International Organizations
၂၀၂၅ ခုနှစ် ဇွန် ၁၂ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ရီးရဲလ်မက်ဒရစ်နည်းပြ အလွန်ဆိုက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမား ၃၄ ဦး ရွေးချယ်
အမေရိကန်နိုင်ငံတွင် မကြာမီကျင်းပမည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရီးရဲလ်မက်ဒရစ် နည်းပြသစ်ဖြစ်သူ ဇာဘီ အလွန်ဆိုက ကစားသမား ၃၄ ဦး ပါဝင်သော လူစာရင်းအား ရွေးချယ်ခဲ့သည်။
နည်းပြအလွန်ဆိုမှာ အီဒါ မီလီတို၊ ဒါနီ ကာဗာဟယ်၊ ဖာလန်မန်ဒီ၊ အန်တိုနီယို ရူဒီဂါ၊ အက်ဒွါဒို ကာမာဗင်ဂါ စသည့် ဒဏ်ရာမှပြန်လည်သက်သာလာသော ကစားသမားများကို ထည့်သွင်းရွေးချယ်ခဲ့သည်။
လေဗာကူဆင် နည်းပြဟောင်းဖြစ်သူ အလွန်ဆိုက ကစားသမားသစ်များဖြစ်သည့် ဒင်းဟူဆန်နှင့် ထရန့် အလက်ဇန်းဒါး-အာနိုးတို့အပြင် ဘီအသင်းမှ ကစားသမား ၁၀ ဦးကိုလည်း ခေါ်ယူခဲ့သည်။
ကစားသမားသစ် အလက်ဇန်းဒါး-အာနိုးအား ကလပ်အသင်း၏ ဗာလ်ဒီဘီဘတ်စ် လေ့ကျင့်ရေးကွင်း၌ မီဒီယာများနှင့် တရားဝင်မိတ်ဆက်ပေးမည်ဟု ရီးရဲလ်မက်ဒရစ်က ထုတ်ပြန်ကြေညာထားသည်။
ရီးရဲလ်အနေဖြင့် ဇွန် ၁၂ ရက်၌ အမေရိကန်သို့ ထွက်ခွာမည်ဖြစ်ကာ အဖွင့်ပွဲစဉ်အဖြစ် မိုင်ယာမီမြို့တွင် ဇွန် ၁၈ ရက်၌ ဆော်ဒီကလပ် အယ်လ်-ဟီလာနှင့်လည်းကောင်း၊ ဇွန် ၂၂ ရက်၌ မက္ကဆီကိုကလပ် ပါချူကာနှင့်လည်းကောင်း၊ ဇွန် ၂၇ ရက်၌ ဩစတြီးယားကလပ် ဆဲဇ်ဘတ်အသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
…..
— နယ်သာလန်အသင်း၏ သွင်းဂိုးအများဆုံး ကစားသမားဖြစ်သူ ဗန်ပါစီ၏ ဂိုး ၅၀ စံချိန်ကို ဒီပိုင်း လိုက်မီ
၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲစဉ်အဖြစ် ဇွန် ၁၀ ရက် ညပိုင်းက ဂရိုနင်ဂျန်မြို့တွင် နယ်သာလန်နှင့် မော်လ်တာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ နယ်သာလန်က ၈ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး အဆိုပါပွဲစဉ်၌ နှစ်ဂိုးသွင်းယူနိုင်ခဲ့သည့် နယ်သာလန်တိုက်စစ်မှူး မမ်းဖစ်စ် ဒီပိုင်းမှာ အသင်း၏ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးဖြစ်သူ ရော်ဘင် ဗန်ပါစီနှင့် ဂိုးအရေအတွက်ချင်း တူညီသွားပြီဖြစ်သည်။
အသက် ၃၁ နှစ်အရွယ် ဒီပိုင်းမှာ မော်လ်တာအသင်းနှင့် ပွဲစဉ်၌ ပွဲကစားချိန် ၉ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် အဖွင့်ဂိုးသွင်းယူခဲ့သလို ပွဲချိန် ၁၆ မိနစ်တွင် ဒုတိယဂိုး ထပ်မံသွင်းယူနိုင်ခဲ့ရာ နယ်သာလန်အသင်းအတွက် ၎င်း၏ ၄၉ ဂိုးနှင့် ဂိုး ၅၀ မြောက် သွင်းဂိုးများကို ရယူနိုင်ခဲ့သဖြင့် အသင်း၏ သွင်းဂိုးအများဆုံး ကစားသမားဖြစ်သည့် ရော်ဘင်ဗန်ပါစီ၏ စံချိန်ကို လိုက်မီခဲ့ခြင်းဖြစ်သည်။
ဒီပိုင်းမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် တူကီယဲအသင်းအား ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်၌ နယ်သာလန်အတွက် ပွဲဦးထွက် ပါဝင်ကစားခဲ့ကာ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဩစတြေးလျအား ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်၌ နိုင်ငံအသင်းအတွက် ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့သည်။ ၎င်းအနေဖြင့် ၂၀၂၁ ခုနှစ်က နိုင်ငံအသင်းအတွက် ၁၇ ဂိုး သွင်းယူခဲ့ပြီး စံချိန်တင်ဂိုးသွင်းယူနိုင်သည့်နှစ် ဖြစ်ခဲ့သည်။
…..
— ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွင် ရိုမေးနီးယားက ဆိုက်ပရပ်စ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိ
၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု-H ပွဲစဉ်အဖြစ် ဇွန် ၁၀ ရက် ညနေခင်းက ရိုမေးနီးယားနှင့် ဆိုက်ပရပ်စ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရိုမေးနီးယားက ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ရိုမေးနီးယားအတွက် သွင်းဂိုးများကို ပထမပိုင်းပွဲကစားချိန် နှောင်းပိုင်းတွင် ဖလော်ရင် တာနက်ဆီနှင့် ဒန်းနစ်စ်မန်တို့က သွင်းယူခဲ့သဖြင့် ရိုမေးနီးယားအသင်း သက်သောင့်သက်သာ အနိုင်ရရှိခဲ့ပြီး အုပ်စုဗိုလ်နေရာအတွက် မျှော်လင့်ချက်ရှိနေဆဲဖြစ်သည်။
ပထမပိုင်းပွဲကစားချိန် ၄၃ မိနစ်တွင် မန်က တန်ပြန်တိုက်စစ်ကို လျင်လျင်မြန်မြန် စတင်ရာမှတစ်ဆင့် တာနက်ဆီက အဖွင့်ဂိုးသွင်းယူခဲ့သလို ပထမပိုင်းပြီးဆုံးခါနီးတွင် ဒန်းနစ်စ် ဒရာဂတ်စ်နှင့် ဝမ်းတူးတွဲလုံးမှတစ်ဆင့် မန်က တည်တည်ငြိမ်ငြိမ် အဆုံးသတ်၍ ဒုတိယဦးဆောင်ဂိုး သွင်းယူခဲ့သည်။
…..
