Africa & Middle East
ဂါဇာသို့ ဦးတည်ထွက်ခွာလာသော အကူအညီပေးရေး သင်္ဘောငယ်အား ကြားဖြတ်ဟန့်တားပြီးနောက် ဆွီဒင် တက်ကြွလှုပ်ရှားသူအား အစ္စရေး ပြည်နှင်ဒဏ်ပေး

ဂျေရုဆလမ်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသအား ရေကြောင်းမှ ဝန်းရံပိတ်ဆို့ထားမှုကို ချိုးဖျက်ရန် ကြိုးပမ်းခဲ့သည့် အကူအညီပေးရေး သင်္ဘောငယ်တစ်စင်းပေါ်မှ ရာသီဥတုအရေး တက်ကြွလှုပ်ရှားသည့် ဆွီဒင်နိုင်ငံသူ ဂရီတာ သွန်းဘတ်နှင့် အခြားတက်ကြွလှုပ်ရှားသူ ၁၁ ဦးအား အစ္စရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တစ်ရက်အကြာ ဇွန် ၁၀ ရက်၌ အစ္စရေး အာဏာပိုင်များက ဂရီတာ သွန်းဘတ်အား ပြည်နှင်ဒဏ်ပေးခဲ့သည်။
“ဂရီတာ သွန်းဘတ်ဟာ ပြင်သစ်ကတစ်ဆင့် ဆွီဒင်နိုင်ငံကို လေယာဉ်နဲ့ထွက်ခွာသွားပါပြီ” ဟု အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနက X ဆိုရှယ်မီဒီယာပလက်ဖောင်း၌ သတင်းထုတ်ပြန်ခဲ့သည်။ ၎င်းအနေဖြင့် လက်နောက်ပစ်၍ လေယာဉ်ပေါ်တက်သွားပုံ၊ လေယာဉ်ပေါ်တွင် ထိုင်နေပုံ စသည့် ဓာတ်ပုံနှစ်ပုံကိုလည်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အသက် ၂၂ နှစ်အရွယ် သွန်းဘတ်နှင့် အခြားတက်ကြွလှုပ်ရှားသူများကို ပြည်နှင်ဒဏ်ပေးရန် ဘန်ဂူရီယွန်လေဆိပ်သို့ ခေါ်ဆောင်သွားကြောင်း အစ္စရေးနိုင်ငံပိုင်ရုပ်သံ Kan က ဖော်ပြခဲ့သည်။ သွန်းဘတ်မှာ နောက်လှန်၍မရသည့် အနောက်ဘက်မှ ထိုင်ခုံတစ်ခုပေါ်၌ ထိုင်ခဲ့ရကြောင်း သိရသည်။
တက်ကြွလှုပ်ရှားသူများကို ပြည်နှင်ဒဏ်ပေးရန် လေဆိပ်သို့ခေါ်ဆောင်သွားကြောင်း အစ္စရေး ပြည်ထဲရေးဝန်ကြီး မိုရှေ အာဘယ်လ်က အတည်ပြုခဲ့ပြီး သင်္ဘောငယ်အုပ်စုပေါ်တွင် လိုက်ပါလာသူ ၁၂ ဦးလုံးအား ၎င်းတို့၏ မူလနိုင်ငံများဆီသို့ ပြန်ကြရန် ညွှန်ကြားခဲ့သည်ဟု ဆိုသည်။
အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနကမူ အစ္စရေးနိုင်ငံမှ ဆန္ဒအလျောက် ပြန်လည်ထွက်ခွာရန် သဘောတူလက်မှတ်ထိုးခဲ့သည့် တက်ကြွလှုပ်ရှားသူများမှာ ဇွန် ၁၀ ရက်၌ လေယာဉ်ဖြင့်ထွက်ခွာမည်ဟု မျှော်လင့်ရကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ဆန္ဒအလျောက် ထွက်ခွာရန် ငြင်းဆန်သူများကိုမူ ပြည်နှင်ဒဏ်ပေးရန်အတွက် ခွင့်ပြုချက်တောင်းခံရန် တရားရေးအာဏာပိုင်အဖွဲ့ထံ ပို့ဆောင်မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
အစ္စရေးက နိုင်ငံတကာရေပိုင်နက်အတွင်း အကူအညီပေးရေး သင်္ဘောကို ကြားဖြတ်ဟန့်တား၍ အစ္စရေး၏ အကြီးဆုံးဆိပ်ကမ်းဖြစ်သော အက်ရှ်ဒေ့ါသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကာ ယင်းသည် တရားမဝင်သော လုပ်ရပ်ဖြစ်ပြီး “ပြန်ပေးဆွဲခေါ်ဆောင်ခြင်း” ပင်ဖြစ်သည်ဟု Freedom Flotilla Coalition အဖွဲ့က ဆိုသည်။ အဆိုပါ သင်္ဘောမှာ ဂါဇာဒေသအတွက် အစားအစာနှင့် ဆေးဝါး အပါအဝင် လူသားချင်းစာနာမှု အကူအညီပစ္စည်းများကို သယ်ဆောင်လာခြင်းဖြစ်သည်ဟု သိရသည်။
