect with us

Politics, Law & Military

ရှန်ဂရီလာ ဆွေးနွေးပွဲ၌ တရုတ်နိုင်ငံနှင့် စပ်လျဉ်း၍ အမေရိကန် ကာကွယ်ရေးဝန်ကြီး၏ အနုတ်သဘောဆောင်သည့် ပြောကြားချက်အပေါ် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပေကျင်း၊ ဇွန် ၁ ရက် (ဆင်ဟွာ)

၂၂ ကြိမ်မြောက် ရှန်ဂရီလာဆွေးနွေးပွဲ၌ တရုတ်နိုင်ငံနှင့် စပ်လျဉ်း၍ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိဟက်ဂ်ဆက်၏ အနုတ်သဘောဆောင်သည့် ပြောကြားချက်အပေါ် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၃၁ ရက်၌ ပြောကြားခဲ့သည်။

ဟက်ဂ်ဆက်အနေဖြင့် ဒေသတွင်းနိုင်ငံများ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုက်တွန်းမှုကို ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုနေသည့်အပြင် အုပ်စုဖွဲ့ ထိပ်တိုက်တွေ့သည့် စစ်အေးခေတ် သဘောထားကို အမွှမ်းတင်ကာ တရုတ်နိုင်ငံအား အသရေဖျက်သည့် စွပ်စွဲချက်များဖြင့် သားပုပ်လေလွင့် ပြောဆိုလျက်ရှိသလို တရုတ်နိုင်ငံကိုလည်း “ခြိမ်းခြောက်မှု” ဟု လွဲမှားစွာ သုံးနှုန်းပြောဆိုလျက်ရှိသည်ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

“အဲဒီပြောကြားချက်တွေဟာ ရန်စမှုတွေနဲ့ ပြည့်နှက်နေပြီး စိတ်ဝမ်းကွဲအောင် သွေးထိုးလှုံ့ဆော်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အဲဒီပြောကြားချက်တွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး အမေရိကန်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

အမေရိကန်မှအပ ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံကိုမှ ဗိုလ်ကျလွှမ်းမိုးသည့် အင်အားကြီးနိုင်ငံဟု ခေါ်ဆိုရန် သင့်လျော်မည်မဟုတ်ကြောင်း၊ ထို့အတူ အမေရိကန်မှာ အာရှ-ပစိဖိတ်ဒေသ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုကို ပျက်ပြားစေသည့် အရင်းခံ အကြောင်းရင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ အမေရိကန်အနေဖြင့် ၎င်း၏ဗိုလ်ကျလွှမ်းမိုးမှုကို ဆက်လက်လုပ်ဆောင်ကာ “အင်ဒို-ပစိဖိတ် မဟာဗျူဟာ” ဟုဆိုသော အရာကို ဆက်လက်ဖော်ဆောင်ရန်အတွက် တောင်တရုတ်ပင်လယ်၌ တိုက်ခိုက်ရေး လက်နက်အမျိုးမျိုးကို ဖြန့်ကြက်လျက် အင်ဒို-ပစိဖိတ်ဒေသအား စိုးရိမ်ဖွယ်ရာ အခြေအနေအဖြစ် ပြောင်းလဲစေကာ ဒေသတွင်းနိုင်ငံများအား အလွန်အမင်း စိုးရိမ်လာအောင် လုပ်ဆောင်နေခြင်းဖြစ်သည်။

ထို့အတူ ထိုင်ဝမ်အရေးကိစ္စသည်လည်း အလုံးစုံ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသာ ဖြစ်သည့်အတွက် မည်သည့်နိုင်ငံကမှ ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အလေးအနက်ပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/32T

…………………………………………………………………………………..
(English Version)
China strongly deplores, firmly opposes U.S. Defense Secretary’s negative remarks related to China at Shangri-La Dialogue: FM spokesperson
BEIJING, May 31 (Xinhua) — China strongly deplores and firmly opposes the negative remarks related to China made by U.S. Defense Secretary Pete Hegseth, at the 22nd edition of the Shangri-La Dialogue, a Chinese foreign ministry spokesperson said on Saturday.
The spokesperson said Hegseth deliberately ignored the call for peace and development by countries in the region, and instead touted the Cold War mentality for bloc confrontation, vilified China with defamatory allegations, and falsely called China a “threat.”
“The remarks were filled with provocations and intended to sow division. China deplores and firmly opposes them and has protested strongly to the United States,” said the spokesperson.
The spokesperson said that no country in the world deserves to be called a hegemonic power other than the United States itself, who is also the primary factor undermining the peace and stability in the Asia-Pacific. To perpetuate its hegemony and advance the so-called “Indo-Pacific strategy,” the United States has deployed offensive weaponry in the South China Sea and kept stoking flames and creating tensions in the Asia-Pacific, which are turning the region into a powder keg and making countries in the region deeply concerned.
Noting that the Taiwan question is entirely China’s internal affair, the spokesperson said no country is in a position to interfere. xhtxs.cn/32T
English Caption
People in uniforms perform security duties outside the Shangri-La Hotel, the venue for the 22nd Shangri-La Dialogue, in Singapore, May 30, 2025. (Photo by Then Chih Wey/Xinhua)