— မန်စီးတီးအသင်းက ကလပ်ကမ္ဘာ့ဖလားအတွက် နယ်သာလန်ကွင်းလယ်လူ ရိုင်နာစ်ကို အချိန်မီခေါ်ယူနိုင်ခဲ့
ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီးအသင်းက ယခုနွေရာသီ၌ စတုတ္ထမြောက် ကစားသမားခေါ်ယူမှုအဖြစ် အေစီမီလန်အသင်းမှ နယ်သာလန်လက်ရွေးစင် ကွင်းလယ်လူ တိုင်ဂျန်နီ ရိုင်နာစ်အား ခေါ်ယူနိုင်ခဲ့ကြောင်း ဇွန် ၁၁ ရက်က အတည်ပြုကြေညာခဲ့သည်။
ရိုင်နာစ်၏ ပြောင်းရွှေ့ကြေးမှာ ပေါင် ၄၆.၅ သန်း (ဒေါ်လာ ၆၃ သန်း) ဖြစ်ပြီး ငါးနှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။
မန်စီးတီးအနေဖြင့် လိုင်ယွန်အသင်းမှ ရာယန် ချာကီကို ခေါ်ယူခဲ့ပြီး မကြာမီမှာပင် အသက် ၂၆ နှစ်အရွယ် ရိုင်နာစ်ကို ထပ်မံခေါ်ယူခဲ့ခြင်းဖြစ်ကာ ဇွန် ၁၀ ရက် ညနေခင်း၌ အပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းပြီးမှသာ ယခုအပြောင်းအရွှေ့ကို ကြေညာနိုင်ခဲ့သော်လည်း ၎င်းအနေဖြင့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း အသင်းက အခိုင်အမာပြောဆိုထားသည်။
မန်စီးတီးနည်းပြ ပက်ပ်ဂွါဒီယိုလာအနေဖြင့် နွေရာသီအပြောင်းအရွှေ့ကာလ အစောပိုင်းမှာပင် အသင်းအတွက် လူအင်အားဖြည့်တင်းမှုများကို အကြိတ်အနယ် လုပ်ဆောင်ခဲ့ပြီး ဘယ်နောက်ခံလူ ရာယန် အေ့ထ်နူရီ၊ ဂိုးသမား မားကက်စ် ဘက်တီနယ်လီတို့ကိုလည်း ခေါ်ယူထားပြီးဖြစ်သည်။ (Xinhua)
…………………….
(English Version)
Real Madrid coach Alonso names 34-man squad for Club World Cup
New Real Madrid coach Xabi Alonso has named a 34-player squad for the upcoming FIFA Club World Cup in the United States.
Alonso has included several players recovering from injury, such as Eder Militao, Dani Carvajal, Ferland Mendy, Antonio Rudiger and Eduardo Camavinga.
The former Bayer Leverkusen manager has also called up new signings Dean Huijsen and Trent Alexander-Arnold, along with 10 players from the club’s B-team.
Real Madrid also announced that Alexander-Arnold will be officially presented to the press on Thursday at the club’s Valdebebas training ground.
The team is set to fly to the U.S. on Thursday. Real Madrid opens the tournament against Saudi Arabia’s Al-Hilal on June 18 in Miami, followed by matches against Mexico’s Pachuca on June 22 and Austria’s RB Salzburg on June 27.
…..
Depay equals Van Persie as Netherlands’ all-time top scorer with 50 goals
Memphis Depay on Tuesday night netted twice for the Netherlands in the 2026 FIFA World Cup qualifier against Malta (8-0) in Groningen and equaled Robin van Persie as Dutch all-time top scorer.
The 31-year-old opened the scoring against Malta with a penalty in the 9th minute and in the 16th minute he smashed home the second goal. With his 49th and 50th goal for his country, he equaled all-time top scorer Robin van Persie.
Depay debuted for the Netherlands against Türkiye (2-0 win) in October 2013 and produced his first goal at the 2014 World Cup against Australia (3-2 win). His record year was 2021 with 17 goals for his country.
…..
Romania defeats Cyprus 2-0 in World Cup qualifier
Romania secured a 2-0 victory over Cyprus on Tuesday evening at the National Arena in Bucharest in Group H of the 2026 FIFA World Cup qualifiers.
Goals from Florin Tanase and Dennis Man late in the first half were enough to hand Romania a comfortable win, keeping it in contention for a top spot in the group.
Tanase opened the scoring in the 43rd minute after a swift counterattack initiated by Man. Just before halftime, Man doubled the lead with a composed finish following a one-two with Denis Dragus.
…..
Man City makes late Reijnders signing in time for Club World Cup
Manchester City completed the club’s fourth signing of the summer on Wednesday with the announcement that Dutch international midfielder Tijjani Reijnders has joined from AC Milan.
Reijnders costs 46.5 million pounds (63 million U.S. dollars) and has agreed a five-year deal.
The 26-year-old arrives soon after City completed the signing of Rayan Cherki from Olympique Lyon, and the club insists he will be able to play in the forthcoming FIFA Club World Cup, although the announcement of his arrival was made after the transfer window closed on Tuesday evening.
City coach Pep Guardiola has also seen left back Rayan Ait Nouri and goalkeeper Marcus Bettinelli added to his squad in a busy start to the summer.