International Organizations
၂၀၂၅ ခုနှစ် ဇွန် ၁၆ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပီအက်စ်ဂျီက အက်သလက်တီကိုကို ဂိုးပြတ်အနိုင်ရရှိ
အမေရိကန်နိုင်ငံ ပက်ဆာဒီနာမြို့ရှိ Rose Bowl အားကစားကွင်း၌ ဇွန် ၁၅ ရက်က ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်တစ်ပွဲအဖြစ် ပီအက်စ်ဂျီနှင့် အက်သလက်တီကိုမက်ဒရစ်တို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပူပူနွေးနွေး ချန်ပီယံလိဂ်ချန်ပီယံ ပီအက်စ်ဂျီက ၄ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး နိုင်ပွဲဖြင့် ဖွင့်လှစ်နိုင်ခဲ့သည်။
ပြင်သစ်ကလပ် ပီအက်စ်ဂျီက ပထမပိုင်းတွင် ပွဲကိုစိုးမိုးထားခဲ့ကာ ဒုတိယပိုင်းတွင် အက်သလက်တီကိုက အနည်းငယ် ကစားပုံပိုကောင်းလာသော်လည်း အပိုင်အခွင့်အရေးတစ်ကြိမ်သာ ဖန်တီးနိုင်ခဲ့ပြီး ထိုအခွင့်အရေးကိုလည်း အသုံးမချနိုင်ခဲ့သဖြင့် ပီအက်စ်ဂျီက ပွဲပြီးခါနီးတွင် အနိုင်သေချာစေမည့်ဂိုးများကို ထပ်မံသွင်းယူနိုင်ခဲ့သည်။
“ကျွန်တော်တို့ဟာ ဒီရာသီမှာ သမိုင်းသစ်ရေးထိုးနိုင်ဖို့ ရည်မှန်းချက်ထားပေမဲ့ ဒါက ကဏ္ဍသစ်တစ်ခုပါပဲ” ဟု ပီအက်စ်ဂျီနည်းပြ လူးဝစ်စ် အန်နရီကေးက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ခဗစ်ချာ ကဗာရတ်စကီလီယာက ဘယ်ခြမ်းမှ တောက်လျှောက်ဖိအားပေးနိုင်ခဲ့ပြီး အက်သလက်တီကိုဂိုးသမား ဂျန်အော့ဘလက်ခ်မှာ ၎င်း၏ကန်ချက်ကို စောစောစီးစီး ကာကွယ်ခဲ့ရသလို ပွဲကစားချိန် ၁၉ မိနစ်တွင် ဖာဘီယန် ရူအီဇ်က အဖွင့်ဂိုးသွင်းယူနိုင်ခဲ့သည်။
ထို့နောက် ပထမပိုင်းမပြီးဆုံးမီတွင် ပီအက်စ်ဂျီဂိုးသမား၏ လျင်လျင်မြန်မြန် တန်ပြန်တိုက်စစ် စတင်မှုမှတစ်ဆင့် လူကပ်ခံရခြင်းမရှိသည့် ဗီတင်ညာက ဒုတိယဦးဆောင်ဂိုး သွင်းယူခဲ့သည်။
ပုံမှန်ပွဲကစားချိန်ပြီးဆုံးရန် ၁၀ မိနစ်အလိုတွင် အက်သလက်တီကိုအသင်း၏ လူစားဝင်ကစားသမား အလက်ဇန်းဒါး ဆောလော့သ် အပိုင်အခွင့်အရေးကို ဖြုန်းတီးပစ်ခဲ့သည်။ ထို့နောက် ပွဲကစားချိန် ၈၇ မိနစ်တွင် ပီအက်စ်ဂျီ၏ ဖြတ်တင်ဘောပေးပို့မှုကို အက်သလက်တီကိုခံစစ် ရှင်းမထုတ်နိုင်စဉ် ဆန်နီ မာယူလူက ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့သဖြင့် ပီအက်စ်ဂျီက ၃-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။
နာကျင်အချိန်ပို၌ အက်သလက်တီကို ဂိုးဧရိယာထဲတွင် ရော်ဘင် လီနော်မန် လက်ထိမိသဖြင့် ပီအက်စ်ဂျီအသင်း ပင်နယ်တီရရှိခဲ့ရာ ကန်အင်းလီက စတုတ္ထအနိုင်ဂိုး သွင်းယူနိုင်ခဲ့သည်။
…..
