Connect with us

International Organizations

၂၀၂၅ ခုနှစ် ဇွန် ၁၁ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ဘရာဇီးနှင့် အီ‌ကွေဒေါတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး ချီလီအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲနှင့်လွဲချော်
ဇွန် ၁၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲစဉ်အပြီးတွင် ဘရာဇီးနှင့် အီကွေဒေါအသင်းတို့မှာ လက်ကျန်ပွဲစဉ်များ ကျန်ရှိနေသော်လည်း တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်သွားပြီဖြစ်သည်။
ချီလီအသင်းမှာမူ ရှုံးပွဲထပ်မံကြုံတွေ့ခဲ့သဖြင့် အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပါဝင်ကစားခွင့်ရတော့မည် မဟုတ်ပေ။
ဆော်ပေါ်လိုမြို့၌ ယှဉ်ပြိုင်ကစားခဲ့သည့် ဘရာဇီးနှင့် ပါရာဂွေးအသင်းတို့၏ ပွဲစဉ်တွင် ကမ္ဘာ့ဖလားချန်ပီယံဆု ငါးကြိမ်ရရှိထားသည့် ဘရာဇီးက ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အသင်းအတွက် အနိုင်ဂိုးကို ရီးရဲလ်မက်ဒရစ် တိုက်စစ်ကစားသမား ဗင်နီစီယက်စ် ဂျူနီယာက ပွဲချိန်ပထမပိုင်းတွင် သွင်းယူခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်ရာ ပြီးခဲ့သည့်လ နှောင်းပိုင်းက ဘရာဇီးအသင်းကို စတင်ကိုင်တွယ်ခဲ့သည့် နည်းပြသစ် ကာလို အန်ဆယ်လော့တီအနေဖြင့် ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့ခြင်းဖြစ်သလို ဘရာဇီးအသင်းမှာလည်း တောင်အမေရိကဇုန် အမှတ်ပေးဇယား ရပ်တည်မှု၌ ပဥ္စမနေရာမှ ပါရာဂွေးအသင်းထက် တစ်မှတ်အသာ ရမှတ် ၂၅ မှတ်ဖြင့် တတိယနေရာ၌ ရပ်တည်လျက်ရှိသည်။
ထို့အတူ ဗျူနိုအေးရိစ်မြို့၌ လက်ရှိကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားနှင့် ကိုလံဘီယာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီး အာဂျင်တီးနားအသင်းအတွက် နောက်ကျချေပဂိုးကို သီယာဂို အယ်လ်မာဒါက သွင်းယူခဲ့သည်။
အဆိုပါပွဲစဉ်၌ လီဗာပူးလ် တိုက်စစ်ကစားသမား လူးဝစ်စ် ဒီယက်ဇ်က ဘယ်တောင်ပံမှ အတွင်းသို့ချိုးဝင်ကာ နောက်ခံလူသုံးယောက်ကို ကျော်ဖြတ်၍ ဂိုးသမား အမ်မီလီယာနို မာတီနက်ဇ်နှင့် ရင်ဆိုင်တွေ့ချိန်တွင် တည်တည်ငြိမ်ငြိမ် အဆုံးသတ်ကာ ဦးဆောင်ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။
သို့သော် ပုံမှန်ပွဲကစားချိန်ပြီးဆုံးရန် ကိုးမိနစ်အလိုတွင် လိုင်ယွန်ကွင်းလယ်လူ အယ်လ်မာဒါက အက်ဇီကီရယ်လ် ပလာစီယို့စ် ပေးပို့သည့် ဘောလုံးကို လက်ခံရယူကာ ဂိုးဧရိယာထဲသို့ ဆွဲဝင်၍ အဝေးထောင့်ဆီသို့ လှိမ့်ဘောကန်သွင်းကာ ချေပဂိုးသွင်းယူခဲ့သည်။
…..
