Africa & Middle East
အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် အီရန်က အစ္စရေးအား တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်

တီဟီရန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)
အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ် (IRGC) က အစ္စရေးအား ဒုံးကျည်နှင့် ဒရုန်းအစင်းရေ အများအပြားဖြင့် တိုက်ခိုက်သော အကြီးစား ပူးပေါင်းစစ်ဆင်ရေးတစ်ရပ်ကို ဇွန် ၁၄ ရက် ညပိုင်းက လုပ်ဆောင်ခဲ့သည်ဟု IRGC ၏ တရားဝင်သတင်းဌာန Sepah News က ဖော်ပြခဲ့သည်။
IRGC ၏ အာကာသနှင့်လေကြောင်းတပ်မက ယင်းတိုက်ခိုက်မှုအား လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ အီရန်အပေါ် အစ္စရေး၏ “အကြိမ်ကြိမ် ကျူးကျော်ရန်စမှု” ကို လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု အဆိုပါ သတင်းဌာနက ဖော်ပြခဲ့သည်။
အစ္စရေးနိုင်ငံ မြောက်ပိုင်း ရပ်ကွက်တစ်ခုရှိ လူနေအဆောက်အအုံတစ်လုံးအား ဒုံးကျည်ထိမှန်ခဲ့သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အစ္စရေး၏ အမျိုးသား အရေးပေါ်ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့ Magen David Adom (MDA) ၏ အဆိုအရ သိရသည်။ အခြားသူအချို့မှာ မပြင်းထန်သော ဒဏ်ရာများနှင့် အသေးစားဒဏ်ရာများ ရရှိခဲ့ပြီး ထိတ်လန့်တုန်လှုပ်နေသူ လေးဦးကိုလည်း စောင့်ရှောက်ပေးလျက်ရှိကြောင်း MDA က ဆိုသည်။
အီရန်က တိုက်ခိုက်မှုများ စတင်လုပ်ဆောင်ချိန်မှစ၍ လူ ၃ ဦးထက်မနည်း သေဆုံးကာ လူ ၂၀၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယင်းနေ့အစောပိုင်းတွင် MDA က သတင်းထုတ်ပြန်ခဲ့သည်။
လတ်တလော တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားပြီးနောက် ဟိုင်ဖာနှင့် မြောက်ပိုင်းဒေသများ၏ အပြင်ဘက်၌ နေထိုင်သူများအနေဖြင့် ဗုံးခိုကျင်းများထဲမှ ထွက်လာနိုင်ပြီဖြစ်သော်လည်း ကာကွယ်စောင့်ရှောက်ခံ နယ်မြေများအနီး၌သာ ဆက်လက်နေထိုင်ကြရန် အစ္စရေးကာကွယ်ရေးတပ်၏ ပြည်သူ့ကာကွယ်ရေးဆိုင်ရာ စစ်ဒေသကွပ်ကဲမှုဌာနချုပ်က အကြုံပြုခဲ့သည်။
အစ္စရေး၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များက ဒုံးကျည်များ ဝင်ရောက်လာမှုကို ထိရောက်စွာ ကြားဖြတ်ပစ်ချလျက်ရှိသကဲ့သို့ အစ္စရေးလေတပ် တပ်ဖွဲ့များကလည်း တီဟီရန်မြို့ရှိ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု အစ္စရေးစစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။
အီရန်စွမ်းအင်ဝန်ကြီးဌာနက အစ္စရေး၏ တိုက်ခိုက်မှုများအတွင်း တီဟီရန်ရှိ ရေနံသိုလှောင်ရုံနှစ်ရုံ ထိမှန်ခဲ့သည်ဟု အတည်ပြုခဲ့ပြီး မြို့ခံများကလည်း တီဟီရန်၌ ပြင်းထန်သော ပေါက်ကွဲမှုကြီးနှစ်ခု ဖြစ်ပွားခဲ့ကာ နိုင်ငံအနောက်ပိုင်းနှင့် မြောက်ပိုင်း ခရိုင်များတွင် ပေါက်ကွဲမှုဒဏ်ကို ခံစားခဲ့ရသည်ဟု ဆိုသည်။ လက်ရှိတွင် အခြေအနေကို ထိန်းချုပ်နိုင်ပြီဟု အီရန်စွမ်းအင်ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထိုစဉ် အီရန်၏ ဒုံးကျည်များဖြင့် တရစပ်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဂျော်ဒန်နိုင်ငံက ဇွန် ၁၄ ရက် နှောင်းပိုင်းတွင် ၎င်း၏ ဝေဟင်ပိုင်နက်ကို ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။ မြို့ပြလေကြောင်းကဏ္ဍ လုံခြုံမှုရှိရေးအတွက် ထိုသို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဂျော်ဒန် မြို့ပြလေကြောင်းကဏ္ဍ ကြီးကြပ်ရေးကော်မရှင်က ကြေညာခဲ့သည်။
ဇွန် ၁၃ ရက် အစောပိုင်းက တီဟီရန်နှင့် အခြားမြို့များကို ပစ်မှတ်ထား၍ အစ္စရေးက လေကြောင်းမှတိုက်ခိုက်ခဲ့ခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် အီရန်က တန်ပြန်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အကြီးတန်းတပ်မှူးများနှင့် နျူကလီးယားသိပ္ပံပညာရှင် အများအပြားအပြင် အရပ်သား ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့သည်ဟု အီရန်အာဏာပိုင်များက ပြောကြားခဲ့သည်။ (Xinhua)
………………………
(English Version)
Iran launches new wave of attacks on Israel in response to Israeli airstrikes: official media
TEHRAN, June 14 (Xinhua) — Iran’s Islamic Revolution Guards Corps (IRGC) launched late Saturday night a “large-scale combined offensive operation” against Israel, involving a significant number of missiles and drones, the IRGC’s official news outlet Sepah News reported.
The IRGC’s aerospace division carried out the attack, stating it was in response to Israel’s “repeated aggressions” against Iran, according to Sepah.
In Israel, a rocket struck a residential building in a northern community, killing one woman and injuring 13 others, according to Magen David Adom (MDA), Israel’s national emergency medical service. Several others sustained moderate to light injuries, and four individuals were treated for anxiety, MDA said.
Earlier in the day, MDA reported that at least three people had been killed and 204 others injured since the beginning of the Iranian offensive.
Following the latest wave of attacks, Israel’s Home Front Command advised residents outside the Haifa and northern regions that they could exit bomb shelters but should remain close to protected areas.
The Israeli military stated that its air defense systems were actively intercepting incoming projectiles, while Israeli air force units were carrying out strikes on military targets in Tehran.
Iran’s Ministry of Petroleum confirmed that two oil depots in Tehran were hit during the attacks. Residents reported two powerful explosions in the capital, with blasts felt in both the western and northern districts. The ministry said the situation was “under control.”
Meanwhile, Jordan temporarily closed its airspace late Saturday as a precautionary measure following the Iranian missile barrage. The country’s Civil Aviation Regulatory Commission announced that the step was taken to ensure the safety of civil aviation.
The Iranian offensive came in retaliation for Israeli airstrikes conducted early Friday, which targeted Tehran and several other cities. Iranian authorities said the Israeli strikes resulted in the deaths of multiple senior military commanders, nuclear scientists, and dozens of civilians.
English Caption
Missile traces are seen above the city of Hebron in the southern West Bank during Iran’s missile attacks against Israel, on June 13, 2025. (Photo by Mamoun Wazwaz/Xinhua)