— စပယ်လက်တီ ထွက်ခွာသွားပြီးနောက် ဂတ်တူဆိုအား နည်းပြသစ်အဖြစ် အီတလီအသင်း ခန့်အပ်
အီတလီလက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ် အေစီမီလန် ကွင်းလယ်ကစားသမားဟောင်းဖြစ်သူ ဂျန်နာရို ဂတ်တူဆိုကို ခန့်အပ်လိုက်ကြောင်း အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) က ဇွန် ၁၅ ရက်၌ အတည်ပြုကြေညာခဲ့သည်။ နည်းပြဟောင်း လူစီယာနို စပယ်လက်တီ အသင်းမှထွက်ခွာသွားပြီး ရက်ပိုင်းအကြာတွင် ဂတ်တူဆိုအား အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။
စပယ်လက်တီမှာ ၂၀၂၃ ခုနှစ် ဩဂုတ်လ၌ သုံးနှစ်စာချုပ်ဖြင့် အီတလီအသင်းအား စတင်ကိုင်တွယ်ခဲ့ခြင်း ဖြစ်သော်လည်း ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ရလဒ်များဆိုးရွားခဲ့သလို ယခုလအစောပိုင်းက နော်ဝေအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖွင့်ပွဲစဉ်၌ ၀-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြအဖြစ်မှ နုတ်ထွက်သွားခြင်းဖြစ်သည်။
အသက် ၄၇ နှစ်အရွယ် ဂတ်တူဆိုမှာ ကစားသမားဘဝကို အေစီမီလန်အသင်း၌သာ အဓိကကုန်ဆုံးခဲ့ပြီး အေစီမီလန်အသင်း စီးရီးအေဆုဖလားနှစ်ကြိမ်၊ ချန်ပီယံလိဂ်ဆုဖလားနှစ်ကြိမ် ရရှိနိုင်အောင် ကူညီစွမ်းဆောင်ပေးခဲ့သည်။ ထို့အတူ ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားချန်ပီယံ အီတလီအသင်းတွင်လည်း ဂတ်တူဆို ပါဝင်ခဲ့သည်။
၎င်းအနေဖြင့် ၂၀၁၃ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့ပြီးနောက် အေစီမီလန်၊ နာပိုလီ၊ ဗလင်စီယာ၊ မာဆေးလ် စသော ကလပ်အသင်းများတွင် နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး လတ်တလောအနေဖြင့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ၌ ခရိုအေးရှားကလပ် Hajduk Split အသင်းကို ကိုင်တွယ်ခဲ့ကြောင်း သိရသည်။
…..
— Queen’s Club Championships တင်းနစ်ပြိုင်ပွဲတွင် ဂျာမန်တင်းနစ်မယ် မာရီယာ အနိုင်ရဗိုလ်စွဲ
ဇွန် ၁၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် Queen’s Club Championships တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် လက်ရည်စစ်ပွဲမှတစ်ဆင့် ဝင်ခွင့်ရခဲ့သည့် ဂျာမန်တင်းနစ်မယ် တာတီယာနာ မာရီယာက ကမ္ဘာ့အဆင့်-၁၅ အမေရိကန်တင်းနစ်မယ် အာမန်ဒါ အန်နစ်ဆီမိုဗာအား ၆-၃၊ ၆-၄ ဖြင့် အနိုင်ယူကာ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။
WTA 500 ပြိုင်ပွဲအမျိုးအစားဖြစ်သည့် အဆိုပါပြိုင်ပွဲ၌ လက်ရည်စစ်ပွဲနှစ်ပွဲကို ကျော်ဖြတ်ပြီးမှသာ ပြိုင်ပွဲဝင်ခွင့်ရခဲ့သည့် အသက် ၃၇ နှစ်အရွယ် မာရီယာမှာ ယူအက်စ်အိုးပင်း၌ ဒုတိယရရှိဖူးသူ လေလာ ဖာနန်ဒက်ဇ်၊ ပြင်သစ်အိုးပင်း၌ ဒုတိယရရှိဖူးသူ ကာရိုလီနာ မူချိုဗာ၊ ဝင်ဘယ်ဒန်အိုးပင်း ချန်ပီယံဟောင်း အယ်လီနာ ရီဘာကီနာ၊ ဩစတြေးလျအိုးပင်း လက်ရှိချန်ပီယံ မက်ဒီဆင်ကီးစ်တို့ကို ဆက်တိုက်အနိုင်ယူ၍ ဗိုလ်လုပွဲသို့ တက်ရောက်လာခဲ့ခြင်းဖြစ်သည်။
Queen’s Club အမျိုးသမီး တင်းနစ်ပြိုင်ပွဲအား နှစ် ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်းဖြစ်ကာ အမျိုးသား တင်းနစ်ပြိုင်ပွဲကိုမူ ဇွန် ၁၆ ရက်၌ စတင်ဖွင့်လှစ်မည်ဖြစ်သည်။ စပိန်တင်းနစ်ကစားသမား ကားလို့စ် အယ်လ်ကာရက်ဇ် (ဆီဒင်-၁) မှာ ယခုရာသီ၌ ၎င်းအတွက် ပထမဆုံး မြက်ခင်းကွင်းပွဲစဉ်အဖြစ် တစ်နိုင်ငံတည်းသားဖြစ်သူ အလီဟန်ဒရို ဒါဗီဒိုဗစ် ဖော်ကီနာနှင့် ဇွန် ၁၇ ရက်၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
…..