— မန်စီးတီးအသင်းက လိုင်ယွန်ကွင်းလယ်ကစားသမား ချာကီကို ကလပ်ကမ္ဘာ့ဖလားမတိုင်မီ ခေါ်ယူနိုင်ခဲ့
ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီးအသင်းက လိုင်ယွန်အသင်း ကွင်းလယ်တိုက်စစ်ကစားသမား ရာယန် ချာကီအား ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်း (ဒေါ်လာ ၄၆ သန်း) ဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။
“မန်ချက်စတာစီးတီးအသင်းဟာ ရာယန် ချာကီကို လိုင်ယွန်အသင်းကနေ ခေါ်ယူနိုင်ခဲ့ပါပြီ။ အသက် ၂၁ နှစ်အရွယ် ကွင်းလယ်တိုက်စစ်ကစားသမားဟာ ၂၀၃၀ ပြည့်နှစ် နွေရာသီအထိ အီတီဟက်ဒ်အားကစားကွင်းမှာ ရှိနေမယ့် ငါးနှစ်သက်တမ်းရှိ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးပါပြီ” ဟု မန်စီးတီးအသင်းက ၎င်း၏တရားဝင်ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမား ခေါ်ယူခွင့်ပြုထားသည့် အပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းမီ အချိန်အနည်းငယ်အလိုတွင် မန်စီးတီးအသင်းက ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။
ချာကီအနေဖြင့် ပြီးခဲ့သည့်ရာသီ၌ လိုင်ယွန်အသင်းအတွက် ပွဲ ၂၀ ပါဝင်ကစားခဲ့ပြီး ၁၂ ဂိုး သွင်းယူခဲ့သလို ပြီးခဲ့သည့်သီတင်းပတ်က စပိန်အသင်းအား ရှုံးနိမ့်ခဲ့သည့် ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပွဲစဉ်၌ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ပွဲဦးထွက် ပါဝင်ကစားခွင့်ရခဲ့သည်။
— ဒင်းဟူဆန်အား ရီးရဲလ်မက်ဒရစ် ကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်
စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းက ကစားသမားသစ်ဖြစ်သူ ဒင်းဟူဆန်အား အသင်း၏ လေ့ကျင့်ရေးကွင်း ဗာလ်ဒီဘီဘတ်စ်တွင် ဇွန် ၁၀ ရက်က တရားဝင်မိတ်ဆက်ခဲ့သည်။
ဘုန်းမောက်အသင်းမှ ရီးရဲလ်မက်ဒရစ်အသင်းထံ ယူရိုသန်း ၆၀ နီးပါးဖြင့် ရောက်ရှိလာသည့် အသက် ၂၀ အရွယ် ဟူဆန်၏ အပြောင်းအရွှေ့အား မေ ၁၇ ရက်က အတည်ပြုကြေညာနိုင်ခဲ့သော်လည်း ၎င်းမှာ စပိန်လက်ရွေးစင်အသင်းအတွက် ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲစဉ်တို့တွင် ပါဝင်ကစားခဲ့သည့်အတွက် ၎င်းအား ရီးရဲလ်ကစားသမားသစ်အဖြစ် တရားဝင် မိတ်မဆက်ရသေးခြင်းဖြစ်သည်။ စပိန်အသင်းမှာ ဇွန် ၈ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် နေးရှင်းလိဂ်ဖိုင်နယ်တွင် ပေါ်တူဂီအား ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
ဟူဆန်မှာ နယ်သာလန်၌ မွေးဖွားခဲ့‌သူဖြစ်သော်လည်း မာလာဂါမြို့အနီးဝန်းကျင်၌ ကြီးပြင်းခဲ့ကာ ၎င်း၏ ပရီးမီးယားလိဂ် ပွဲဦးထွက်ရာသီ၌ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ရီးရဲလ်အသင်းသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။
…..
— ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်တွင် တရုတ်အသင်းက ဘာရိန်းအသင်းကို ပင်နယ်တီသွင်းဂိုးဖြင့် အနိုင်ရရှိ
ဇွန် ၁၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်) အုပ်စုနောက်ဆုံးပွဲစဉ်၌ အိမ်ရှင်တရုတ်အသင်းက ဘာရိန်းအသင်းအား ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး တစ်လုံးတည်းသော အနိုင်ဂိုးကို အသက် ၁၈ နှစ်အရွယ် တိုက်စစ်မှူး Wang Yudong က ပွဲချိန်နှောင်းပိုင်းတွင် ရရှိသည့် ပင်နယ်တီမှတစ်ဆင့် သွင်းယူခဲ့ခြင်းဖြစ်သည်။
ဇွန် ၅ ရက်က အင်ဒိုနီးရှားနှင့် ဆော်ဒီအာရေဗျတို့ကို အသီးသီးရှုံးနိမ့်ခဲ့သဖြင့် တရုတ်အသင်းရော ဘာရိန်းအသင်းပါ အုပ်စုမှ ထွက်ခွာခဲ့ရပြီဖြစ်ကာ အာရှဇုန်ခြေစစ်ပွဲ playoff အဆင့်၌ ယှဉ်ပြိုင်ခွင့်ရတော့မည် မဟုတ်ပေ။
ဂုဏ်သိက္ခာအတွက် ယှဉ်ပြိုင်ခဲ့သည့် နောက်ဆုံးပွဲစဉ်၌ နှစ်သင်းစလုံးအနေဖြင့် ပထမပိုင်းတွင် အခွင့်အရေးအချို့ ရရှိခဲ့သည်။ ပွဲကစားချိန် ၉၃ မိနစ်တွင် ဝမ်ကျိမင်၏ ဖြတ်တင်ဘောပေးပို့မှုကို ဘာရိန်းခံစစ် ရှင်းထုတ်ရာတွင် လက်ထိခဲ့သဖြင့် တရုတ်အသင်း ပင်နယ်တီရရှိခဲ့ရာ ဆယ်ကျော်သက်ကစားသမား Wang Yudong က တည်တည်ငြိမ်ငြိမ် ကန်သွင်း၍ နိုင်ငံအသင်းအတွက် ၎င်း၏ပထမဆုံး သွင်းဂိုးကို ရယူနိုင်ခဲ့သည်။ (Xinhua)


……………………………………………………………………………………….
(English Version)
Brazil, Ecuador through as Chile crashes out
Brazil and Ecuador secured their spots at the 2026 FIFA World Cup on Tuesday, advancing with games to spare in South American qualifying.
Chile’s campaign came to a halt after another underwhelming result, ending its chances of reaching the expanded tournament in the United States, Mexico and Canada.
In Sao Paulo, Real Madrid forward Vinicius Junior scored in the first half as five-time world champion Brazil booked its ticket with a 1-0 victory over Paraguay.
The result marked new manager Carlo Ancelotti’s first victory since taking charge late last month and left Brazil third in the South American standings with 25 points, one ahead of fifth-placed Paraguay.
In Buenos Aires, Thiago Almada struck late as reigning world champion Argentina salvaged a 1-1 home draw against Colombia.
Liverpool forward Luis Diaz gave the visitor the lead against the run of play when he cut inside from the left wing and skipped past three defenders before coolly firing a shot past Emiliano Martinez.
But Lyon midfielder Almada put his side on level terms nine minutes from time by receiving Exequiel Palacios’ pass and advancing into the box before drilling a low effort into the far corner.
…..
Man City completes Cherki signing ahead of Club World Cup
Manchester City has announced the signing of Rayan Cherki from Lyon in deal worth 34 million pounds (46 million U.S. dollars).
“Manchester City has completed the signing of Rayan Cherki from Lyon. The 21-year-old attacking midfielder has put pen to paper on a five-year deal, which keeps him at the Etihad Stadium until the summer of 2030,” the club announced on its official website just moments before the transfer window allowing players to compete in the FIFA Club World Cup closed.
Cherki made 20 appearances for Lyon last season, scoring 12 goals, and made his debut for the France national team in last week’s 5-4 UEFA Nations League defeat to Spain.
…..
Dean Huijsen presented as new Real Madrid player
New Real Madrid signing Dean Huijsen was officially presented as a new player at the club’s Valdebebas training ground on Tuesday.
The 20-year-old’s transfer to Real Madrid from Bournemouth for almost 60 million euros was confirmed on May 17th, but he wasn’t officially presented due to his commitments with the Spain national team and he played both the semi-final and the final of the UEFA Nations League, which the Spanish lost on penalties to Portugal on Sunday night.
Although he was born in the Netherlands, Huijsen grew up close to Malaga and moves to Real Madrid after an impressive debut season in the Premier League.
…..
China scores sole goal in penalty against Bahrain to end World Cup qualifying campaign
18-year-old young forward Wang Yudong scored a late penalty for China as the home team beat Bahrain 1-0 here on Tuesday to finish its FIFA World Cup 2026 qualifying journey.
After losing to Indonesia and Saudi Arabia respectively last Thursday , China and Bahrain had been eliminated from the group and failed to qualify for next phase of Asian qualifier playoff tournament.
In the last round “match of honor”, both teams had few chances to score in the first half. In the 93rd minute, the teenager finally bagged his first international goal as he converted the late penalty with composure, after Wang Ziming’s cross forced a handball foul in Bahrain’s penalty area.