International Organizations
၂၀၂၅ ခုနှစ် ဇွန် ၁၅ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်၌ အင်တာမိုင်ယာမီနှင့် အယ်လ်အာလီ ဂိုးမရှိသရေကျ
ဇွန် ၁၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်၌ အင်တာမိုင်ယာမီနှင့် အယ်လ်အာလီအသင်းတို့ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့ပြီး ပွဲကစားချိန် ပထမပိုင်းတွင် အယ်လ်အာလီအသင်း ပင်နယ်တီရရှိခဲ့သော်လည်း အီဂျစ်လက်ရွေးစင်တိုက်စစ်မှူး ထရက်ဇီဂေး လွဲချော်ခဲ့သည်။
မိုင်ယာမီမြို့ရှိ ဟာ့ဒ်ရော့ခ် အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါပွဲစဉ်၌ အယ်လ်အာလီက ပွဲချိန်အစောပိုင်းတွင် ပိုမိုဖိအားပေးနိုင်ခဲ့သော်လည်း ကိုင်ရိုအခြေစိုက်အသင်း၏ ဂိုးကန်သွင်းမှုများကို အင်တာမိုင်ယာမီဂိုးသမား အော်စကာ အူစတာရီ လက်စွမ်းပြကာကွယ်နိုင်ခဲ့သည်။
ဘလွန်းဒီအောဆု (Ballon d’Or) ရှစ်ဆုရှင် မက်ဆီက ပြိုင်ဘက်ခံစစ်၏ နေရာလွတ်ကြားမှ နောက်ခံလူ နိုအာ အယ်လ်လန်ဆီ ဘောလုံးပေးပို့နိုင်ခဲ့သော်လည်း အယ်လ်လန်၏ကန်ချက်ကို ဂိုးသမား မိုဟာမက် အယ်လ်ရှီနာဝီ အကောင်းဆုံးကာကွယ်နိုင်ခဲ့သည်။
ပွဲကစားချိန် မိနစ် ၃၀ တွင် အယ်လ်အာလီအသင်းမှ အဘူအလီ၏ကန်ချက် ဂိုးဝင်သွားသော်လည်း လူကျွံဘောသတ်မှတ်ခံရသဖြင့် အင်တာမိုင်ယာမီအသင်း ဦးဆောင်ဂိုးခွင့်မပြုခဲ့ရခြင်းဖြစ်သည်။
မက်ဆီမှာ ပွဲကစားချိန် ကြာမြင့်လာသည်နှင့်အမျှ ပိုမိုခြေစွမ်းပြလာခဲ့ပြီး ဖလော်ရီဒါကလပ် အင်တာမိုင်ယာမီက ပွဲကိုပြန်လည်စိုးမိုးနိုင်ခဲ့သည်။ ဘာစီလိုနာနှင့် ပီအက်စ်ဂျီ ကစားသမားဟောင်းဖြစ်သူ မက်ဆီ၏ ၁၈ ကိုက်စည်းအစပ်နားမှ အပြင်းကန်ချက်ကို အယ်လ်ရှီနာဝီ ထပ်မံကာကွယ်နိုင်ခဲ့သလို ၃၅ ကိုက်အကွာမှ အလွတ်တည်ကန်ဘော အနိမ့်ကန်ချက်မှာလည်း ဂိုးတိုင်ဘေးမှထွက်သွားခဲ့သည်။
အင်တာမိုင်ယာမီအနေဖြင့် အတ္တလန်တာမြို့တွင် ဇွန် ၁၉ ရက်၌ ပေါ်တိုအသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သလို အယ်လ်အာလီအသင်းမှာလည်း ထိုနေ့၌ပင် နယူးဂျာစီပြည်နယ်တွင် ပါလ်မီးရက်စ်နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
…..
— ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအား အင်တာမီလန်တိုက်စစ်မှူး တာရီမီ လွဲချော်ဖွယ်ရှိ
အင်တာမီလန်အသင်းမှ အီရန်တိုက်စစ်မှူး မာဒီ တာရီမီမှာ ၎င်း၏မိခင်နိုင်ငံမှ ထွက်ခွာနိုင်ခြင်း မရှိသည့်အတွက် အင်တာမီလန်အသင်းမှာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၎င်းမပါဘဲ ယှဉ်ပြိုင်ကစားရနိုင်ကြောင်း မီဒီယာများက ဖော်ပြလျက်ရှိသည်။
အစ္စရေး-အီရန် ပဋိပက္ခဖြစ်ပွားမှုက တာရီမီ ပြည်ပသို့ထွက်ခွာမည့် အစီအစဉ်ကို ပျက်ပြယ်စေခဲ့ခြင်းဖြစ်သည်ဟု အီတလီသတင်းဌာန Gazzetta dello Sport က ဖော်ပြခဲ့သည်။
တာရီမီမှာ ဇွန် ၁၀ ရက်၌ အီရန်က မြောက်ကိုရီးယားကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်၌ ပါဝင်ကစားခဲ့ပြီး ဒုတိယဂိုးသွင်းယူခဲ့ကာ ၎င်းအနေဖြင့် အင်တာမီလန်အသင်းဖော်များနှင့် ပူးပေါင်းရန် လော့စ်အိန်ဂျလိစ်မြို့သို့ ထွက်ခွာရမည်ဖြစ်သည်။ အင်တာမီလန်အသင်းမှာ အုပ်စု-E တွင် မွန်တာရေး၊ ရေးဗားပလိတ်၊ အူရာဝါရက်စ်အသင်းတို့နှင့် တစ်အုပ်စုတည်းတွင် ကျရောက်နေသည်။
…..
— Queen’s Club Championships တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်၌ အိုလံပစ်ချန်ပီယံ ကျိန့်ချင်းဝန် ရှုံးနိမ့်
လန်ဒန်မြို့တွင် ဇွန် ၁၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် Queen’s Club Championships တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ်ပွဲစဉ်၌ အိုလံပစ်ချန်ပီယံ ကမ္ဘာ့အဆင့်-၅ တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန်က အမေရိကန်တင်းနစ်မယ် အာမန်ဒါ အန်နစ်ဆီမိုဗာအား ၆-၂၊ ၄-၆၊ ၆-၄ ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။
အသက် ၂၂ နှစ်အရွယ် ကျိန့် (ဆီဒင်-၁) မှာ ယခုပွဲစဉ်၌ ၎င်း၏အကောင်းဆုံးလက်စွမ်းကို ပြသနိုင်ခဲ့ခြင်းမရှိဘဲ ပထမစပေးဘောများတွင် ရုန်းကန်ခဲ့ရသည်သာမက unforced errors အများအပြားလည်း ပြုလုပ်မိခဲ့သည်။ ကျိန့်အနေဖြင့် ဒုတိယပွဲလတ်တွင် အနိုင်ပြန်ယူခဲ့ပြီး ပြိုင်ဘက်ဖြစ်သူ ကမ္ဘာ့အဆင့်-၁၅ အန်နစ်ဆီမိုဗာမှာလည်း ၎င်း၏စပေးဘောအလှည့်များတွင် ရုန်းကန်နေရသော်လည်း WTA 500 ပြိုင်ပွဲအမျိုးအစား မြက်ခင်းကွင်းပြိုင်ပွဲ၌ အန်နစ်ဆီမိုဗာကို အနိုင်ယူကျော်ဖြတ်နိုင်ရန် လုံလောက်သည့် စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ခြင်းမရှိပေ။
ဇွန် ၁၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အခြားဆီမီးဖိုင်နယ်ပွဲစဉ်၌ ကလေးနှစ်ဦး၏ မိခင်ဖြစ်သူ အသက် ၃၇ နှစ်အရွယ် ဂျာမန်တင်းနစ်မယ် တာတီယာနာ မာရီယာက ဩစတြေးလျအိုးပင်းချန်ပီယံ မက်ဒီဆင်ကီးစ်အား အနိုင်ရရှိခဲ့သဖြင့် ဇွန် ၁၅ ရက်၌ အန်နစ်ဆီမိုဗာနှင့် ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
…..
