Science & Technology
ပေကျင်း ကျုံးကွမ်းချွမ်းက ဆန်းသစ်ဖန်တီးမှု၏ ရှင်သန်စွမ်းအားကို ခံစားကြည့်ခြင်း

ပေကျင်း၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)
၂၀၀၉ ခုနှစ်တွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီက ကျုံးကွမ်းချွမ်း နိုင်ငံတော်၏ ကိုယ်ပိုင်ရပ်တည်မှုရှိသည့် ဆန်းသစ်တီထွင်ရေး သရုပ်ပြဇုန်ကို တည်ဆောက်ရန် ခွင့်ပြုခဲ့သည်။၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ကျုံးကွမ်းချွမ်း နိုင်ငံတော်၏ လွတ်လပ်စွာ ဆန်းသစ်တီထွင်ရေး သရုပ်ပြဇုန် အရောင်းပြစင်တာ (ကျုံးကွမ်းချွန်ပြပွဲစင်တာ)ကို တရားဝင် ဆိုင်းဘုတ်ဖွင့်လှစ်ခဲ့ရာ ပေကျင်းနှင့် ကျုံးကွမ်းချွမ်း၏ ကိုယ်ပိုင်ရပ်တည်မှုရှိသည့် ဆန်းသစ်တီထွင်မှု အောင်မြင်မှုရလဒ်များကို တစ်စုတစ်စည်းတည်း ပြသသည့် ပလက်ဖောင်းနှင့် ပြတင်းပေါက် ဖြစ်လာခဲ့သည်။ ကျုံးကွမ်းချွမ်း ပြသရေးစင်တာ အမြဲတမ်းပြခန်းကို အကြိမ်ပေါင်းများစွာ အဆင့်မြှင့်တင်မွမ်းမံခဲ့သည်။ လက်ရှိ အမြဲတမ်းပြခန်းတွင် ၂၀၂၅ ခုနှစ် မတ်လက ပြုပြင်တည်ဆောက်ပြီးစီးခဲ့ရာ ဧရိယာအားဖြင့် ၁၀,၀၀၀ စတုရန်းမီတာ ရှိသည်။
“အရည်အသွေးသစ် ထုတ်ကုန်စွမ်းအားဖြင့် ပေကျင်းအား ကြည့်ရှုခြင်း” ဟူသောခေါင်းစဉ်ဖြင့် ပြုပြင်ပြောင်းလဲရေးမှ ပေးစွမ်းသော အရည်အသွေးသစ်ကုန်ထုတ်စွမ်းအား၊ အရည်အသွေးမြင့် သိပ္ပံနည်းပညာပံ့ပိုးမှု တိုးချဲ့ခြင်း၊ အနာဂတ်ကုန်ထုတ်လုပ်ငန်း တည်ဆောက်ရေး အခင်းအကျင်း၊ ထွန်းသစ်စကုန်ထုတ်လုပ်ငန်းအားကောင်းရေး ပျိုးထောင်ခြင်း၊ တံခါးဖွင့်၍ ဆန်းသစ်ဖန်တီးသောဂေဟစနစ် တည်ဆောက်ခြင်း စသည့် ပြခန်းဧရိယာကြီး ၅ ခု ထားရှိသည်။ ယင်းပြခန်းများတွင် ပေကျင်းရှိ သိပ္ပံသုတေသနဌာန၊ ကုမ္ပဏီလုပ်ငန်း ၃၅၀ ကျော်၏ ဉာဏ်ရည်တု+ (AI+)၊ စီးပွားဖြစ်အာကာသကဏ္ဍ၊ အဆင့်မြင့် ဆေးကုသရေးစက်ပစ္စည်း စသည့် ရှေ့ပြေး သိပ္ပံနည်းပညာနယ်ပယ်၏ နည်းပညာ၊ ထုတ်ကုန် ၄၉၀ ကျော်ကို စုစည်းပြသကြရာ ပေကျင်းမြို့၏ သိပ္ပံနည်းပညာဆန်းသစ်ဖန်တီးမှုဖြင့် အရည်အသွေးသစ်ထုတ်ကုန်စွမ်းဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်မှု၊ ခေတ်မီကုန်ထုတ်လုပ်ငန်းစနစ်တည်ဆောက်မှု ရှိသော နောက်ဆုံးပေါ်အောင်မြင်မှုများကို ပြသနိုင်ခဲ့သည်။
ကျုံးကွမ်းချွမ်းသာမက နိုင်ငံတစ်ဝန်းလုံး၏ သိပ္ပံနည်းပညာအောင်မြင်မှုသစ်များ၏ ပုံရိပ်ငယ်အနေဖြင့် ကျုံးကွမ်းချွမ်းပြပွဲစင်တာသည် လာရောက်ကြည့်ရှုသူများကို တရုတ်နိုင်ငံ၏ သိပ္ပံနည်းပညာတိုးတက်မှု လက်ရှိအခြေအနေနှင့် အနာဂတ်အလားအလာအား သိရှိစေသလို တရုတ်နိုင်ငံ၏ ဆန်းသစ်တီထွင်မှု၏ လှုပ်ရှားမှုများသည် သက်ဝင်ထင်ရှားအားကောင်းလျက်ရှိသည်ကို ခံစားရစေသည်။ (Xinhua)
———————————–
(Chinese Version)
活力中国调研行|在中关村感受创新生机
2009年,国务院批复建设中关村国家自主创新示范区。2011年7月,中关村国家自主创新示范区展示交易中心(中关村展示中心)正式挂牌,成为集中展示北京及中关村自主创新成就的平台和窗口。 中关村展示中心常设展经过多次升级改造。当前的常设展于2025年3月改造完成,面积1万平方米。以“新质生产力看北京”为主题,设置改革赋能新质生产力、加大高质量科技供给、布局建设未来产业、培育壮大新兴产业、打造开放创新生态等5大展区,集中展示350多家在京科研机构、企业在人工智能+、商业航天、高端医疗器械等前沿科技领域的490多项技术、产品,展现北京市以科技创新引领新质生产力发展、建设现代化产业体系的最新成果。 作为中关村乃至全国科技创新成就的缩影,中关村展示中心让参观者了解中国科技发展现状与未来趋势,感受中国创新脉动的勃勃生机。
1. 新华社照片,北京,2025年6月21日 参观者在中关村展示中心参观展出的人形机器人产品(6月20日摄)。 新华社记者 鞠焕宗 摄
2. 参观者在中关村展示中心参观(6月20日摄)。新华社记者 鞠焕宗 摄
3. 参观者在商业航天区域了解展出的北京商业航天企业的产品(6月20日摄)。新华社记者 鞠焕宗 摄
4. 这是在中关村展示中心低空技术展台展出的无人机产品(6月20日摄)。新华社记者 鞠焕宗 摄
5. 参观者在商业航天区域了解展出的北京商业航天企业的产品(6月20日摄)。新华社记者 鞠焕宗 摄