မော်လ်တာနိုင်ငံအနီး နိုင်ငံတကာရေပိုင်နက်အတွင်း ဒရုန်းဖြင့်တိုက်ခိုက်မှုဟု ယူဆရသော ဖြစ်စဉ်ကြောင့် Conscience (ကွန်းရှန့်စ်) ဟု အမည်ရသော သင်္ဘောတစ်စင်း ထိခိုက်ပျက်စီးခဲ့ပြီး တစ်လခန့်အကြာ၌ ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဂါဇာဒေသအား ဟားမက်စ်အဖွဲ့က ထိန်းချုပ်ခဲ့ပြီးနောက် ၂၀၀၇ ခုနှစ်တွင် အစ္စရေးက ယင်းဒေသအား ရေကြောင်းမှ ဝန်းရံပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ၌ ဟားမက်စ်အဖွဲ့က နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ခဲ့ပြီးနောက် ထိုသို့ ပိတ်ဆို့ကန့်သတ်မှုများကို အစ္စရေးက ပိုမိုတင်းကျပ်စွာ လုပ်ဆောင်ခဲ့သည်။ (Xinhua)
………………….
(English Version)
Israel deports Swedish activist after Gaza-bound aid boat intercepted
JERUSALEM, June 10 (Xinhua) — Israel deported Swedish climate campaigner Greta Thunberg on Tuesday, a day after she and 11 other activists were detained by Israeli forces while attempting to breach the naval blockade on the Gaza Strip aboard an aid boat.
“Greta Thunberg just departed Israel on a flight to Sweden (via France),” the Israeli Foreign Ministry wrote on social media platform X. The ministry released two photos of her, one boarding the plane with her hands behind her back and another seated inside.
State broadcaster Kan reported that Thunberg, 22, and other activists were taken to Ben Gurion Airport for deportation. According to the report, Thunberg was seated “in a back seat without the ability to recline.”
Israeli Interior Minister Moshe Arbel confirmed several activists were taken to the airport for deportation, and said he had “instructed that all 12 participants in the flotilla be returned to their countries of origin.”
The Foreign Ministry said activists who agreed to sign documents stating they voluntarily agree to leave Israel were expected to leave the country by flights on Tuesday. Those who refused would be brought before a judicial authority to authorize their deportation, according to the ministry.
Israel intercepted the charity vessel in international waters and escorted it to Ashdod, the largest port in Israel, a move the Freedom Flotilla Coalition described as illegal and called a “kidnapping.” The vessel was reportedly carrying humanitarian supplies, including food and medicine, intended for Gaza.
The incident came about a month after another flotilla vessel, Conscience, was damaged in an alleged drone strike in international waters near Malta.
Israel imposed a naval blockade on Gaza in 2007 after Hamas took control of the enclave. Restrictions were further tightened following Hamas’s cross-border attack in October 2023.
English Caption
The vessel reportedly carrying humanitarian cargo arrives at the waters near the port of Ashdod, southern Israel, on June 9, 2025. (Photo by Jamal Awad/Xinhua)