— တရုတ်အမျိုးသား ဘော်လီဘောအသင်းမှာ ကြီးမားသော အလားအလာရှိနေဟု ကမ္ဘာ့ဘော်လီဘောအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြော
တရုတ်နိုင်ငံ ရှီးအန်းမြို့တွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် ဘော်လီဘော နေးရှင်းစ်လိဂ် (VNL) ပြိုင်ပွဲမှာ ဇွန် ၁၅ ရက်က ပြီးဆုံးသွားပြီဖြစ်ကာ ကမ္ဘာ့ဘော်လီဘောအဖွဲ့ချုပ် ဘုတ်အဖွဲ့ဝင်နှင့် အဖွဲ့ချုပ်တည်ထောင်သူ ဥက္ကဋ္ဌ ဖာနန်ဒို လီမာက တရုတ်အမျိုးသား ဘော်လီဘောအသင်း၏ အနာဂတ်အပေါ် အကောင်းမြင်လျက်ရှိပြီး အိုလံပစ်ပြိုင်ပွဲအဆင့်သို့ တစ်ကျော့ပြန်ရောက်ရှိလာရန် လက်တစ်ကမ်းသာ လိုတော့သည်ဟု ပြောကြားခဲ့သည်။
“တချို့တွေရဲ့အမြင်မှာ တရုတ်အသင်းက အံ့အားသင့်စရာ ဖြစ်နေနိုင်ပေမဲ့ ကျွန်တော်တို့ကတော့ မအံ့ဩမိပါဘူး။ တရုတ်အမျိုးသား ဘော်လီဘောအသင်းဟာ ကမ္ဘာ့အဆင့် ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ပြီး အောင်မြင်မှုတွေရယူနိုင်တဲ့ ကြီးမားတဲ့ အလားအလာရှိတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု လီမာက ဆိုသည်။ (Xinhua)
…………………………………………………………………………………………..
(English Version)
PSG crushes Atletico Madrid in their Club World Cup opening game
Recently crowned Champions League winners Paris Saint-Germain opened their Club World Cup campaign with a commanding 4-0 victory over Atletico Madrid at the Rose Bowl in Pasadena on Sunday.
The French side dominated the first half, and although Atletico improved slightly after the break, they created just one clear chance – which they missed – before PSG sealed the win in the closing minutes.
“We had the objective of making history this season, but this is a new chapter,” PSG coach Luis Enrique said after the match.
Khvicha Kvaratskhelia posed a constant threat down the left and forced Atletico goalkeeper Jan Oblak into an early save before Fabian Ruiz broke the deadlock in the 19th minute.
The PSG keeper launched a rapid counterattack that ended with Vitinha doubling the lead, curling home a shot after being left unmarked.
Substitute Alexander Sorloth squandered a golden opportunity with 10 minutes remaining, firing over from four yards with the goal wide open. PSG then made it 3-0 in the 87th minute as Senny Mayulu turned and scored after Atletico failed to clear a cross.
There was still time for a fourth, with Kang-In Lee converting a penalty in stoppage time after Robin le Normand handled a shot inside the box.
…..
Gattuso named Italy coach following Spalletti’s exit
Former AC Milan midfielder Gennaro Gattuso has been appointed head coach of Italy’s national football team, the Italian Football Federation (FIGC) confirmed Sunday, just days after Luciano Spalletti’s departure.
Spalletti had taken charge of the Azzurri in August 2023 on a reported three-year deal, but resigned following a disappointing Euro 2024 campaign and a 3-0 loss to Norway in Italy’s opening 2026 World Cup qualifier earlier this month.
Gattuso, 47, spent the majority of his playing career with AC Milan, where he helped the Rossoneri to two Serie A titles and two UEFA Champions League crowns. He was also part of Italy’s 2006 World Cup-winning squad.
Since hanging up his boots in 2013, Gattuso has coached the likes of AC Milan, Napoli, Valencia and Marseille, and most recently spent the 2024/25 at the helm of Croatian side Hajduk Split.
…..
German qualifier Maria triumphs at Queen’s club
German qualifier Tatjana Maria defeated American world No. 15 Amanda Anisimova 6-3, 6-4 to be crowned at the Queen’s Club Championships here on Sunday.
After winning two qualifying matches to reach the main draw of the WTA 500 event, 37-year-old Maria outplayed former US Open runner-up Leylah Fernandez, former French Open runner-up Karolina Muchova, former Wimbledon champion Elena Rybakina and reigning Australian Open champion Madison Keys in a row to reach the final.
Women’s tournament was held at the Queen’s club for the first time in over 50 years while the men’s tournament is going to be unveiled next Monday. Top seed Carlos Alcaraz is drawn to face his Spanish compatriot Alejandro Davidovic Fokina in his first match on the grass this season on Tuesday.
…..
China men’s volleyball team has huge potential, says founding Chair of Volleyball World
As the Xi’an leg of the 2025 Volleyball Nations League (VNL) wrapped up on Sunday, Volleyball World Board member and founding Chair Fernando Lima expressed optimism about the future of the Chinese men’s team, saying their return to the Olympic stage is within reach.
“I think for some people, the Chinese team may have been a surprise, but not for us,” Lima said. “We believe China’s men’s volleyball has huge potential to compete successfully on the global stage.”