— မြူးနစ်မြို့၌ ကျင်းပသည့် ISSF ကမ္ဘာ့ဖလား ကျား၊မ နှစ်ယောက်တွဲပြိုင်ပွဲတွင် တရုတ်ကစားသမားများ ရွှေတံဆိပ်ဆုနှင့် ငွေတံဆိပ်ဆု ဆွတ်ခူး
ISSF ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မြူးနစ်မြို့တွင် ဇွန် ၁၃ ရက်က ကျင်းပပြီးစီးသွားပြီဖြစ်ရာ ၁၀ မီတာ လေသေနတ်ပစ်ပြိုင်ပွဲ (ပစ္စတို) ကျား၊မ နှစ်ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲတွင် တရုတ်သေနတ်ပစ် အားကစားသမားများဖြစ်သည့် Yao Qianxun နှင့် Hu Kai တို့က ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သလို ၁၀ မီတာ လေသေနတ်ပစ်ပြိုင်ပွဲ ကျား၊မ နှစ်ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲတွင်လည်း Wang Zifei နှင့် Sheng Lihao တို့က ငွေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။
သက်ဆိုင်ရာ တစ်ဦးချင်းပြိုင်ပွဲတွင် ကမ္ဘာ့စံချိန်တင်နိုင်ခဲ့သည့် Wang နှင့် Sheng တို့မှာ လက်ရည်စစ်ပွဲအဆင့်၌ ရမှတ် ၆၃၅.၉ မှတ်ဖြင့် ကမ္ဘာ့စံချိန်သစ်တင်ကာ ဦးဆောင်နိုင်ခဲ့ပြီး ယခင်စံချိန်အား ၀.၁ မှတ်အသာဖြင့် ချိုးဖျက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကစားသမားနှစ်ဦးမှာ ဗိုလ်လုပွဲတွင်လည်း စွမ်းဆောင်ရည်ကောင်းများ ပြသခဲ့သည့်တိုင် အိန္ဒိယကစားသမားနှစ်ဦးဖြစ်သည့် Arya Borse နှင့် Arjun Babuta တို့ထက် သာလွန်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိသဖြင့် ငွေတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ (Xinhua)
……………….
(English Version)
Al Ahly, Inter Miami draw in goalless FIFA Club World Cup opener
Egypt international forward Trezeguet missed a first-half penalty as Al Ahly drew 0-0 with Inter Miami in the opening match of the FIFA Club World Cup here on Saturday.
Al Ahly looked more dangerous early at Hard Rock Stadium in Miami but the Cairo-based side was denied by a series of fine saves from Oscar Ustari.
The eight-time Ballon d’Or winner then delivered a defense-splitting pass for Noah Allen, only for the defender to be beaten to the ball by the onrushing goalkeeper Mohamed El Shenawy.
Inter Miami was lucky not to go 1-0 down in the 30th minute when Abou Ali slotted the ball into the back of the net only to be flagged for a marginal offside.
Messi looked more threatening as the game progressed as the Florida club began dictating terms. The former Barcelona and Paris Saint-Germain star forced another smart save from El Shenawy with a venomous effort from the edge of the 18-yard box before curling a low 35-yard free-kick around the well and into the side netting.
Inter Miami’s next match will be against Porto in Atlanta on June 19 while Al Ahly will face Palmeiras in New Jersey the same day.
…..
Inter Milan likely to miss forward Taremi for Club World Cup
Inter Milan could be without striker Mehdi Taremi for the Club World Cup as the player has been unable to leave Iran, it was reported.
Italian media outlet La Gazzetta dello Sport reported that the outbreak of the conflict between Israel and Iran has interrupted Taremi’s travel plans.
Taremi played in Iran’s 3-0 win at home to DPR Korea on June 10th scoring the second goal in the World Cup qualifier and he was due to travel to Los Angeles to join with his Inter team-mates. Inter Milan is in Group E alongside Monterrey, River Plate and Urawa Reds.
…..
Olympic champion Zheng defeated in semifinals at Queen’s club
China’s Olympic champion Zheng Qinwen ended her journey at the Queen’s Club Championships as the world No. 5 lost to American Amanda Anisimova 6-2, 4-6, 6-4 in the women’s singles semifinals here on Saturday.
The 22-year-old Zheng was obviously not in her best form as she not only struggled in her first serves but also made many unforced errors. Although she managed to level the match while world No. 15 Anisimova also struggled in her own serving games in the second set, the top seed of the WTA 500 grass-court event was not good enough to outplay Anisimova.
Anisimova will face German qualifier Tatjana Maria in Sunday’s final as the 37-year-old mom of two beat Australian Open champion Madison Keys on Saturday.
…..
China takes gold, silver in mixed team events at ISSF World Cup in Munich
Chinese shooters Yao Qianxun and Hu Kai clinched the 10m air pistol mixed team gold medal, while Wang Zifei and Sheng Lihao added a silver in the 10m air rifle mixed team as the ISSF World Cup Munich leg concluded on Friday.
Wang and Sheng, world record holders in their respective individual event, led the qualification round with a new world record score of 635.9 points, edging the previous mark by 0.1. The pair then delivered a solid performance in the final but fell short against India’s Arya Borse and Arjun Babuta, settling for silver.