Asia
တရုတ်နိုင်ငံ၏ ဈေးကွက်နှင့် တံခါးဖွင့်လှစ်မှုက တောင်အာရှအတွက် အရေးပါသော ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို ဖန်တီးပေးဟု ပါကစ္စတန် စီးပွားရေးလုပ်ငန်း အကြီးအကဲ ပြော

အစ္စလာမ်မာဘတ်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့၌ မကြာမီကျင်းပမည့် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲမှာ ဒေသတွင်း ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ကြီးကြီးမားမား အထောက်အကူပြုကြောင်း၊ ကမ္ဘာလုံးဆိုင်ရာစီးပွားရေး မရေရာမှုများကြား တရုတ်-တောင်အာရှ ပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်းရှိရန် အရေးကြီးကြောင်း ပါကစ္စတန် ထိပ်တန်းစီးပွားရေး ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ ကုန်စည်ပြပွဲ၏ အကျိုးကျေးဇူးကြောင့် တောင်အာရှနိုင်ငံများအနေဖြင့် တရုတ်နိုင်ငံ၏ ကြီးမားသော စားသုံးသူဈေးကွက်နှင့် ထောက်ပံ့ကွင်းဆက်များဆီသို့ ပြိုင်ဘက်ကင်းစွာ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း Dairy Solution ပုဂ္ဂလိကကုမ္ပဏီလီမိတက်၏ အမှုဆောင်ချုပ်နှင့် လာဟိုး ကုန်သည်၊ စက်မှုလုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဆိုင်ယက်ဒ် ဟာဆန်ရာဇာက ဆင်ဟွာသတင်းဌာနနှင့် အင်တာဗျူးတစ်ခု၌ ပြောကြားခဲ့သည်။
“ကမ္ဘာ့အကြီးဆုံး အွန်လိုင်းလက်လီဈေးကွက်နဲ့ ပို့ကုန်ဈေးကွက်တစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံဟာ အဓိကအားဖြင့် လယ်ယာစိုက်ပျိုးရေး၊ နို့ထွက်ပစ္စည်းနှင့် စားသောက်ကုန်လုပ်ငန်း အပါအဝင် တောင်အာရှက စီးပွားရေးလုပ်ငန်းတွေအတွက် အလွန်ကြီးမားတဲ့ အခွင့်အလမ်းတွေကို ဆောင်ကြဉ်းပေးပါတယ်” ဟု ရာဇာက ဆိုသည်။
တရုတ်နိုင်ငံ၏ စဉ်ဆက်မပြတ် စီးပွားရေးတိုးတက်မှုနှင့် အဆင့်မြင့် တံခါးဖွင့်လှစ်ရေးမူဝါဒများကို ၎င်းက ချီးကျူးခဲ့ပြီး ထိုမူဝါဒများမှာ ငြိမ်းချမ်းမှု၊ ဆန်းသစ်တီထွင်မှု၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုတို့ကို အားပေးမြှင့်တင်သော အနာဂတ်ကိုမျှော်တွေးသည့် ချဉ်းကပ်မှုဖြစ်သည်ဟု ဆိုသည်။ အရည်အသွေးမြင့် ကုန်ပစ္စည်းများ တင်သွင်းမှု တိုးမြှင့်မည့် တရုတ်နိုင်ငံ၏ အစီအမံများက ပါကစ္စတန်ကဲ့သို့ စီးပွားရေးထွန်းသစ်စနိုင်ငံများ ခေတ်မီအသွင်ပြောင်း၍ တိုးတက်ရေးအတွက် လမ်းကြောင်းသစ်များကို ဖွင့်လှစ်ပေးလျက်ရှိသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲအား ကူမင်းမြို့တွင် ဇွန် ၁၉ ရက်မှ ၂၄ ရက်အထိ ကျင်းပမည်ဖြစ်ရာ ပါကစ္စတန် စီးပွားရေးလုပ်ငန်းများအနေဖြင့် ထိုကုန်စည်ပြပွဲမှတစ်ဆင့် ပို့ကုန်တိုးမြှင့်ကာ ရေရှည်မိတ်ဖက်ဆက်ဆံရေး ခိုင်မာအောင်လုပ်ဆောင်ရန် စိတ်အားထက်သန်လျက်ရှိကြောင်း ရာဇာက ဆိုသည်။
စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ကွင်းဆက်များနှင့် စပ်လျဉ်း၍ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုမှာ အလွန်အရေးပါကြောင်း ၎င်းက ပြောကြားခဲ့ပြီး တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများ၏ အတွဲအဖက်ညီသော စွမ်းအားများကို မီးမောင်းထိုးပြခဲ့သည်။
“တရုတ်နိုင်ငံရဲ့ နည်းပညာနဲ့ ထောက်ပံ့ပို့ဆောင်ရေး ကျွမ်းကျင်မှုတွေကို တောင်အာရှရဲ့ လုပ်သား၊ အရင်းအမြစ်အင်အားနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ပိုမိုကြံ့ကြံ့ခံနိုင်စွမ်းရှိပြီး အားလုံးပါဝင်နိုင်တဲ့ ဒေသတွင်း ကုန်ထုတ်လုပ်မှု ကွင်းဆက်တွေကို ဖန်တီးနိုင်ပါလိမ့်မယ်” ဟု ၎င်းက အလေးအနက်ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/4ow

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဂွါဒါမြို့ရှိ ဂွါဒါဆိပ်ကမ်းအား ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………..
(English Version)
China’s market, openness offer vital growth opportunities for South Asia: Pakistani business leader
ISLAMABAD, June 15 (Xinhua) — The upcoming China-South Asia Expo in Kunming, South China’s Yunnan province, serves as a powerful catalyst for regional trade, investment, and technological collaboration, said a leading Pakistani business representative, emphasizing the importance of deepening China-South Asia cooperation amid global economic uncertainty.
In an interview with Xinhua, Syed Hasan Raza, CEO of Dairy Solution Pvt Ltd and executive member of the Lahore Chamber of Commerce and Industry, said the expo provides South Asian countries with unparalleled access to China’s vast consumer market and supply chains.
“As one of the world’s largest online retail and import markets, China offers tremendous opportunities for businesses in South Asia, especially in sectors like agriculture, dairy, and food processing,” Raza said.
He praised China’s consistent economic progress and high-level opening-up policies, calling them “a forward-looking approach that promotes peace, innovation, and sustainable development.” He said Chinese initiatives to boost imports of high-quality goods are opening new avenues for emerging economies such as Pakistan to modernize and grow.
The 2025 China-South Asia Expo will be held in Kunming from June 19 to June 24. Raza said Pakistani businesses are keen to expand exports and forge long-term partnerships through the event.
Highlighting the complementary strengths of China and South Asian nations, Raza said regional cooperation in industrial and supply chains is vital.
“China’s technology and logistics expertise, combined with South Asia’s labor and resource base, can create more resilient and inclusive regional value chains,” he noted. xhtxs.cn/4ow
English Caption 1
A drone photo taken on June 23, 2024 shows a view of Rashakai Special Economic Zone under the China-Pakistan Economic Corridor in Nowshera, Pakistan’s northwest Khyber Pakhtunkhwa (KP) province. (Xinhua/Ahmad Kamal)
English Caption 2
This photo taken on Sept. 18, 2024 shows a view of the Gwadar port in Gwadar, southwest Pakistan. (Xinhua/Ahmad Kamal)